” သိဒ္ဓိတန်ခိုး ရချင်သူများ “

Astrology
” သိဒ္ဓိတန်ခိုး ရချင်သူများ “

-ပြည်မြို့ ဝေပုလ္လရာမ ကျောင်းတိုက် ဘဒန္တဝေပုလ္လ
ဆရာတော်ရေးသားတော်မူခဲ့သော
‘ဓမ္မ သိဒ္ဓိ ပါရဂူ လေးကျွန်းပိုင် ဆရာတော်’
အကြောင်းကို ပြန်လည် မျှဝေပါသည်။

-ဓမ္မ သိဒ္ဓိ ပါရဂူ လေးကျွန်းပိုင် ဆရာတော်က
တပည့်ဖြစ်သူ ဝေပုလ္လအား အောက်ပါအတိုင်း
ပြောပြခဲ့သည်။

-ငါက တရားအားထုတ်မယ်လို့ ရည်ရွယ်ပြီး မဟာမြိုင် တောထဲဝင်လာခဲ့တယ်။ တောကြီးထဲ ရောက်တော့ နေရာကောင်းကို ရှာရတာပေါ့ကွာ။သစ်ပင်ကြီးကြီးအောက်ခြေ
မှာ သစ်ခေါငိးပေါက်ပါတာကို အရင်ရှာရတယ်။တွေ့တဲ့
အခါ အဲဒိသစ်ခေါင်းပေါက်ကို လူတစ်ကိုယ်စာ ထွင်းရတာ
ပေါ့ကွာ။

ကိုယ်က ဘာတစ်ခုမှ မပြီးသေးတော့ မြွေ ကျားဝံ ကျားသစ်ရန်တွေက ကြောက်ရသေးတယ်ဟေ့။ အထဲကိုလူဝင်နေရင် အပြင်က ဘယ်သူမှ ဝင်မလာနိုင်အောင် ဝါးကပ် တစ်ခု ယက်ပြီးကာထားရသေးတယ်။ အထဲက သစ်သားချောင်းနဲ့ ဒေါက်ထောက်ထားရတာပေါ့။
-ငါလည်း နေ့ခင်းဆို သဗ္ဗုဒ္ဓေက စပြီး ဂါထာတွေကို
တစ်ထောင်ရအောင်စိတ်တယ်။ညရောက်တော့ မဟာ
သရဏဂုံ ၃၀ ကို ညလုံးပေါက်ရွတ်ဖတ်ရတယ်ကွာ။ဒီအတိုင်း နေ့ည အပင်ပန်းခံပြီး ရက်မပျက်ဘဲ အားထုတ်လာခဲ့တယ်။

တောထဲ ဆိုတော့ သက်သတ်လွတ်စားရတာ
ပေါ့ကွာ။မီးနဲ့ ချက်ပြုတ်မနေတော့ဘူး။အချိန်လည်း မရဘူး။ စားလို့ရတဲ့ သစ်သီး သစ်ဥ သစ်ဖု သစ်ရွက်တွေ ရှာကြံခူးပြီး ဆားနဲ့တို့စားခဲ့ရတယ်။ ဝါးရွက်တွေကို ဆားချက်ရတာပေါ့။

ဒီလိုနဲ့ မဟာမြိုင်တောကြီးထဲ တစ်ပါးတည်း အားထုတ်လာတာ ၄ နှစ်ကြာသွားတာပဲ။
ဘာမှ မအောင်မြင် ဘာမှလည်းမသိ ဘာမှလည်းမမြင်
ဘာဝိဇ္ဇာအတတ်တစ်ခုကိုမှ မတတ် ရိုးရိုးသာမန်လူပဲ။

သာမန်ရဟန်းပဲ။ ငါလည်း စိတ်ပျက်ပြီး ဒီလောက် ၄ နှစ်
ကြာအောင် အားထုတ်တာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အစားဆင်းရဲတာပဲ အဖတ်တင်တယ် ဘာမှလည်းဖြစ်မ
လာဘူး။ကံကောင်းလို့ ကျားစာ မဖြစ်တယ်။
ငါမန္တလေးပြန်ပြီး သံဃာတော်တွေကို စာချနေတာပဲကောင်းပါတယ်
ဆိုပြီး အခုည တစ်ည အိပ်ပြီးတာနဲ့ မနက်ဖြန်ကျရင်
မဟာမြိုင်တောက ထွက်တော့မယ် ဆိုပြီးသစ်ခေါင်းထဲမှာ
ဘာမှ မလုပ်တော့ဘဲ သင်္ကန်းခြုံပြီး အိပ်လိုက်တော့တယ်။

-မှေးခနဲ အိပ်အပျော်မှာ အိမ်မက်တစ်ခု မက်တယ်ဟေ့။
အခုငါ အိပ်နေတဲ့ သစ်င်ကိုစောင့်တဲ့ရုက္ခစိုးက
“ကိုယ်တော် ဝီရိယလည်းကောင်းတယ် အပင်ပန်းလည်းခံနိုင်တယ် ဇွဲလည်းရှိတယ် ဒါပေမဲ့ တစ်သက်လုံးကြာသွားမယ်။ ဘာမှ ပြီးမှာ မဟုတ်ဘူး။ဘာမှလည်း ရမှာ မဟုတ်ဘူး။ဘာတစ်ခုမှလည်း အောင်မြင်မှာ မဟုတ်ဘူး’ ဆိုပြီး
အိမ်မက်လာပေးတယ်ကွ။

“ကိုယ်တော် သံဗ္ဗုဒ္ဓေတို့ သရဏဂုံတို့ကို အားသာ ထုတ်နေတာ ဘာတစ်ခုမှ မစုဆောင်းဘဲကိုး ။ ဘယ်ပေါက်မြောက်နိုင်ပါ့မလဲ။ ဒီအတိုင်းကျင့်နေလို့ကတော့ ပျံလွန်တော်
သာမူသွားမယ် ဘာမှဖြစ်မလာနိုင်ဘူး။အောင်မြင်ချင်တယ်ဆိုရင် နည်းကောင်းပေးမယ်။ မည်သည့်အကျင့်ကိုပဲကျင့်ကျင့် ဂုဏ်တော်ပဲကျင့်ကျင့် သရဏဂုံပဲကျင့်ကျင့်
ပရိတ်ပဲရွတ်ရွတ် သစ္စာအဓိဌာန်ပြုရွတ်lသစ္စာအဓိဌာန်နှင့်ချုပ်။မိမိအကျင့်တွေကို စုစည်းပြီး မိမိခန္ဓာ ငါးပါးမှာ
သိမ်းဆည်းထားတတ်ပါစေ။ လိုရာ ဆုတောင်းလျှင်လည်း
ပြုထားသည့် သစ္စာ အဓိဌာန်အတိုင်း သစ္စာပြု ပြီးဆုတောင်းပါ။ ဒီအတိုင်းသစ္စာပြုပြီး အားထုတ်သွားလျှင်
မကြာခင်မှာပဲ သိဒ္ဓိမှန်သမျှ ၊တန်ခိုးမှန်သမျှ ၊ပညာခန်းပါ အောင်မြင်ပါလိမ့်မည်။ မန္တလေးကို မပြန်ပါနှင့်ဦး ။အားထုတ်ကြည့်ပါဦး”လို့ အိမ်မက်ပေးသွားတယ်ကွဲ့။

-ဒါနဲ့ မဟာမြိုင်တောကြီးထဲမှာ ၃နှစ်ဆက်တိုက် သစ္စာကို
အာရုံပြု လက်ကိုင်ထားပြီး ကျင့်ကြံကျိုးကုတ်အားထုတ်လိုက်တာ လောကီပညာစခန်းများ ဝိဇ္ဇာဥာဏ်တန်ခိုးများ
အောင်မြင်ပြီးစီးတော့တယ်ကွယ်။
-ညဘက်အမျှတန်းပေးဝေရင် လူမရှိပါဘဲနဲ့တစ်တောလုံး သာဓုခေါ်သံတွေကြားရတော့တာပါဘဲ။အမျှဝေရင်း
“ဓမ္မ သိဒ္ဓိ ပါရဂူ လေးကျွန်းပိုင် ဆရာတော်”ဟု ယနေ့မှစ
၍ အမည်တွင်စေ ဆိုပြီးကြွေးကြော်သံတွေကြားရပြီး
အကျင့်စခန်းအောင်ခဲ့တာပါပဲ။
-တစ်ပါးထဲ သစ်ပင်ရှေ့သပိတ်ပိုက်ရပ်တော်မူရင် သပိတ်ထဲမှာ သစ်သီးဆွမ်းများ အလိုလိုရောက်နေပြီး
ရုက္ခစိုးများက လောင်းလှူကြတာပေါ့။
၁၉၆၄ ခုနှစ်ကဖြစ်တယ်။

-“သစ္စာနှုတ်သီး မန္တန်ကြီးက သေပြီးသော်မှ ပြန်ရှင်ရ၏”
မှန်ကန်သော သစ္စာ အဓဌာန်ပြု၍ အားထားပါ အားကိုးပါယုံကြည်ပါ သက်သေပြုကြပါ။နှုတ်ကြမ်းတမ်းခြင်း
ဆဲရေးတိုင်းထွာခြင်း ကြမ်းတမ်းသောစကားများ အကျိုးမဲ့သောစကားများ ပြောဆိုခြင်းမှအထူးရှောင်ကြဉ်ပါ။သိမ်ဖျဉ်းသော စကားပြောဆိုခြင်းတို့သည် ပညာရှိသူတော်ကောင်းတို့အလုပ်မဟုတ် အရိယာတို့၏အလုပ်မဟုတ်။

ကျော်အောင်စံထား ဆရာတော်ကြီး lယက္ကန်းစင်တောင်
ဆရာတော်lထို့နောက် ဓမ္မသိဒ္ဓိ ပါရဂူ လေးကျွန်းပိုင်
ဆရာတော်တို့က ဤသစ္စာလက်ကိုင်
ဆောင်ပိုဒ်အတိုင်း
သြဝါဒပေးသွားတော်မူခဲ့ကြပါတယ်။

-သစ္စာအဓိဌာန်လက်ကိုင်ပြု အကျင့်လမ်းများသည် ဘဝတစ်ခုအတွက် ကုသိုလ်ကောင်းမှုများ
စုစည်းခြင်းဖြစ်သည်။
ထိုမှတဆင့် ဘဝသံသရာဝဋ်ဒုက္ခတို့လွတ်ရာ ဝိပဿနာ
လမ်းဘက်သို့ကူးပြောင်း၍ အဆင့်ဆင့်ပွားများအားထုတ်ကြပါကုန်လော့ အသင်သူတော်ကောင်းအပေါင်းတို့။
ဘဒ္ဒန္တဝေပုလ္လ ဆရာတော်ဘုရားကြီး
Credit.Royal Oo

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...