အတိုက်အခိုက်အပြိုင်အဆိုင်ကြုံနေရသလား

Astrology
အတိုက်အခိုက်အပြိုင်အဆိုင်ကြုံနေရသလား

ကိုယ်က ကိုယ့်ဖာသာ
နေ နေပေမယ့်လည်း
တစ်ခါတလေမှာတော့
ကိုယ့်ကိုမနာလို
မရှုစိမ့် ဖြစ်နေကြသူတွေရဲ့
အတိုက်အခိုက်
အနှောက်အယှက် ဆိုတာမျိုးကလည်း
ကြုံရတတ်တာ
လောက သဘာဝပါ ။

လောက သဘာဝဆိုပြီး
ဥပက္ခာပြုထားလို့
ရနိုင်တဲ့အခါ ရပေမယ့်လည်း
တကယ့် တကယ်
မလွဲသာ မရှောင်သာ ကြုံရတာမျိုးတွေလည်း
ရှိတတ်တာပေါ့ ။

ဥပမာ…အမိုးအကာ တစ်ခု
အဆောက်အဦး တစ်ခုအောက်မှာ
ဝမ်းရေးအတူတူ ဖြေရှင်းကြရသူတွေမှာ
ပိုလို့ ပိုလို့တောင်မှ
တိမ်းရှောင် နေထိုင် ဆက်ဆံဖို့က
အခက်ကြီး တစ်ခုရယ်ပါ ။

ဒီတေ့ာ…
ကျွန်တော်တို့မှာ
တစ်ယောက် ယောက်က
ကိုယ့်ကို အတိုက်အခိုက် အပြိုင်အဆိုင်
လုပ်နေတာ ကြုံနေရပြီဆိုရင်
အခုပြောတဲ့ ယတြာနှစ်မျိုးကို
မကြာမကြာ ပြုလုပ်ပေးလိုက်ပါ ။
ရန်အတိုက်အခံတွေ ပြေပျောက်သွားပါလိမ့်မယ်ဗျာ ။

ဘုရားစေတီတော်ရင်ပြင်နဲ့
လူသွားလမ်းတွေကို
တံမြက်စည်းလှဲပေးရင်း
ဆုတောင်းပါ။

ဘုန်းတော်ကြီးကျောင်းများရှိ
ကုဋီတွေကို
ရေဆေးကြောပေးရင်း
ဆုတောင်းပါ။

ရေးသားသူ – သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...