လူသိနည်းသောခွေးနိမိတ်နှင့်အခြားနိမိတ်များ

Astrology
လူသိနည်းသောခွေးနိမိတ်နှင့်အခြားနိမိတ်များ

၁။ သမီးရည်းစား လင်မယား နှစ်ယောက် တွဲလျှောက်နေတဲ့ကြား ခွေးဖြတ်၀င်ရင် အဲဒီအတွဲ မကြာခင် ရန်ထ’သတ်တတ်ပါတယ် ။

၂။ မိန်းကလေးတွေ ခြေထောက်ကြား ခွေးဖြတ်တိုးရင် သူ့ကို မကြာခင် အဖေ ဆူမလား ၊ လင် ရိုက်မလား တစ်ခုခုပါပဲ ။

၃။ မွေးစကလေးကို ခွေး လျှာနဲ့ လျှက်သွားရင် အဲဒီကလေး ဆေးစွမ်းပါတယ် ။ ( နေမကောင်းရင် အဲဒီကလေးကို ဆေးတိုက်ခိုင်းပါ ။ )

၄။ ပျောက်ခဲတဲ့ အနာကို ခွေး လျှာနဲ့ လာလျှက်ပေးရင်း ဆေးကုပေးတာပါ ။ မကြာခင် ပျောက်သွားတတ်ပါတယ် ။

၅။ အိမ်လာတဲ့ ဧည့်သည် ခွေး မျက်ခြေပြတ်မခံ ရန်စောင်နေရင် အဲ့ ဧည့်သည် အကြံဆိုးကြီးနဲ့ လာလို့ပါ ။ သတိထားပါ ။

၆။ ဘာမှမရှိတဲ့နေရာ ခွေး စူးစူးစိုက်စိုက် ကြည့်နေရင် နာနာဘာ၀ တွေ့လို့ပါ ။ လှုပ်တာနဲ့ သူ့ဘက်မလာအောင် ထဟောင်ပါလိမ့်မယ် ။

၇။ ဘယ်ခြေနဲ့ ခွေးချေး နင်းမိရင် ကံကောင်းတတ်ပြီး ညာခြေနဲ့ နင်းမိရင်တော့ ကံဆိုးတတ်ပါတယ် ။

၈။ ခွေးလေခွေးလွင့် အိမ်အထိ တကောက်ကောက် လိုက်လာရင် အကျိုးပေးပါတယ် ။ မွေးထားပါ ။ ခွေးနက်ဆို ပို ကောင်းပါတယ် ။
(မိုးရွာထဲမှာ ခွေး ကိုယ့်နောက် လိုက်လာရင် အလိုက်မခံပါနဲ့ ။ နိမိတ်မ‌ေကာင်းပါ ။)

၉။ ကိုယ်မသိတဲ့ ခွေးစိမ်း ခပ်တည်တည် အိမ်ပေါ်တက်လာရင် မိတ်ဆွေကောင်း မကြာခင် ရတတ်ပါတယ် ။

၁၀။ ခွေးတွေ ကျိုကျိုကြားကြား ပုန်းအိပ်နေရင် လေမိုး ပြင်းထန်တတ်ပါတယ် ။

၁၁။ ခွေးမြက်စားရင် မကြာခင် မိုးကျပါတော့မယ် ။

၁၂။ မကျန်းမာတဲ့သခင်အနား ခွေးလာကပ်တာ သူ အနှောင့်အယှက်မြင်လို့ စောင့်ပေးတာပါ ။ မောင်းမထုတ်ပါနဲ့ ။

၁၃။ လူမမာရှိတဲ့ အိမ်ကို လမ်းကခွေးတွေ မောင်းမရအောင် ဝိုင်း ဟောင်းနေရင် အဲဒီလူမမာ အထူး ဂရုစိုက်ပါ ။

၁၄။ ကိုယ့်ခြံထဲမှာ ခွေး တွင်းနက်နက် တူးရင် အတူးမခံပါနဲ့ ။ လူသေတတ်ပါတယ် ။

၁၅။ တစ်ကိုယ်လုံးမှာ ထိပ်ပဲ ကွက်ဖြူနေရင် အိမ်ပြောင်းတောင် အဲဒီခွေး အပါ ခေါ်သွားပါ ။ ဘယ်နေရာ ရောက်ရောက် အဆင်ပြေပါတယ် ။

၁၆။ မနက်စောစော ကိုယ့်ကို ခွေးဟောင်ခံရရင် အဲဒီနေ့ အတွက်တော့ ကံမကောင်းတော့ပါဘူး ။

၁၇။ ည အပြင်ထွက်တုန်း ကိုယ့်ရှေ့ ခွေးမဲဖြတ်ပြေးရင် အန္တရာယ်တစ်ခုခု ကြုံတတ်ပါတယ် ။ သတိနဲ့ သွားပါ။

၁၈။ ညမှောင်မှောင်မှာ ခွေးမဲ ကြောင်မဲ လုံး၀ လိုက်မရိုက်ပါနဲ့ ။ ကံဆိုးခြင်းတွေ ကိုယ့်ဆီ ရောက်လာတတ်ပါတယ်။

၁၉။ အိပ်မက်ထဲ ခွေးလိုက်လို့ ပြေးရရင် သင် ပူပန်နေတဲ့ ပြဿနာတွေ မကြာခင် ပြီးသွားပါတော့မယ် ။

၂၀။ အိပ်မက်ထဲ ခွေးကိုက်ခံရရင် သင့်ကို မကျေနပ်သူ ရှိနေလို့ပါ ။ အုပ်လိုက်ဝိုင်းဆွဲ ခံရရင်တော့ အလုပ်ထဲကလူတွေ သတိထားပါတော့ ။

၂၁။ ခွေး အိမ်နံရံ လာကုတ်ရင် သတိထားကြ ။
သူခိုးလာလိမ့်မယ်တဲ့ ။

၂၂။ ခွေး နေကို ကြည့်ဟောင်နေရင်
မီးလန့်တတ်ပါတယ် ။
နင် မပူနဲ့တော့တဲ့ ဒီမှာ လောင်တော့မယ်တဲ့ ။

၂၃။ အိမ့် ခေါင်ပေါ် ခွေးတက်ညဉ်းရင် အဲ့ဒီ
ပတ်၀န်းကျင်မှာ ကပ်ရောဂါ ကျတတ်ပါတယ် ။
စိတ်မကောင်းလိုက်တာဟယ်တဲ့ ။

၂၄။ အိမ်ကအထွက် ခွေး ဖိနပ်ချီလာတာမြင်ရင်
အဲဒီနေ့အလုပ်မှာ စိတ်မောလူမော ဖြစ်ရတတ်ပါတယ် ။

၂၅။ ခွေး အ၀တ်ချီလာတာမြင်ရင်
အဲဒီနေ့ အလုပ်အကိုင် ကံမကောင်းပါဘူး ။

၂၆။ ခွေး အရိုးခြောက် ချီလာတာ‌မြင်ရင်
အဲ့နေ့ အလုပ်က တွက်ခြေမကိုက်ပါဘူး ။
ငါ့လို မရ ရတာ ချီလာနော်တဲ့ ။

၂၇။ ခွေး သူ့နားရွက် သူ ပြန်ကုတ်နေတာမြင်ရင်
လုပ်နေတဲ့ အလုပ် လက်စမပြတ်ပါဘူး ။

၂၈။ကျီးကန်းက ပစ္စည်းတစ်ခုခုချီလာတာမြင်ရင်
အဆိုးတစ်ခုခု ကြုံတတ်ပါတယ် ။
ဆုံးရှုံးတာ ဖြစ်ဖို့များပါတယ် ။

၂၉။ အိမ်အ၀င်မှာ နှာချေရင် မကောင်းပါဘူး ။
ပြန်ထွက်ပြီးမှ ပြန်၀င်ခိုင်းပါ ။

၃၀။ လှောင်အိမ်ထဲက ကြက်တူရွေး
အသံမထွက်တော့ဘဲ နောက်ဘက်လှည့်နေရင်
သူခိုးလာတော့မယ်။ သူ ကြောက်လို့တဲ့ ။

၃၁။ အိမ်ပေါ်က အဆင်း ခြေချော်ကျရင်
ဒီနေ့ ဘာလုပ်လုပ် အခက်အခဲဖြစ်မယ်
သတိနဲ့ လုပ်ပါတဲ့ ။

၃၂။ ဆိုင်သစ်တစ်ခု စစဖွင့်ချင်း
သူတောင်းစား ၀င်တောင်းရင်
အဲ့ဆိုင် အရှုံးပေါ်တတ်ပါတယ် ။

၃၃။ ပြတင်းပေါက်မှန်
အလိုလိုကွဲရင် မကောင်းပါဘူး။
အတိုက်အခိုက်ရှိတယ် သတိထားပါ ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...