လူတစ်ယောက် ရဲ့ စိတ်နေသဘောထား ကို ဖတ်နည်း

Astrology
လူတစ်ယောက် ရဲ့ စိတ်နေသဘောထား ကို ဖတ်နည်း

ဒီတစ်ခါမှာတော့ လူတစ်ယောက်ရဲ့ စိတ်နေသဘောထား ကို
အဲဒီလူရဲ့
“မျက်လုံး”
“မျက်ခုံး”
“ပါးစပ်”
“နရွက်”
တွေ့ကိုကြည့်ပြီး သိရှိနိုင်မယ့်
အကြောင်းအရာတွေကိုတင်ပြပေးလိုက်ပါတယ်

“မျက်လုံး”

သစ္စာရှိပြီး အရည်အချင်းအလွန်ရှိတဲ့ လူတွေရဲ့မျက်လုံးတွေဟာ နက်မှောင်နေတတ်ပြီး ကိုယ်ချင်းစာတရားကြီးမားတဲ့လူတွေရဲ့မျက်လုံးဟာ ညိုမှိုင်းမှိုင်း ဖြစ်နေတတ်တယ်
ကလေးစိတ်မကုန်သေးပဲ အူကြောင်ကြောင်
ဖြစ်နေတဲ့ လူတွေရဲ့မျက်လုံးက နီကြောင်ကြောင်ဖြစ်နေတတ်သလို
ဘာကိုပဲလုပ်လုပ်အောင်မြင်အောင်လုပ်ပြတတ်တဲ့လူတွေရဲ့ မျက်လုံးများဟာ စိန့်ဖန့်ဖန့် အရောင်ရှိနေတတ်ပါတယ်
အလုပ်တစ်ခုကို စနစ်တကျလုပ်တတ် ကိုင်တတ် နေတတ်တဲ့ လူတွေရဲ့ မျက်လုံးဟာ မီးခိုးရောင် များနေတတ်ပါတယ်

“မျက်ခုံး ”

မဟုတ်မမှန် လီဆယ်ပြောဆိုတတ်တဲ့လူတွေရဲ့ မျက်ခုံး ဟာ သေးသေးမျှင်မျှင်လေး ဖြစ်နေတတ်ပြီး
ဘာကိုပဲပြောပြော ဘွန်းဘွန်းနဲ့ရှင်းရှင်း ပြောတတ်တဲ့လူတွေရဲ့မျက်ခုံးမှာ အမွှေးကြမ်းကြီးတွေ ပေါက်နေတတ်တယ်
ဘယ်ကိစ္စ မဆိုသိုသိုသိပ်သိပ် လုပ်တတ်တဲ့လူတွေရဲ့ မျက်ခုံးဟာ ဗျက်ကြီးပြီး အဖြားသွယ်နေတတ်သလို
စိတ်ကြီးဝင်နေတဲ့လူတွေရဲ့ မျက်ခုံးမွေးကြတော့ အဖြားမှာ ကော့နေတတ်တယ်
ခတ်ကုတ်ကုတ်နဲ့ကွေ့ကွေ့ဝိုင်းဝိုင်းလေးရှိတဲ့ မျက်ခုံးမွေးပိုင်ရှင်တွေကြတော့ အရာရာကို ချင့်ချိန်တွက်ဆပြီး လုပ်ကိုင်တတ်ကြတယ်

“နားရွက် ”

နားရွက် အောက်ခြေကိုကြည့်လိုက်လို့ ရှိရင်
စွေးစောင်းစောင်းလေးရှိပြီး ပါးရိုးနဲ့ဆက်နေတဲ့ နားရွက် ပိုင်ရှင်တွေဟာ ကိုယ့်ဒူးကိုယ်ချွန်လုပ်ကိုင်တတ်ကြပြီး
နားရွက်အောက်ခြေလေးက ပစောက် လို ဝိုင်းဝိုင်းလေးတွဲခိုနေရင်တော့ လူချမ်းသာဖြစ်မယ့်သူလို့ နားလည်ထားရမယ်
နားရွက်ဟာ အဆမတန်သေးငယ်နေရင် အင်မတန်စိတ်ကူးယဥ်တတ်ပြီး တစ်ဖက်သားကိုသနားတတ်တယ်
နားရွက်ဟာကြီးပြီး အဆမတန်ကားနေရင်ဗဟုတုတ များသူလို့ပြောလို့ရသလို ဆွေမျိုးများသူလို့လည်း ပြောလို့ရတယ် ဒါပေမယ့် အဲဒီဆွေမျိုးတွေဆီက ဘာအကူအညီမှ မရနိုင်ဘူး
မကြီးမသေးအရွယ်ရှိတဲ့ နားရွက်ပိုင်ရှင်တွေကတော့
ဘာမဆို ဦးစီးဦးဆောင် လုပ်တတ်ကြသလို
နားရွက်အနားတွေလန်နေတဲ့ လူတွေကတော့
ဘယ်သူဘာပြောပြောလက်မခံပဲ ကိုယ်လုပ်ချင်တာကို
တစ်ဇွတ်ထိုး လုပ်ချင်ကြတယ်

“ပါးစပ် ”

ပါးစပ် ဟာ ငယ်ရင် ချွေတာတတ်တယ် ဇွဲရှိတတ်တယ် ပြီးတော့ တစ်ကိုယ်ကောင်းဆန်တတ်ကြတယ်
ပါးစပ်ကြီးရင် ပေးကမ်းမှုရက်ရောတတ်ကြပြီး
ပါးစပ် က ခပ်လန်လန်ဖြစ်နေရင်တော့ ပျော်ပျော်နေတတ်ကြတယ်
ပါးစပ်က ညီညီညာညာဖြစ်နေရင် သူတစ်ပါးကိုကူညီတတ်ကြပြီး
ဆုံးဖြတ်ချက် မှန်ကန်သူတွေရဲ့ အောက်နှုတ်ခမ်းဟာ
တွဲတွဲလေးဖြစ်နေတတ်တယ်
ကဲ သူများတွေကို အရင်မကြည့်ပဲ
ကိုယ့်ကိုယ်ကို မှန်ထောင်ပြီး ကြည့်ကြပေတော့
“ဟော အခုပဲ မှန်သွားယူနေပြီ”

CRD: အဘမင်းသိခ်

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...