ပြည်သူတွေရဲ့မျက်နှာကိုမထောက်ပဲ မပြောသင့်တဲ့စကားပြောခဲ့တယ်ဆိုပြီး ပရိသတ်တွေရဲ့ဝေဖန်မှုတွေခံနေရတဲ့ အဆိုတော်လေးဖြူ

Celebrity Local News
ပြည်သူတွေရဲ့မျက်နှာကိုမထောက်ပဲ မပြောသင့်တဲ့စကားပြောခဲ့တယ်ဆိုပြီး ပရိသတ်တွေရဲ့ဝေဖန်မှုတွေခံနေရတဲ့ အဆိုတော်လေးဖြူ

ပရိတ်သတ်ကြီးရေ .. အဆိုတော်လေးဖြူဟာဆိုရင် မြန်မာ တစ်နိုင်ငံလုံးမသိသူမရှိပါဘူး .. အဆိုတော်လေးဖြူက အခု ရက်ပိုင်းမှာပဲ နေပြည်တော်က bar တစ်ခုမှာ သီချင်းသွားဆိုခဲ့ ပြီး အဲဒီပွဲမှာ ပရိတ်သတ်တွေအပေါ်မထီမဲ့မြင် ပြောဆိုမှုကြောင့် ပြည်သူတွေက၀ဖန်နေတာပဲဖြစ်ပါတယ်..

အဲ့ဒီပွဲမတိုင်ခင်ကတည်းက အဆိုတော် လေးဖြူကို သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေက သွားမဆိုဖို့ လူမှုကွန်ယက်တွေကနေ ပြောဆိုမှုတွေရှိခဲ့ပါသေးတယ်… အဲ့ဒီပွဲကိုသွားဆိုရင် အဆိုတော် လေးဖြူကို ပြည်သူတွေက Boycott လုပ်ပြီးအားမပေးတော့ ဘူးလို့ ပြောဆိုနေတာပါ… လေးဖြူကတော့သူ့ကို အစဉ်တစ် စိုက်အားပေးလာတဲ့ ပရိတ်သတ်တွေရဲ့ မျက်နှာကိုမထောက်ဘဲ သွားရောက် သီဆိုဖျော်ဖြေခဲ့ပါသေးတယ်.. အဲ့ဒီဖျော်ဖြေပွဲမှာ လည်း ပရိတ်သတ်တွေအပေါ် မပြောသင့်မပြောထိုက်တဲ့ စကားလုံးတွေကိုလည်း ပြောဆိုခဲ့တာကြောင့် ပြည်သူတွေ ကတော့ အဆိုတော်လေးဖြူကိုတော့ အော့နှလုံးနာနေကြပြီး ပြစ်တင်နေတာပဲဖြစ်ပါတယ်

.

အဆိုတော်လေးဖြူက “သူငယ်ချင်းက ကျွန်တော့်ကို Screenshot ရိုက်ပြီးပို့တယ်.. မင်းကို BC – Boycott လုပ် မယ်တဲ့ …. ကျနော် မိန်းမကိုလှည့်မေးတယ်… ဟေ့ကောင် BC ဆိုတာဘာလဲ.. ကျနော် A to Z လည်းနားမလည်းဘူး” ဆိုပြီး ပြည်သူကို ခနဲ့သလို ပြောဆိုလိုက်တာကြောင့် ပြည်သူတွေ အနေနဲ့ အရမ်းကိုပေါက်ကွဲနေကြတာပဲဖြစ်ပါတယ်နော် ..

ရေးသားသူ – Let Pan news

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...