ဝါဆိုလအတွက် အကောင်းဆုံးယတြာ
ဝါဆိုလဆန်း(၁)ရက်နေ့ (6.7.2024) မှ ဝါဆိုလကွယ်(4.8.2024)အထိ တစ်လတာလုံး
“ဖန်ခွက်အကြည်ထဲတွင် #နှင်းဆီပန်း(၅)ပွင့် နှင့်
ဧဟိလာဘံ ဟူ၍ ရေးထားသည့် #သရက်ရွက် ကို
ထောင်၍ထည့်ထားပါ။ရေသန့်လည်းဖြည့်ရမည်။
ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍မြတ်စွာဘုရားရှင်အား ရိုသေစွာ လှူဒါန်းပေး
ထားရပါမည်။
ယခုလတစ်လတာတွင် #ဇီးဖျော်ရည်တစ်ခွက်ကို
နေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်း မိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစားနေရမည်။
ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။
*နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*
ဣတိပိသောဘဂဝါ သုဂတော=၁၀ခေါက်
ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ=၈ခေါက်
ဣတိပိသောဘဂဝါ သတ္တာဒေဝမနုဿာနံ=၂၁ခေါက်
#ါဆိုလနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ
တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အနောက်ရပ်
ကြာသပတေးနေ့=အရှေ့ရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်
အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်း
အရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။
ဆုတောင်းစာ
“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး
ယခုဝါဆိုလတစ်လတာတွင် ကိုယ်ရောကျန်းမာ၊
စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး
ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်၍
စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”
ဤယတြာအစီအရင်ကို ၃ရက်လျှင် တစ်ကြိမ်
အထက်ပါနည်းအတိုင်း သတိတရလေးနှင့်
တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့်
ယခုဝါဆိုလအတွင်း ကံကောင်းခြင်းများ
ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။
ဤယတွာကို ယခုဝါဆိုလ တစျလတာလုံး၌
မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်
ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု ဝါဆိုလတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များကင်းဝေးစေ၍
စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။
ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင်ဆရာပေါက်ကျိုင်း
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။