Taxi မောင်းသူများ အဆင်ပြေအောင်

Astrology
Taxi မောင်းသူများ အဆင်ပြေအောင်

ကားအငှားမောင်းတဲ့သူတော်တော်များများက ကျွန်တော့်ကို ရေးပေးပါလို့ တောင်းဆိုနေကြလို့ ဒီပို့စ်လေးကို ရေးပေးလိုက်ပါတယ်။
တစ်ရက် ကျွန်တော်မနက်စောစော လမ်းလျှောက်ကအပြန်မှာ ကားမောင်းတဲ့သူတစ်ယောက်နဲ့တွေ့ပါတယ်။
သူက ကျွန်တော့်ကို ဗေဒင်ဆရာမှန်းသိပါတယ်။
ဗေဒင်မေးချင်သူအတော်များများကို သူက လိုက်ပို့ဖူးလို့ သိနေတာပါ။
သူ-“ဟာ ဆရာ!လမ်းလျှောက်နေတာလား”
ကျွန်တော်-“ဟုက်ကဲ့!အရမ်းဝလာလို့ပါ!ဝတာ မကောင်းဘူးဗျို့”
သူ-“ဟုတ်တယ်ဆရာ!ဝရင် ရောဂါများတယ်”
ကျွန်တော်-“ဘယ်လိုလည်း?အဆင်ပြေလား?”
သူ-“မပြေပါဘူးဆရာရယ်!ကားက ကိုယ်ပိုင်မဟုက်တော့ ပိုဆိုးတာပေါ့!အဆင်ပြေအောင် ဘယ်လိုလုပ်ရမလည်း?တွေ့တုန်းလေး ကူညီခဲ့ပါဦး”
ကျွန်တော်-“အင်းးး ကူညီရမှာပေါ့ဗျာ!အခုခင်ဗျားပုတီးစိတ်နေတာက ကားနောက်ခန်းမှာထိုင်စိတ်နေတာကိုက မှားနေတယ်ဗျ!ခေါင်းခန်းမှာထိုင်စိတ်ရတယ်!ခေါင်းခန်းဆိုတာက မင်္ဂလာရှိတဲ့နေရာဗျ!နောက်ခန်းမှာစိတ်လည်းကုသိုလ်တော့ရမှာပါ!လာဘ်ကတော့ ရှေ့ခန်းမှာစိတ်မှပွင့်မှာဘဲ!အခု ဘယ်ဂါထာကို စိတ်နေတာလည်း?”
သူ-“ကျွန်တော်ကတော့ ကိုးနဝင်းကိုစိတ်နေတာပါ”

ကျွန်တော်-“ကောင်းတာပေါ့!ဘယ်နှခါအောင်ပြီးပြီလည်း?”
သူ-“လုပ်လိုက်ပျက်လိုက်ပါဘဲဆရာ”
ကျွန်တော်-“ကျွန်တော်ပြောတာကို စိတ်မလား?”
သူ-“ဟုက်ကဲ့ စိတ်မယ်ဆရာ”
ကျွန်တော်-“ယတြာရောလုပ်မလား?”
သူ-“ဟုက်ကဲ့”

ကျွန်တော်-“မနက်ကို ကားမထွက်ခင် အိမ်ဘုရားမှာ ဗယာကြော်၅ခုကို ပန်းကန်ပြားမှာထည့်ပြီး ဘုရားလှူ ပြီး ဘေးကင်းအောင်!အဆင်ပြေအောင် ဆုတောင်းရမယ်!
ပြီးရင် ကားခေါင်းခန်းမှာထိုင်ပြီး ‘အရဟံ’-၉-ပါတ်စိတ်ရမယ်!
ပြီးရင်’ဗုဒ္ဓေါအောင်ပြီ’-၁-ပါတ်စိတ်ရမယ်!

အဲဒါတွေပြီးမှ ကားကို စပြီးမောင်းပါ!
လာဘ်တွေအများကြီးပွင့်ရမယ်!ဆရာ ရဲရဲကြီးအာမခံပါတယ်!ကားမဆွဲရေသးဘဲ အားတဲ့အချိန်တွေမှာတော့ အခုနက ကားဆရာပြောသလို ကိုးနဝင်းတို့ အခြားဘုရားစာတွေရွတ်ပါ!ကားဆရာတွေမှားနေတဲ့ အကြီးဆုံးအမှားက ဘာလည်းဆိုတော့ ကားပေါ်မှာ ထိုင်ပြီး ဆဲနေကြတာက မှားနေတာဘဲ!မဆဲရဘူး!
အားလုံးကိုတော့မစွတ်ဆွဲလိုပါဘူး!ဒါပေမယ့်အတော်များများကတော့ အဆဲကြမ်းတယ်!အဲဒီတော့ လာဘ်ပိတ်ပြီပေါ့ဗျာ”
သူ-“ဟုက်ကဲ့ပါဆရာ!ကျွန်တော် ဆရာပြောသလိုလုပ်မယ်ဗျာ!ကျေးဇူးတင်ပါတယ်”

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...