အမြစ်အညွန့်မတွန့်စေရ ယတြာ

Astrology
အမြစ်အညွန့်မတွန့်စေရ ယတြာ

လူတယောက်ဟာ ကံတွေ ညံ့ပြီး ကျရှုံးတော့မယ်
ဆိုရင် အတ္တ,မာနတွေ ကြီးလာတတ်တယ်
ဒေါသ,လောဘ,မောဟတွေ ကြီးလာတတ်တယ်
ကိုယ်လုပ်တာမှ ကိုယ်အမှန်လို့ထင်လာမယ်
မိမိကိုယ်ကိုအထင်တွေကြီးလာမယ်
မိတ်ဆွေကောင်းတွေကိုခွာပြီး မြှောက်ပင့်ပေါင်း
တဲ့အပေါင်းအသင်းတွေကို ခုံမင်လာမယ်
သူတပါးရဲ့ကျေးဇူးတရားတွေကို လျစ်လျူရှု့ပြီး
ငါကံကြောင့်ဖြစ်တာ ငါလုပ်လို့ အောင်မြင်တာ
ငါမို့လုပ်နိုင်တာ ဆိုတဲ့အတွေးတွေ ဝင်လာမယ်
ဆုံးမစကားပြောတဲ့ ဆရာသမားမိတ်ဆွေတွေကို
အပြစ်မြင်လာမယ် လျှာရှည်လိုက်ကြတာ ငါ့လိုမှ
မဖြစ်ထွန်းပဲ ငါ့ကိုဆရာလာလုပ်နေကြသေးတယ်
ဆိုတဲ့ စိတ်တွေဖြစ်ပေါ်လာမယ်

ဒါဆို သေချာပါပြီ မကြာတော့တဲ့ကာလအပိုင်း
အခြားလေးအတွင်းမှာ ဒုက္ခတွေ့ပါတော့မယ်
ဒီလိုမျိုးတွေ မိမိရဲ့ စိတ်အတွေးမှာ ပေါ်နေပြီလား
လို့ ဆင်ခြင်ကြည့်ပါ ဆင်ခြင်လို့ရရင် ပြုပြင်ပါ

ကံပြင်တဲ့အနေနဲ့ ယတြာတခုတော့လုပ်ပေးပါ
သစ်ပင်တပင်မှာ အကြမ်းဖျင်း အားဖြင့်
ပင်စည်ရယ် အမြစ်ရယ် အညွန့်ရယ် ဆိုပြီးရှိပါတယ်
ရေသောက် မြစ်ကောင်းပါမှ ပင်စည်ဟာ ကြီးထွား
ရှင်သန်မှာ ဖြစ်သလို အညွန့်အလက်ဝေဖြာမှလည်း
အရိပ်အာဝါသကောင်းပြီး ခက်လက်ဝေစည်တဲ့
အပင်တပင် ဖြစ်လာမှာပါ

ဒါကြောင့် မိမိကိုယ်ကို ပင်စည်လို့သဘောထားပြီး
မကာရလောပအတုလဆရာတော်ခင်ကြီးဖျော်ရဲ့
အမြစ်အညွန့် မတွန့်စေရဆိုတာယတြာကိုပြုပေးပါ
မကာရလောပ (မသိတာမရှိဘူး,မတလုံးကြေ)
မကာရ ဆိုတာ=(မအက္ခရာ) မသိတာ
လောပ ဆိုတာ = ကျေပျောက်တာ,မရှိတာ

အမြစ်အညွန့်ဆိုတာ
မိမိမွေးနံရဲ့အောက် မှာရှိနေတဲ့နံဟာအမြစ်ပါ
မိမိမွေးနံရဲ့အထက်မှာရှိနေတဲ့နံဟာ အညွန့်ပါ
ဥပမာ တနင်္ဂနွေဆိုကြပါစို့
တနင်္ဂနွေရဲ့အောက် မှာ စနေရှိပါတယ်
တနင်္ဂနွေရဲ့အထက် မှာ တနင်္လာရှိပါတယ်
တနင်္ဂနွေရဲ့ အမြစ်နဲ့ အညွန့်ဟာ
စနေနဲ့တနင်္လာဖြစ်လို့ ဘုရားရှင်ကိုလှူတဲ့အခါ
နှစ်နံတွဲပန်းဖြစ်တဲ့ ဒန်းကြီးညွန့်ကိုလှူရပါမယ်

လွယ်ကူစေရန်အောက်ကပုံမှာ ပြထားသော
ဇယားအတိုင်း ပြုမူဆောင်ရွက်ကြလေ
(အချို့ကံညံ့ခြင်းများသည်လည်း တမျိုးတဖုံ
ရှိပါသေးသည် ဘာလုပ်လုပ်အဆင်မပြေ ကျန်းမာ
ရေးညံ့တာ အစရှိသည်ဖြင့်လည်းရှိပါသေးတယ်)

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...