တေလာဆွစ်ဖ်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို Victoria and Albert Museum မှာ ငှားရမ်းပြသ

Celebrity International News
တေလာဆွစ်ဖ်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို Victoria and Albert Museum မှာ ငှားရမ်းပြသ

ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ဆီက ငှားရမ်းထားတဲ့ ဝတ်စုံတွေ၊ ဂီတတူရိယာတွေနဲ့ အခြားပစ္စည်းတွေကို လန်ဒန်မြို့ရှိ Victoria and Albert Museum မှာ ခင်းကျင်းပြသထားပါတယ်။ နွေရာသီပြပွဲကို Taylor Swift | Songbook Trail လို့ အမည်ရပြီး ပြတိုက်ရဲ့ပြခန်းအများအပြားမှာ Installation ၁၃ ခု ပြုလုပ်ထားပါတယ်။

တေလာဆွစ်ဖ်ရဲ့ဂီတလမ်းကြောင်းကို မီးမောင်းထိုးပြပြီး မတူညီတဲ့ဖျော်ဖြေပွဲတွေမှာ တေလာဆွစ်ဖ်ဝတ်ဆင်ခဲ့တဲ့အရာတွေကို ပြသထားတာပါ။


ခင်းကျင်းပြသမယ့် ပစ္စည်းတွေထဲက တစ်ခုက တေလာဆွစ်ရဲ့ဂီတလမ်းကြောင်းအစမှာ ဝတ်ဆင်ခဲ့တဲ့ Cowboy ဘွတ်ဖိနစ်လည်း ပါဝင်ပါတယ်။ The Man သီချင်းထဲက ဆံပင်အတုတွေ၊ The Willow သီချင်းအတွက် Storyboard တွေ၊ မြွေရုပ်ပါတဲ့ရွှေရောင်မိုက်ခရိုဖုန်းတို့လည်းပါဝင်ပါတယ်။ Speak Now ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာ တေလာတီးခတ်ခဲ့တဲ့ ukulele နဲ့ Red အယ်လ်ဘမ်ကာဗာမှာ ဝတ်ဆင်ခဲ့တဲ့ တံငါသည်ဦးထုပ်တွေကိုလည်း ပြသမှာပါ။

“Taylor Swift Songbook Trail” ပြပွဲကို ဇွန်လ ၂၇ ရက်ကနေ စက်တင်ဘာ ၈ ရက်နေ့အထိ ပြသထားပါတယ်။ ဝင်ကြေးကတော့ အခမဲ့ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...