ငယ်စဉ်ကဆိုးသွမ်းခဲ့ပေမယ့် ရဟန်းဘဝနဲ့ ခန္ဓာဝန်ချခဲ့တဲ့ မင်းသားကြီးဦးကျော်ဟိန်းရဲ့ ဘဝအကြောင်း
မင်းသားကြီး ဦးကျော်ဟိန်းကတော့ ပြည်သူလူထုချစ်ခင်လေးစားခြင်းခံခဲ့ရတဲ့ မင်းသားကြီးလည်းဖြစ်ပါတယ်။အနုပညာလောကမှာ သူမတူအောင် အောင်မြင်မှုတွေရခဲ့ပေမယ့် ဘဝရဲ့နေဝင်ချိန်ကို ရဟန်းဘဝနဲ့သာဖြတ်သန်းခဲ့သူပါ။မင်းသားကြီးဉီးကျော်ဟိန်းကိုတော့ ၁၉၄၇ ၊ဇူလိုင်၊၁၄ရက်နေ့မှာ ဖခင် အငြိမ်းစားခရိုင်ရဲဝန် ဦးဂျွန်မောင်စိန်နဲ့ မိခင် ဒေါ်ချိုချိုတို့ကနေ မွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။မင်းသားကြီးဦးကျော်ဟိန်းကတော့ မွေးချင်းခြောက်ယောက်ရှိတဲ့ ထဲမှာ စတုတ္ထမြောက်သားဖြစ်ပြီး ငယ်နာမည်က ကျော်ဌေး ခေါ် မောင်ကျော်ကျော်ဖြစ်ပါတယ်။
မင်းသားကြီးကျော်ဟိန်းကတော့ ပညာရေးမှာထင်သလောက်မထူးချွန်ခဲ့သူတစ်ယောက်ပါ။စတုတ္ထတန်းမှာ အောင်မှတ်မရခဲ့့လို့ နွေရာသီမှာ ကျောင်းပိတ်တဲ့ ၂လမှာ စာကျက်ပြီး စာမေးပွဲပြန်ဖြေခဲ့ရပါတယ်။သတ္တမတန်းမှာလည်း၂ကြိမ်ဖြေဆိုခဲ့ရသလို နဝမတန်းမှာလည်း ၂ကြိမ်ကျပြီး ကျောင်းထွက်ခဲ့ရပါသေးတယ်။ဦးကျော်ဟိန်းကတော့ ရန်ကုန်မြို့က ၊မြို့နယ်အသီးသီးမှာရှိတဲ့ အလွတ်ပညာသင်ကျောင်း (ညကျောင်းအပါအဝင်)၊ (၂၃) ကျောင်း ပြောင်းရွှေ့သင်ကြားခဲ့ဖူးသူပါ။ေနာက်ပိုင်းမှာတော့ကျောင်းမတတ်ဖြစ်တော့ဘဲ အိမ်ကနေ ၁၆ကြိမ်ဆင်းခဲ့ပြီး အိမ်ပြေးဘဝနဲ့ လမ်းပေါ်မှာလေလွင့်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။
အိမ်အပေါ်က အကြိမ်ကြိမ်ဆင်းပြီးနောက်ပိုင်းမှာတော့ ဦးေကျာ်ဟိန်းတစ်ယောက် ကမာရွတ်မြို့နယ်က ဒေါ်သာထက်ကျောင်းမှာ နဝမတန်းကို သုံးကြိမ်မြောက်သင်ကြားပြီး အောင်မြင်ခဲ့ပါတယ်။ပညာရေးမှာ ကံခေတဲ့ ဦးကျော်ဟိန်းကတော့ ဒသမတန်းကို ၃လလောက်တတ်ပြီး ရေတပ်ထဲကို ဝင်ခဲ့ပါသေးတယ်။ပညာရေးကို အကြိမ်ကြိမ်ကျရှုံးလိုက် အောင်မြင်လိုက်နဲ့ ရေတပ်က ထွက်လာတဲ့ အချိန်မှာ ဒသမတန်းကို ထပ်မံဖြေဆိုမှ အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။
ဦးကျော်ဟိန်းကတော့ ပညာရေးမှာ ဖြေဆိုရင်းနဲ့ အောင်မြင်ခဲ့ပေမယ့် ငယ်စဉ်က ဆိုးသွမ်းပြီး အိမ်ပေါ်က ခဏခဏဆင်းရာကနေ စိန်ဂေါ်လီဂိုဏ်းဝင်တစ်ဦးဖြစ်ခဲ့ပါသေးတယ်။အဲ့ဒီ့ နောက်ပိုင်းမှသာ အနုပညာလောကထဲကို တစ်စိုက်မတ်မတ်ဝင်ရောက်လာခဲ့တာပါ။အနုပညာလောကထဲကို ၁၉၇၀ခုနှစ်မှာ မင်းသမီး စန္ဒာနဲ့အတူ ဖူးစုံလမ်းစုံဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။မင်းသားကြီးဦးကျော်ဟိန်းကတော့ သဘာဝဆန်တဲ့ သရုပ်ေဆာင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့သလို ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်းဖြစ်လို့နေခဲ့ပါတယ်။
၁၉၇၉ခုနှစ်မှာ အကာကအချစ် ၊အနှစ်က မေတ္တာ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကုိရခဲ့သလို ၁၉၈၂ခုနှစ်မှာ မွန်းတည့်ချိန်မှာ နေဝင်သည်၊၁၉၈၉ မှာ ပန်းမြို့လည်က ဦီးယျာဉ်မှူး၊၂၀၀၃ ခုနှစ်မှာ နေကမွေးလဆိုတဲ့ ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ေဆာင်ဆုကိုရရှိခဲ့ပြီး ၁၉၉၄မှာတော့ ဝေလည်းမွှေး၊ကြေွလည်းမွှေးဇာတ်ကားနဲ့ ဇာတ်ပို့ဆုတစ်ခုထပ်ရခဲ့ပြီး အကယ်ဒမီငါးဆုပိုင်ရှင် ဦးကျော်ဟိန်းဖြစ်လာခဲ့ပါတယ်။
ဦးကျော်ဟိန်းကတော့ သရုပ်ဆောင်ပိုင်းမှာသာ ထူးချွန်သူတစ်ယောက်မဟုတ်ဘဲ အနုပညာလောကထဲဝင်ပြီး ၄နှစ်လောက်မှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ဇာတ်ကားတွေရိုက်ကူးခဲ့သလို နောက်ပိုင်းမှာ ဝတ္ထုတို၊ဝတ္ထုရှည်တွေရေးသားခဲ့ပြီး တေးစီးရီးအချို့ကိုလည်း သီဆိုထုတ်လုပ်ခဲ့ပါတယ်။ဘက်စုံကျွမ်းကျင်တဲ့ ဦီးကျော်ဟိန်းကတော့ ရုပ်သံကြေညာရိုက်ကူးတဲ့နေရာမှာလည်း ကြေးအများဆုံးရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
ဦးကျော်ဟိန်းကတော့ အခုလိုမျိုးလျှမ်းလျှမ်း
တောက် အောင်မြင်နေချိန်မှာ ရဟန်းဘဝကိုကူးပြောင်းသွားတာဟာ သံဝေဂ ရစရာတစ်ခုကြောင့်ပါ။တစ်ချိန်ကဆိုးသွမ်းခဲ့ပြီး နောက်ပိုင်းအောင်မြင်နေချိန်မှာ ရှာထားတဲ့ ငွေတွေကို ဇိမ်ခံပစ္စည်းများစွာဝယ်ပြီး ဘဝကိုအေးဆေးဖြတ်သန်းခဲ့ပါတယ်။အခန်းထဲမှာ TVတွေအလုံးများစွာဝယ်ထားခဲ့ပြီး TV တွေကို တပြိုင်တည်းဖွင့်ပြီး လိုင်းပေါင်းစုံကြည့်လို့ရအောင်လှည့်ထားခဲ့ပါတယ်။
ဦးကျော်ဟိန်းကတော့ TVတွေပတ်ချာလည်ဝိုင်းနေတဲ့ အခန်းထဲမှာ လိုင်းပေါင်းစုံလာနေတဲ့ TVတွေကိုကြည့်ပြီး တရားသဘောရကာ ရဟန်းဘဝကို ခံယူသွားခဲ့တာလည်းဖြစ်ပါတယ်။ေအာင်မြင်ေကျာ်ကြားပြီး ငွေကြေးချမ်းသာလို့ TVတွေများစွာဝယ်ပြီး လိုင်းပေါင်းစုံဖွင့်ထားပေမယ့် သူကြည့်နိုင်တာTV တစ်လုံးတည်းဆိုတာကို သိပြီးတဲ့ နောက်မှာ ရဟန်းဘဝကို ခံယူသွားခဲ့တာလည်းဖြစ်ပါတယ်။မင်းသားကြီးဦးကျော်ဟိန်းကတော့ ရုပ်ရှင်လောကကနေ အနားယူကာ နိုဝင်ဘာလ ၄ရက် ၂၀၀၈ခုနှစ်မှာ ရဟန်းဘဝကိုခံယူခဲ့ပါတယ်။
ဦးကျော်ဟိန်းတစ်ယောက် ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့ပါသေးတယ်။ဦးကိတ္တိသာရအနေနဲ့ ရဟန်းဘောင်ထဲဝင်ပြီး တရားပွဲတွေပြုလုပ်တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေများစွာခံခဲ့ရပါတယ်။မင်းသားကြီးဦးကျော်ဟိန်းကတော့ ဘုန်းကြီးဝတ်နဲ့လည်း ဦးကိတ္တိသာရ(ခေတ္တ ၃၁ ဘုံ)အမည်နဲ့ စာပေတွေရေးသားထားခဲ့တာလည်းဖြစ်ပါတယ်။
ဦးကျော်ဟိန်းက သူ့ရဲ့နောက်ဆုံးထွက်သက်ထိကို တရားအားထုတ်နေခဲ့တာလည်းဖြစ်ပါတယ်။ဦးေကျာ်ဟိန်းက တော့ ၂၀၁၇လောက်မှာ နှလုံးရောဂါကို စတင်ခံစားခဲ့ရပြီး လေဖြတ်ဝေဒနာကလည်းတဖြည်းဖြည်းဆိုးရွားလာခဲ့တာကြောင့် ၂၀၂၀ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့ မနက်၉နာရီ ၂၇မိနစ် တွင် ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ရဟန်းဘဝနဲ့ ခန္ဓာဝန်ချခဲ့တာလည်းဖြစ်ပါတယ်။ ဦးကျော်ဟိန်းတစ်ယောက် ကွယ်လွန်သွားချိန်မှာ သက်တော် ၇၃ နှစ်၊ ဝါတော် ၁၃ နှစ်ရှိေနပြီလည်းဖြစ်သည်။ ငယ်စဉ်ကဆိုးသွမ်းခဲ့ပေမယ့် အောင်မြင်ကျော်ကြားအောင်လုပ်နိုင်ခဲ့သလို အောင်မြင်ခဲ့တဲ့ နောက်ပိုင်းမှာလည်း သူ့ရဲ့လုပ်ရက်တွေကနေ တရားအစစ်အမှန်ကို ရနိုင်ခဲ့တာကြောင့် ဦးကျော်ဟိန်းရဲ့ လုပ်ရက်ကိုတော့ ပရိတ်သတ်တွေက လေးစားခဲ့ကြတာလည်းဖြစ်ပါတယ်။ယနေ့အချိန်ထိလည်း ပရိတ်သတ်တွေကတော့ ဦးကျော်ဟိန်းကို သတိတရရှိနေကြဆဲလည်းဖြစ်ပါတယ်။
ရေးသားသူ – One Daily channel
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။