အိပ်မက် များ ကို မှတ်မိဖို့။

Astrology
အိပ်မက် များ ကို မှတ်မိဖို့။

ပြောခဲ့သလိုပါဘဲ အိပ်မက်က ည တိုင်း မက်ပါတယ် မမှတ်မိတာ နဲ့ မှတ်မိတာ သာ ကွာပါတယ်။ ခုခေတ် မှာတော့ သိပ္ပံ နည်းကျ စမ်းသပ်လေ့လာတာ တွေ ရှိပါတယ်။
အိပ်မက်ကို မှတ်မိစေတဲ့ Music များလည်း YouTube မှာ ရှာ နိုင်ပါတယ်။
စိတ်ကြည်လင်စေတဲ့ ရနံ့ များ အိပ်ယာ နဘေး ထား ရှိခြင်း ကလည်း အိပ်မက်များ ကို မှတ်မိစေရန် အထောက်အကူ ပြုပါတယ်။

ရှေးဟောင်း နည်းတွေ ထဲ က တခုကတော့ dream catcher လို့ ခေါ်တဲ့ ရောင်စုံ လှပ တဲ့ အဝိုင်း လေး ကို အိပ်ယာ မှာ ချိတ်ဆွဲထားတာ ရ
ပါတယ်။
အိပ်မက်များ ကို မှတ်မိစေတဲ့ ဂါထာ မန္တန် များ လည်း ရှိပါတယ်။ အဲဒါတွေ ကို မအိပ်ခင် ရွတ်ဆို ခြင်း လည်းတချို့ သုံးကြပါတယ်။

ကိုယ် တိုင် သုံးနည်း ကတော့ ရိုးရှင်း လွယ်ကူ အလုပ်ဖြစ်ပါတယ်။
ကိုယ့် မိတ်ဆွေ များလည်း ဒီနည်း နဲ့ဘဲ အိပ်မက်များကို မှတ်မိလာကြပါတယ်။
မအိပ်ခင် မှာ သိချင်တဲ့ အကြောင်းအရာ ကို တွေး နေတာ အိပ်ပျော် သွား တဲ့ အထိပါ။
ကိုယ် တိုင် ကတော့ အကျင့် ရနေလို့ အဲဒီ ညဘဲ အိပ်မက် မက်လေ့ ရှိပါတယ်။
တချို့လည်း သုံ လေး ည ဆုတောင်းမှ အိပ်မက် ရကြပါတယ်။

ဉပမာ။ လျောက်ထားတဲ့ အလုပ် ရမလား …. မနက်ဖြန် လုပ်မယ့် ကိစ္စ အောင်မြင်မလား စသည်ဖြင့် စိတ်ထဲ သိချင်တာလေး တွေးရင်း အိပ် လိုက်တာပါဘဲ။
အထက်မှာ ပြော ခဲ့သလိုပါဘဲ အိပ်မက်ကတော့ မက်ပါတယ် မှတ်မိဖို့သာ လိုပါတယ်။
မိတ်ဆွေအားလုံး အိပ်မက်ကောင်းများ မက်နိုင်ကြပါစေ။

credit from Myat Htay Kyi Munthe

ရေးသားသူ – CRd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...