မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးမင်းသမီး၅ဦး

Celebrity Local News
မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးမင်းသမီး၅ဦး

မြန်မာနိုင်ငံမှာအောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေဖြစ်လာရင် ရုပ်ရှင်တစ်ကားရိုက်ကူးရင်တောင် သိန်းရာချီရကြသလို၊အောင်မြင်မှုကိုလိုက်ပြီး ပွဲတတ်ဖို့ ဌားရမ်းရင်တောင် သိန်း၁၀၀အထက်ရကြတဲ့ အနုပညာရှင်တွေလည်းဖြစ်ပါတယ်။အခုလိုမျိုးအောင်မြင်ကျော်ကြားပြီး မြန်မာနိုင်ငံရဲ့ ဝင်ငွေအများဆုံး၅ဦးက ဘယ်သူတွေဖြစ်မလဲဆိုတာဆက်လက်စောင့်ကြည့်ပေးကြပါအုံးနော်။

မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး မင်းသမီး၅ဦး

စမိုင်း

စမိုင်းကတော့ အနုပညာလောကကနေ ပျောက်ကွယ်ခဲ့တာကြာပေမယ့် သူမရဲ့ ချမ်းသာကြွယ်ဝမှုတွေကိုတော့ ပရိတ်သတ်တွေက ‌ေတွ့မြင်နေရဆဲပါဘဲ။အနုပညာအလုပ်တွေလုပ်ကိုင်ချိန်မှာ အောင်မြင်မှုထင်သလောက်မရခဲ့ပေမယ့် အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ ကျိကျိတတ်ချမ်းသာတဲ့သူဌေးမကြီးတစ်ယောက်ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။Pyae Maungနဲ့ အိမ်ထောင်စပြုချိန်မှာတော့နှစ်ယောက်လုံး ငွေကြေးမပြည့်စုံ‌တာကြောင့် ကြက်ဉတစ်လုံးကို နှစ်ယောက်မျှစားခဲ့ရပေမယ့် အခုအချိန်မှာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ဘယ်သူမှလိုက်မမှီနိုင်တဲ့ အနေအထားပါ။

အ ‌ေမရိကန်မှာ ဒေါ်လာ 16Million တန် အိမ်ကြီးကို ဝယ်ယူထားသလိုကိုယ်ပိုင်ဂျက်လေယာဉ်ကိုစီးပြီး ကမ္ဘာပတ်နေခဲ့တာလည်းဖြစ်ပါတယ်။ဒါတင်မကသေးဘဲ ကမ္ဘာကျော်အမှတ်တံဆိပ်တွေကိုလည်း အိမ်ကိုခေါ်ကာ သိန်းထောင်ချီ ဝယ်ယူခဲ့သလို အိမ်မှာမွေးထားတဲ့ ခွေးလေးတွေကိုပါ နိုင်ငံကျော်တံဆိပ်တွေကို ‌ဆင်ပေးတဲ့အထိ ချမ်းသာနေခဲ့တာပါ။စမိုင်းက ‌ေတာ့ အခုအချိန်မှာ‌ေတာ့ အနုပညာအလုပ်တွေကို မလုပ်တော့ဘဲ ချမ်းသာတဲ့ သူဌေးမကြီးတစ်ယောက်အနေနဲ့ လောကစည်းစိမ်ကို ခံစားလို့နေပါတယ်။

နန္ဒာလှိုင်

အနုပညာရှင်တွေထဲမှာ အောင်မြင်မှုအပေါင်းသရဖူဆောင်းခဲ့တဲ့ မင်းသမီးတစ်လတ်ဖြစ်တဲ့ နန္ဒာလှိုင်က အခုအချိန်မှာ အချမ်းသာဆုံးသူဌေးကတော်ကြီးအဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။အနုပညာလုပ်ကိုင်စဉ်မှာလည်း ဝင်ငွေကောင်းပြီး အောင်မြင်တဲ့ မင်းသမီးတစ်လတ်ဖြစ်ခဲ့သလို ၂၀၀၈ခုနှစ်မှာ ဇေကမ္ဘာပိုင်ရှင် ခင်ရွှေဦးရဲ့ သားဖြစ်သူ ခရိုနီသူဌေး ဇေသီဟနဲ့ လက်ထပ်ပြီး ချမ်းသာတဲ့ သူဌေးကတော်တစ်ဦးအဖြစ်သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ အိမ်ထောင်ကြပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီး သမီး‌သုံးယောက်နဲ့အတူ အပူအပင်မရှိတဲ့ သူဌေးမကြီးတစ်ယောက်အနေနဲ့သာ ‌ေနထိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နဝရတ်

သဘာဝမင်းသမီးတစ်ယောက်အဖြစ် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ နဝရတ်ကိုလည်း ချမ်းသာတဲ့ မင်းသမီးတစ်ယောက်အနေနဲ့ သတ်မှတ်ရမှာပါ။ခပ်ဟော့ဟော့ Fashion တွေနဲ့ ပရိတ်သတ်တွေကို ဖျော်ဖြေပေးခဲ့တဲ့ နဝရတ်ကတော့ မိဘမျိုးရိုးကချမ်းသာလာသူတစ်ယောက်ပါ။တစ်ခေတ်တစ်ခါတုန်းက ကြေညာတွေ၊ရုပ်ရှင်တွေမှာ ခပ်မိုက်မိုင်စတိုင်ရဖို့ နိုင်ငံခြားက Stylist ခေါ်ကာ ငွေဆယ်ချီအကုန်ခံပြီး ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။

ဇာတ်ကားပေါင်းများစွာကိုလည်း ပိုင်ပိုင်နိုင်နိုင်ရိုက်ကူးနိုင်ခဲ့ပေမယ့် အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့တာကြောင့် အနုပညာလောကကို ကျောခိုင်းခဲ့တာလည်းဖြစ်ပါတယ်။နဝရတ်ကတော့ အခုအချိန်မှာ စီးပွားရေးနယ်ပယ်မှာ အောင်မြင်တဲ့သူဌေးမတစ်ယောက်အနေနဲ့ ရပ်တည်နေပြီလည်းဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးဖြစ်သလို ၊ဝင်ငွေအများဆုံးမင်းသမီးတွေထဲကတစ်လတ်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကိုတော့ အချမ်းသာဆံုးစာရင်းထဲထည့်ဖို့မေ့ထားလို့မရပါဘူးနော်။ကိုယ်တိုင်ကလည်း ရုပ်ရှင်မင်းသမီးနဲ့ ကြေညာမော်ဒယ်တစ်ဦးအဖြစ် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားပြီး ထိပ်တန်းမင်းသမီးတစ်ယောက်အနေနဲ့ ဝင်ငွေအများဆုံးရရှိနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

ကိုယ်တိုင်ကလည်း ဝင်ငွေမြောက်များစွာကို ရှာဖွေနိုင်သူတစ်ယောက်ဖြစ်သလို မကြာသေးခင်ကလက်ထပ်ထားတဲ့ ခရိုနီသူဌေးကြောင့် အချမ်းသာမင်းသမီးတစ်ယောက်စာရင်းဝင်နေခဲ့တာလည်းဖြစ်ပါတယ်။ဝတ်မှုန်ရွှေရည်ကတော့ ခရိုနီသူဌေးတစ်ယောက်ဖြစ်တဲ့ MG Myanmar ဥက္ကဌ၊သတ္တမမြောက်အာရုံပူးတွဲတည်ထောင်သူ၊VeVe အချိုရည်ကို ထုတ်လုပ်တဲ့ Green circle ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ နိုင်ဖြိုးကျော်နဲ့ လက်ထပ်ခဲ့တာလည်းဖြစ်ပါတယ်။သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို သိချင်ရင်တော့ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲပုံရိပ်တွေနဲ့ အိမ်ထောင်ကြပြီး‌ေနာက်ပိုင်းလှူဒါန်းတာတွေကြည့်ရင် သိနိုင်ပါတယ်။

နေခြည်ဦး

Beauty blogger တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေဆီဝင်ရောက်လာခဲ့တဲ့ နေခြည်ဦးကတော့ ကိုယ်တိုင်ရှာဖွေလို့ချမ်းသာတာထက် ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာသူတစ်ဉီးဖြစ်တာကို အားလုံးလည်း သိကြမှာပါ။ဖခင်ဖြစ်သူကတော့ ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်သလို စီးပွားရေးလောကမှာလည်း အောင်မြင်တဲ့ လူတစ်ယောက်အဖြစ်ကျော်ကြသူတစ်ဦးပါ။

နေခြည်ဦးတို့မိသားစုကတော့ စီးပွားရေးလုပ်ငန်းတွေများစွာကိုလည်း ပိုင်ဆိုင်ထားသလို ၊ကိုယ်တိုင်ကလည်း ငွေရှာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။နေခြည်ဦးကတော့ Beauty blogger,Make up artist ,သရုပ်ဆောင်တစ်ယောက်အပြင် စီးပွားရေးလုပ်ငန်းရှင်တစ်ဉီးအဖြစ်ရပ်တည်‌ေနသူလည်းဖြစ်ပါတယ် ။Beauty blogger တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့ပေမယ့် အခုအချိန်မှာ လုပ်ငန်းတွေလည်းများစွာလုပ်ကိုင်နိုင်ခဲ့သလို Social media နဲ့ပတ်သက်ရင်လည်း အဖက်ဖက်ကနေ ဝင်ငွေမြောက်များစွာဝင်နေသူတစ်ဦးမို့ အချမ်းသာဆုံးမင်းသမီးစာရင်းထဲကို ထည့်ထားရတာလည်းဖြစ်ပါတယ်။

ရေးသားသူ –One Daily channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...