ခေတ်အဆက်ဆက်နိမိတ်တဘောင်များ

Astrology
ခေတ်အဆက်ဆက်နိမိတ်တဘောင်များ


တဘောင် {၁}

အင်းကို ဟင်္သာဆင်းမည်
ဟင်္သာကို မုဆိုးလေးနှင့်ခွင်းသည်
မုဆိုးကို ထီးရိုးရိုက်သည်
ထီးရိုးကို မိုးကြိုးပစ်သည်
ပစ်သည့်မိုးကြိုး သိကြားပိုင်သည်
မကောင်းသူပယ်
ကောင်းသူကယ်ဖို့
ဝတိံက ဣနလာခြေပြီ
တပိုတွဲ လမှာ အိုးဝေ
ကြိုးတွေ ပြေလို့
တပေါင်းဆုံ အကောင်း
ကြုံမဲ့ ပွဲမှာဖြင့် အကြောင်းရယ်
အချက်ကို ရှာကာကြည့်ပြန်တော့
တရုတ်က ဖိ ရှမ်းကအိ
ရှိသည့်မြန်မာ နောက်ကလာ
ဆိုရိုးစကားအရှိသာမို့
သက္ကရာဇ်ကို တွက်စစ်ခါ
အခါခါမပြချင်ဘူး

၀ သုံးလုံးကျော်ပေါ်သည့်နှစ်မှာတော့
ကမ္ဘာမြေ တုန်ခါဟီးတဲ့အောင်
ကလော်မဲ့ကိန်းဟာကြောင့်
မကောင်းမှု ပျော်စရာတွေကို
ဂုဏ်တင်ကာ
ခုံမင်ရှာတဲ့ ငမိုက်သားတွေ
ကင်းစေဖို့ ကပ်သုံးဖြာ
တူစုံတွဲလို့ အကဲမစမ်းနဲ့
ပွဲကြမ်းမဲ့ကိန်း။

 

တဘောင် { ၂ }

လှုပ်လှုပ်ဆူဆူ
အနောက်ဂူ
ခွေးအူသံတို့ မြိုင်လိမ့်မည် ။

ခွေးအူပြီးသော်
အကျော် ခေါင်ပန်း
ရွှေပြည်နန်း
စခန်းသိမ်း၍ ခွာလိမ့်မည် ။

မယ်တော်ကခွာ
သားတို့တာ
ဟင်္သာကိုးသောင်း ပျက်လိမ့်မည် ။

ဟင်္သာကိုရှင်း
ခွေးကိုရှင်း
နောက်မင်း ကြမ်းကြမ်းပေါ်လိမ့်မည် ။

ပဉ္စ သီလ
မြဲပါမှ
ကပ်က လွတ်ကြရလိမ့်မည် ။

မင်္ဂလာစည်
မင်းနေပြည်
တထီထီနှင့် မြည်လိမ့်မည် ။

လေးဆူဓာတ်ပုံ
ရွှေတိဂုံ
အရုဏ် ရောင်ခြည်လွှတ်လိမ့်မည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တဘောင် { ၃}

မဟာဝိဇ္ဇာကျမ်းစာမျက်နာ (၁၇) မှ တဘောင်

စွန်းကောဇာကြီး ရှစ်ဆယ်ပြီးသော်
ကပ်ကြီးသုံးတန် အမြဲမှန်
တစ်တန်စီလာလိမ့်မည်။

တစ်တန်စီက ပြင်းထန်လှ
မွဲကွ သရဏဂုံ
ဤသုံးစုံ ထုံမှလွတ်လိမ့်မည်။

ငါးဖြာသီလ ပြည့်ဝမှ
ဒေသ သာယာမည်။
မမြဲဒေသ သဘာဝ နှိပ်ကွပ်လိမ့်ဦးမည်။

ကပ်ကြီးသုံးတန် ပြီးဆုံးပြန်
စစ်မီးထတောက် ဇမ္မူပေါ်ရောက်
တောက်တဲ့စစ်မီး ငြိမ်းခက်ပြီး
လွန်စွာ ဖြစ်ပျက်မည်။

ကပ်မီးစစ်မီး နှစ်ထပ်ညီး
မနုဿလူတို့ ဒုက္ခဆူလို့ ပူလိုက်မည်။
ပူပြီးသော်အခါ မိုးမြေမှာ
တစ်ခါဆော် လိုက်မည်။

မိုး နဲ့ မြေကြီး ညှပ်ဆော်တီး
ကပ်ကျော်ပြီးမှ အေးလိမ့်မည်။

စွန်းကောဇာကြီး ကိုးဆယ်ပြီးမှ
အဆိုးစုံလို့ ကုန်တော့မည်။

အခု ကောဇာသက္ကရာဇ် ၁၃၈၅
၈၀ ပြီးတာနဲ့ ကပ်ကြီးသုံးတန် တစ်တန်ဆီလာမယ်
လာလည်း လာနေပါပြီ ။
သံရဏဂုံ မြဲဖို့လိုပါပြီ။
၁၃၉၀ ခုနှစ် ၂၀၂၈ ကျော်မှ
အဆိုးစုံလို့ ကုန်တော့မည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တဘောင် {၄}

“ဂုံမင်းနှင့်ငါး မစားကြရင်ဖြင့်
ကပ်ဆေးတဲ့အထဲ ပါကြလိမ့်မည်”
(ရှေးအတိတ် တဘောင်)

ဂုံမင်း = သရဏဂုံ(၃)ပါး ။ ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါးအား ကိုးကွယ်ဆည်းကပ်ခြင်း မြဲကြပါ။

ငါး = ငါးပါးသီလ ခါးဝတ်ကဲ့သို့ မြဲမြံစွာစောင့်ထိန်းကြပါ။

မပျက်စီးနိုင်သော တည်မြဲခြင်းမည်သည် မရှိချေ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...