အကြွေးဟူသည်မှာ

Astrology
အကြွေးဟူသည်မှာ

ပိုက်ဆံမပေးနိုင်လို့ လိမ်ပြေးတယ်တို့၊ခပ်တည်တည်ပဲမပေးလည်း ဘာဖြစ်လဲတို့ စတာတွေဟာ အကြွေးယူထားတဲ့လူတွေ ခုခေတ် လုပ်ချင်ရင် လုပ်လို့ရတဲ့ အရာတွေပါ။ဒီလိုတွေလုပ်လို့ အဆင်ပြေသွားသလား ။

NO ပါ။

ပိုက်ဆံပေးထားတဲ့ အကြွေးရှင်တွေက
ဘာဖြစ်သွားလဲ။ ပိုက်ဆံတောင် ထုတ်ပေးထားနိုင်တဲ့ သူဌေးတွေပါဆိုနေမှ ဒီပိုက်ဆံအတွက်ပဲ ရှူံးတာပါ။ကျန်တာ သူတို့မှာ ဘာဆိုဘာမှ မထိခိုက်ပါဘူး။

ဟုတ်ပြီ။ လူလိမ်တွေဘက်ကတောင်
ရန်ပြန်ထောင်နေကြတာ၊ဘုရားတရားတွေရှယ်ပြနေကြတာနဲ့၊ကျေးဇူးရှင်ကို စော်ကားပြပြီးလိုင်းပေါ်မှာခပ်တည်တည်နဲ့ နေနေနိုင်ကြတာဆိုတော့ ~ ဒါဆို အကြွေးယူသွားတဲ့ လူက နိုင်တယ် ထင်မှာပေါ့နော်။

NO ပါ။ သူတို့က ပိုဆိုးပါတယ်။

(၁) အသက်ဆက်ရှင်မယ့် နှစ် (၃၀) သို့ နှစ် (၄၀) စာလုံးအတွက် ဂုဏ်သိက္ခာ သွားပါပြီနော်။

(၂) စီးပွါးရေး မိတ်ဖက်ကောင်းတွေ ထပ်မရတော့ပါဘူး။(လိမ်ထားတဲ့လူ များရင် များသလို စီးပွါးရေးဘောင်က ကျဉ်းလာပါတယ်။ဒီတော့ ပိုကျပ်တည်းလာမယ်။)

(၃) မျိုးဆက်ရဲ့ အနာဂတ်။ (သားသမီး မြေး မြစ်တောက်လျှောက် အရိပ်မည်းပါလာမယ်။) ဘယ်သူမှ မသိရင်တောင် အကြွေးပေးထားတဲ့လူက သိတယ်။

(၄) သင်တို့ရဲ့ အလိမ်အညာအကြောင်းကို လူတွေအချင်းချင်း တီးတိုးပြောပြီး သင့်ကို အပြင်ပန်းသာ ပြုံးပြနေပြီး တဖြည်းဖြည်း ဖယ်ခံထိမယ့် အပယ်ခံဘဝ။

(၅)ဘုရားရိုက်မယ့် ဒဏ်။(ဒါကတော့ အဆိုးဆုံးပါ။(၇)ရက်( ၇ )လ(၇)နှစ်အတိုင်း ပိုက်ဆံပေးထားသူရဲ့သီလသမာဓိကောင်းလေ ပိုခံရလေမို့ မှန်းကြည့်ရင် သိနိုင်ပါတယ်။ကိုယ်လိမ်တဲ့လူက ကိုယ့်လို လူလိမ်ဆို အဆင်ပြေကောင်းပြေဦးမယ်။ ချွေးနည်းစာနဲ့ ကောင်းရောင်းကောင်းဝယ် ရတဲ့ပိုက်ဆံကို လိမ်မိတာဆိုရင်တော့ အနည်းဆုံး (အနည်းဆုံးနော်) သေချာတာတော့ လုပ်ကိုင်စားသောက်ရခက်လာတာအမှန်ပါပဲ။

(၆)မပေးချင်တာ မဟုတ်ဘူး မပေးနိုင်တာလို့ဆိုရင်လည်း လိမ်မှုတစ်ခုတိုးပါတယ်။ကိုယ့်ကိုကိုယ် လိမ်တာနဲ့ သူများကိုပါ လိမ်တာပါရောပေါ့။ ဖဲ့ဆပ်တတ်ရင် ကျေတဲ့ အကြွေးကို ဆပ်နေမယ့်အစား ဟိုဟာလေးဝယ်ချင် ဒီဟာလေးဝယ်ချင်လို့ မပေးနိုင်ဘူး ဆိုပြီး လိမ်တာမို့ လိမ်တဲ့ မုသာဝါဒကံတစ်ခု ကျူးလွန်ပြန်တယ်။ခံပေဦးတော့သံသရာမှာနော်။

(၇)ဒီဘဝမှာ အတိတ်ကံကြောင့် တစ်ချိန်ချိန် ချမ်းသာခဲ့ရင်တောင်နောက်ဘဝအကြွေးရှင်ခိုင်းတာလုပ်ဖို့ ပြင်ဆင်ထားပါ။

(၈) ဒီတော့ အကြွေးရှင်ကို မုန်းပြီး ဒင်းတို့ သေရင်အေးမယ် မတွေးပါနဲ့။ သင်အကြွေးမကျေခင် အကြွေးရှင် သေသွားရင် နောက်ဘဝ သူ့ကျွန်ဖြစ်ဖို့ ပိုမြန်သွားပါပြီ။ သင်လည်း သေဖို့ မစဉ်းစားပါနဲ့ဦးလေ။နောက်ဘဝ ပြန်တွေ့မှ ဖိုးသူတော်နဲ့ ပြောင်းဖူးခင်း ပုံပြင်ထဲကလို ယူမိတာ ပြောင်းဖူးနှစ်ဖူးဆပ်ရတဲ့ ဝဋ်ကြွေးက လုပ်ရတဲ့ အလုပ်တွေက ငရဲကျသလို ဖြစ်နေပါမယ်။

(၉)ဒီတော့ အကြွေးမကျေမချင်း မိမိလည်း နေကောင်းအောင် နေရမယ်။ အကြွေးရှင်ကိုလည်း နေကောင်း ကျန်းမာစေရန် မေတ္တာ အမြဲပို့ပေးရပါမယ်။

(၁၀)နောက်ဆုံးတစ်ခုက အခုလို အကြွေးနဲ့ပတ်သက်တဲ့စာတွေ တွေ့တိုင်းလည်း စိတ်မလုံဖြစ်ရတဲ့ ဒုက္ခကိုကြုံရတတ်ပါတယ်။

စတဲ့ စတဲ့ အရှုံး (၁၀)ချက်ကို ကြုံရတတ်တာမို့
ကိုယ်ကြိုက်တဲ့လမ်း ကိုယ်ရွေးကြပါ။

ရေးသားသူ –သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...