အချစ်ရေးအတွက် ဂဏန်းဗေဒင်

Astrology
အချစ်ရေးအတွက် ဂဏန်းဗေဒင်

” ၁ ” ဂဏန်းသမားများ ( ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်မွေးဖွားသူများ )

“၁” ဂဏန်းသမားတွေက အချစ်ရေး၊ မေတ္တာရေးမှာ အရှုံးပေးတတ်သူမျိုး မဟုတ်ပါဘူး။ သူတို့တွေဟာ အိမ်ထောင်ရေးမှာဆိုရင် ငယ်ငယ်တည်းက ချစ်လာတဲ့ ချစ်သူတွေကိုပဲ လက်ထပ်ဖို့အထိ တွေးကြတယ်။ သာမန်ထက် ထူးခြားတဲ့ အရည်အသွေးရှိတဲ့ လူတွေနဲ့ တွေ့ဆုံရတတ်တယ်။ စိတ်ခံစားမှုထက် ပိုပြီး လက်တွေ့ကျတယ်။ ဖြူစင်သန့်ရှင်းတဲ့ အလှတရားကို နှစ်သက်ကြတယ်။ အချိန်အတော်ကြာ ဘယ်သူ့ကိုမှ မချစ်ဘဲ တစ်ယောက်တည်း နေနိုင်သလို ဘယ်သူနဲ့မှလဲ အပေါင်းအသင်းမလုပ်ဘဲလည်း နေနိုင်ပါတယ်။ အချစ်ရေးမှာ သစ္စာရှိသူတွေဖြစ်ပြီး သူတို့ရဲ့ ဘဝလက်တွဲဖော်ကိုလည်း ချစ်ခြင်းမေတ္တာတွေနဲ့ပဲ လွှမ်းမိုးထားလေ့ရှိပါတယ်။

“၂” ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉ ရက်မွေးဖွားသူများ )

“၂” ဂဏန်းသမားတွေက အချစ်ရေးမှာ အထိခိုက် မခံနိုင်လောက်အောင် နူးညံ့လွန်းပါတယ်။ သူတို့က သူတို့ရဲ့ ဘဝလက်တွဲဖော်နဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုရှိတယ်လို့ ယုံကြည်ကြတယ်။ စိတ်အပြောင်းအလဲမြန်တဲ့ သူတွေဖြစ်တဲ့အတွက် ကိုယ်ကစိတ်တည်ငြိမ်ပြီး သူတို့အပေါ် သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။

“၂” ဂဏန်းသမားတွေဟာ ကာမဂုဏ်ကို နှစ်ခြိုက်ပျော်မွေ့တတ်ပေမဲ့ သူတို့ရဲ့ ဘဝလက်တွဲဖော်ကိုတော့ ဆန္ဒကို ရှေ့တန်းတင် ရွေးချယ်လေ့ မရှိပါဘူး။ တကယ့် ချစ်ခြင်းမေတ္တာကိုသာ ဦးစားပေးလေ့ ရှိကြပါတယ်။ သူတို့အပေါ် အကောင်းဆုံး နားလည်မှုပေးနိုင်တဲ့ ဘဝလက်တွဲဖော်ကိုပဲ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်တတ်ကြတယ်။ နှလုံးသားရဲ့ စေညွှန်ရာအတိုင်း လုပ်ဆောင်တတ်ကြပါတယ်။

” ၃ ” ဂဏန်းသမားများ ( ၃၊ ၁၂၊ ၂၁၊ ၃၀ ရက်မွေးဖွားသူများ )

“၃” ဂဏန်းသမားတွေရဲ့ အချစ်ရေးကတော့ “၁” ဂဏန်းသမားတွေနဲ့ ဆင်တူပါတယ်။ သူတို့တွေဟာ ဘဝလက်တွဲဖော် ရွေးချယ်တဲ့ အခါမှာ နှလုံးသားကို ဦးစားမပေးတတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာတော့ အကောင်းဆုံး ဖြစ်ချင်ကြတယ်။

သူတို့တွေဟာ အခြားဂဏန်းတွေဖြစ်တဲ့ ၂၊ ၆၊ ၇ နဲ့ ၈ တို့လို စိတ်ကူးယဉ်ဆန်ဆန် မချစ်တတ်ပါဘူး။ အချစ်ရေးမှာ အချိန်ကုန်ရတာထက် သူတို့နှစ်သက်တဲ့ အလုပ်မှာ အချိန်ကုန်ရတာကို ပိုနှစ်သက်ကြတယ်။ သူတို့လေးတွေဟာ သူတို့ရဲ့ ဘဝလက်တွဲဖော်အပေါ်မှာ အနိုင်ယူချင်စိတ် ရှိကြတယ်။

” ၄ ” ဂဏန်းသမားများ ( ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်မွေးဖွားသူများ )

“၄” ဂဏန်းသမားတွေဟာ လူတွေမသိနိုင်တဲ့ သမားရိုးကျမဟုတ်တဲ့ ထူးဆန်းတဲ့အရာတွေကို ပိုင်ဆိုင်ထားတတ်ကြတယ်။ သူတို့ဟာ စိတ်ကူးယဉ်ဆန်ဆန် မချစ်တတ်ကြပါဘူး။ သူတို့တွေဟာ အိမ်ထောင်ရေး အပြင်ဘက်မှာလည်း လိင်ပိုင်းဆိုင်ရာ သာယာပျော်ရွှင်မှုကို ရှာတတ်ကြတယ်။ “၄” ဂဏန်းသမား အားလုံးကို ဆိုလိုခြင်း မဟုတ်ပါဘူး။ တချို့သော သူတွေဟာ သစ္စာရှိကြပြီး သူတို့ရဲ့ ဘဝလက်တွဲဖော်ကို သူတို့ အပေါ် အနိုင်ယူခွင့် လွှမ်းမိုးခွင့် ပေးထားတတ်ကြပါတယ်။

လက်တွဲဖော်အပေါ်မှာ စိတ်နှစ်မြှုပ်လိုက်ပြီဆိုရင် တခြားသူများကို လုံးဝစိတ်ဝင်စားခြင်း မရှိတော့ပါဘူး။ သူတို့တွေဟာ စိတ်ဒေါသထွက်လွယ်တဲ့ အတွက်ကြောင့် အချစ်ရေးမှာ အဆုံးသတ်မလှတတ်ကြပါဘူး။ အချစ်တစ်ခုကို တည်မြဲဖို့ တည်ဆောက်တဲ့အခါ ကံမကောင်းတတ်တာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

” ၅ ” ဂဏန်းသမားများ ( ၅၊ ၁၄၊ ၂၃ ရက်မွေးဖွားသူများ )

“၅” ဂဏန်းသမားတွေဟာ ပြီးပြည့်စုံတဲ့ လက်တွဲဖော်ကိုပဲ လိုချင်တဲ့အတွက် ရွေးချယ်လွန်းလို့ သူတို့ကို လူတွေက လူရှုပ်လူပွေလို့ ထင်တက်ကြတယ်။ သူတို့တွေဟာ စိတ်အပြောင်းအလဲ အလွန်မြန်တဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့တွေရဲ့ ပြောင်းလဲမှု အနောက်ကိုလည်း အကောင်းမွန်ဆုံး လိုက်တတ်ကြတယ်။ သူတို့ရဲ့ လက်တွဲဖော်အပေါ်မှာလည်း ငြီးငွေ့လွယ်ကြတယ်။ ဒါပေမဲ့လည်း သူတို့ဟာ ချစ်တတ်ဖို့ကို အမြဲ ကြိုးစားနေသူတွေလည်း ဖြစ်ပါတယ်။ အချစ်ရေးမှာ ဆန္ဒကို ဦးစားပေးတတ်ပါတယ်။

စိတ်အပြောင်းအလဲမြန်တဲ့ သူတွေဖြစ်တဲ့အတွက် စိတ်တည်ငြိမ်ပြီး သူတို့အပေါ် သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။ အချစ်ရေးအတွက် အသင့်တော်ဆုံးကတော့ “၈” ဂဏန်းသမားတွေပါပဲ။ (၅) ဂဏန်းသမားတွေကတော့ အချစ်ရေးမှာ သိပ်စိတ်လှုပ်ရှား‌လေ့ မရှိဘူး၊ အချစ်နဲ့ ပတ်သက်ရင် သိပ် serious မဖြစ်ဘူးပေါ့။ ဒါပေမဲ့ RS တခု တည်ဆောက်တော့မယ်၊ အိမ်ထောင်ပြုတော့မယ်ဆိုရင်တော့ သေချာစဉ်းစားပြီး အသေးစိတ် ဆုံးဖြတ်ချက် ချလေ့ရှိတဲ့ သူတွေပဲဖြစ်ပါတယ်။

” ၆ ” ဂဏန်းသမားများ ( ၆၊ ၁၅၊ ၂၄ ရက်မွေးဖွားသူများ )

“၆” ဂဏန်းသမားတွေဟာ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ ကမ္ဘာဂြိုလ်လို့ လူသိများတဲ့ ဗီးနပ်စ်နံပါတ်ပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ အချစ်ရေးနဲ့ ပတ်သတ်ရင်တော့ သံလိုက်တစ်ခုလိုပဲ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ သူတွေဖြစ်တယ်။ သူတို့ဟာ အချစ်ရေးမှာ သိပ်ကို စိတ်လှုပ်ရှားလွယ်ကြတယ်၊ serious ဖြစ်လွန်းတယ်လို့ ပြောလို့ရပါတယ်။ အခြားသူတွေအပေါ်လည်း အလွန်ခြယ်လှယ်နိုင်တယ်လို့ ဆိုပါတယ်။

သူတို့အတွက်တော့ အချစ်ရေးဟာ သိပ်အရေးကြီးတဲ့ စိတ်ခံစားချက်တစ်ခုလို့ ယုံကြည်ကြတယ်။ သူတို့တွေဟာ “၂” ဂဏန်းသမားတွေလိုပဲ၊ သူတို့ရဲ့ ဘဝလက်တွဲဖော်ကိုတော့ ဆန္ဒကို ရှေ့တန်းတင် ရွေးချယ်လေ့ မရှိပါဘူး။ သူတို့ဟာ နှစ်လိုဖွယ်ကောင်းတဲ့ အပြုအမှုလေးတွေရှိကြောင့် ဆန့်ကျင်ဘက်လိင်တွေရဲ့ သဘောကျခြင်း၊ ဝန်းရံခြင်းကို ခံရတတ်ပါတယ်။။ ဒါကြောင့်ပဲ တခြားသူတွေက မနာလိုဖြစ်တတ်ကြတာပေါ့။

” ၇ ” ဂဏန်းသမားများ ( ၇၊ ၁၆၊ ၂၅ ရက်မွေးဖွားသူများ )

“၇” ဂဏန်းသမားတွေဟာ အတွေးသမားများ၊ စိတ်ကူးယဉ်သမားများ ဖြစ်ကြတဲ့အတွက် စကားနည်းကြပါတယ်။ ဒါပေမဲ့ သူတို့တွေကို မချစ်တတ်ဘူး၊ အနေအေးဆေးတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ (၇) ဟာ ဉာဏ်ပညာကို ကိုယ်စားပြုတဲ့အလျောက် (၂) ဂဏန်းသမားတွေရဲ့ အရည်အသွေး တချိုနဲ့လည်း ဆင်တူတာတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း (၇) နဲ့ (၂) ဟာ အလိုက်ဖက်ဆုံး ကိန်းဂဏန်းပိုင်ရှင်တွေ ဖြစ်တတ်ကြတယ်။

သူတို့တွေဟာ စိတ်ကူးယဉ်သမားတွေ ဖြစ်တဲ့အတွက် သူတို့တွေရဲ့ စိတ်က အလွန်ကို ထက်သန်ပါတယ်။ “၂” ဂဏန်းသမားတွေလို သူတို့ရဲ့ ဘဝလက်တွဲဖော်နဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုရှိတယ်လို့ ယုံကြည်ထားကြတယ်။ သူတို့တွေရဲ့ လက်တွဲဖော်က နာကျင်မှုတွေပဲ ပေးနေရင်တောင် သူတို့ရဲ့ လက်တွဲဖော် အပေါ်မှာ သစ္စာရှိပြီး ချစ်ပေးတတ်ကြတယ်။ အချစ်ရေးမှာ သူတို့ရဲ့ အတွေးလွန်မှုတွေကြောင့် ပြဿနာသေးသေးလေးတွေကနေ အကြီးကြီးတွေ ဖြစ်သွားတတ်ပါတယ်။ “၇” ဂဏန်းသမားတွေဟာ လက်တွဲဖော်နဲ့ မကြာခဏ နားလည်မှု လွဲတတ်တဲ့အတွက်ကြောင့် အချစ်တစ်ခုကို သေချာတည်ဆောက်ဖို့ လိုအပ်ပါတယ်။

“၈” ဂဏန်းသမားများ ( ၈၊ ၁၇၊ ၂၆ ရက်မွေးဖွားသူများ )

“၈” ဂဏန်းသမားတွေဟာ စိတ်ခံစားလွယ်ကြပေမဲ့ စိတ်ဓာတ်ကြံ့ခိုင် သူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝလက်တွဲဖော်က သူ့အပေါ်မှာ ဘယ်လောက်ပဲ နာကျင်အောင် ပြုလုပ်ပါစေ သူတို့တွေဟာ သစ္စာရှိကြသူတွေ ဖြစ်နေတတ်ပါတယ်။ “၈” ဂဏန်းသမား အမျိုးသမီးအများစုကတော့ အိမ်ထောင်ရေးမှာ ဒုက္ခတွေကို အမျိုးသားတွေထက် ပိုမိုခံစားရတတ်ပါတယ်။ အချစ်နဲ့ပတ်သတ်လာလျှင် လက်တွေ့မဆန်တတ်ကြပါဘူး၊ နှလုံးသားရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာတတ်ကြပါတယ်။

သူတို့တွေဟာ တစ်စုံတစ်ယောက်ကိုချစ်ဖို့ အချိန်အကြာကြီး ယူတတ်ကြပါတယ်၊ ချစ်မိပြီဆိုရင်တော့ အချစ်မျက်ကန်းလေးတွေ ဖြစ်သွားတတ်ကြပါတယ်။ “၈” ဂဏန်းသမားနှင့် “၄” ဂဏန်းသမားများဟာ လုပ်ဖော်ကိုင်ဖက် အနေနဲ့ ကိုက်ညီတဲ့ နေ့နံတွေ ဖြစ်ကြပေမဲ့၊ အိမ်ထောင်ရေးအတွက် ရာနှုန်းပြည့် သင့်တော်မှုမရှိတဲ့ နံပါတ်တွေ ဖြစ်ကြပါတယ်။

” ၉ ” ဂဏန်းသမားများ ( ၉၊ ၁၈၊ ၂၇ ရက်မွေးဖွားသူများ )

“၉” ဂဏန်းသမားတွေဟာ စိတ်ထိခိုက်လွယ်တယ်။ စိတ်ခံစားချက်များတယ်။ သူတို့က စိတ်ကူးယဉ်သမားတွေ၊ ရိုမန်တစ်ဆန်သူတွေ ဖြစ်နေတတ်ကြတယ်။ မကြာခဏလည်း ချစ်တတ်တဲ့ သူတွေပေါ့။ ဒါပေမဲ့၊ သူတို့အတွက် အချစ်စစ်နဲ့ တွေ့ပြီဆိုရင်တော့ သူတို့ဟာ ချစ်သူအပေါ်မှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်လိုက်တတ်ကြတယ်။ ကိုယ့်ရဲ့ ဘဝလက်တွဲဖော်၊ မိသားစုနဲ့ ပတ်သက်လာရင် Serious ဖြစ်ကြတယ်။

ကိုယ်က အေးအေးဆေးဆေး နေတတ်ပြီး သူငယ်ချင်းအများကြီး ထားလေ့မရှိဘူး။ (၉) ဟာ ဥာဏ်ပညာနဲ့ တာဝန်ယူတာဝန်နိုင်စွမ်းကို ကိုယ်စားပြုတဲ့အလျှောက် (၉) ဂဏန်းသမားတွေမှာ ဒီအရည်အချင်းတွေကို မြင်တွေ့နိုင်ပါတယ်။

ရေးသားသူ –crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...