အောင်မြင်‌နေချိန်မှာ တစ်ခုလပ်၊မုဆိုးဖိုတွေနဲ့လက်ထပ်ခဲ့ကြတဲ့ အနုပညာရှင်များ

Celebrity Local News
အောင်မြင်‌နေချိန်မှာ တစ်ခုလပ်၊မုဆိုးဖိုတွေနဲ့လက်ထပ်ခဲ့ကြတဲ့ အနုပညာရှင်များ

အိမ်ထောင်ပြုရင် ပြစ်ချက်မရှိတဲ့ အပျို၊လူပျို ချော‌ချော‌လှလှလေးတွေနဲ့ လက်ထပ်ချင်တာက လူတိုင်းရဲ့ စိတ်ကူးအိမ်မက်တစ်ခုပါ။လူတိုင်းက တစ်သက်မှာ တစ်မင်္ဂလာသာရှိတဲ့ မင်္ဂလာပွဲကြီးကိုအကောင်းဆုံးတွေနဲ့ ဖန်တီးတည်‌ေဆာက်ချင်ကြမှာမှန်ပေမယ့် အခုအခါမှာတော့ ကိုယ့်ရဲ့ စိတ်ကူးတွေအချစ်တွေထက် ဦးနှောက်ကိုဦးစားပေးပြီး ရွေးချယ်ခဲ့လားလို့မှတ်ယူရအောင် တစ်ခုလပ်တွေနဲ့ လက်ထပ်သွားကြတဲ့ အနုပညာရှင်တွေလည်းရှိ‌လို့နေပါတယ်။ကိုယ်တိုင်လည်းအောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်နေပေမယ့် ပိုက်ဆံချမ်းသာတဲ့ တစ်ခုလပ်တွေ၊မုဆိုးဖိုတွေကိုယူသွားကြတဲ့ အနုပညာရှင်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။

ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ကတော့ အောင်မြင်နေတဲ့ အချိန်မှာ လူချမ်းသာ ကလေးသုံးယောက်အဖေ မုဆိုးဖိုတစ်ယောက်နဲ့ လက်ထပ်ခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရတဲ့ မင်းသမီးတစ်လတ်လို့ဆိုရမှာပါ။MRTV-4မင်းသမီးတစ်လတ်ဖြစ်ပြီး သူ့ရဲ့ ရုပ်ရည်နဲ့ သူ့ရဲ့ သရုပ်ဆောင်ချက်တွေကြောင့် အားပေးသူပရိတ်သတ်အခိုင်အမာရရှိ
ထားသူလည်းဖြစ်ပါတယ်။အသက်၃၀ပြည့်ခါနီးအထိ အချစ်ရေးနဲ့ပတ်သက်ရင် သတင်းထွက်တာလည်းမရှိသလို သူမကိုမေးတိုင်းလည်း ချစ်သူလည်းမရှိသလို အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူးဆိုပြီး အမြဲဖြေတတ်ပြီး သိပ်မကြာခင်မှာဘဲ မုဆိုးဖိုတစ်ယောက်နဲ့ လက်ထပ်သွားတာကြောင့် ပရိတ်သတ်တွေအားလုံးအံအားသင့်ခဲ့ရတာလည်းဖြစ်ပါတယ်။ပိုးကြာဖြူခင်ကတော့ မုဆိုးဖိုနဲ့ လက်ထပ်ပြီး အိမ်ထောင်သက်တမ်း သိပ်မကြာခင်မှာဘဲ ကလေးရှိနေပြီဆိုတာကို ကြေညာခဲ့သလို သူတို့နှစ်ယောက် အိမ်ထောင်သက်တမ်း၁နှစ်ပြည့်မှာဘဲ သားဖြစ်သူက ၅လကျော်အရွယ်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ပိုးကြာဖြူခင်ကတော့ဝေဖန်မှုတွေရှိနေလည်း မန္တလေးမြို့က PK Tun စိန်ရွှေရတနာဆိုင်ကိုဦးစီးပြီး ပျော်ရွှင်စရာကောင်းတဲ့ သူဌေးမကြီးဘဝကို ခံစားနေပြီလည်းဖြစ်ပါတယ်။

အောင်ရေချမ်း

အောင်ရေချမ်းကလည်း ပရိတ်သတ်ကိုကြိုတင်အသိမပေးဘဲ လက်ထပ်ပွဲကို Suprise ကျင်းပခဲ့သူလည်းဖြစ်ပါတယ်။အောင်ရေချမ်းကတော့ MRTV-4 ကတင်မြှောက်ခဲ့တဲ့ မင်းသားတစ်လတ်ဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေကလည်း ပရိတ်သတ်တွေရဲ့ အ‌ားပေးချစ်ခင်မှုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ရူပါ ကလည်းဖြောင့်သလို သရုပ်ဆောင်လည်းကောင်းသူမို့ မိန်းကလေးပရိတ်သတ်တွေ ဝိုင်းဝိုင်းလည်နေတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။အချစ်ရေးမှာ လျှို့ဝှက်လွန်းတဲ့ အောင်ရေချမ်းကတော့ သူနဲ့ လူမျိုးတူတစ်ယောက်ဖြစ်တဲ့ ရခိုင်မလေးနဲ့ လက်ထပ်ခဲ့ပါပြီ။သူရဲ့ အမျိုးသမီးဖြစ်သူခိုင်မာဝင်းကတော့ သူနဲ့ ဝါသနာတူ အနုပညာအသိုင်းအဝိုင်းတစ်ခုဖြစ်တဲ့ ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်ဖြစ်သလို Look Media ၊Look New တိုရဲ့ Founder တစ်ဦးလည်းဖြစ်ပါတယ်။ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ မခိုင်မာဝင်းကတော့ ငွေကြေးပြည့်စုံပေမယ့် တစ်ခုလပ်ကလေးအမေတစ်ယောက်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။အောင်ရေချမ်းကလည်း အမျိုးသမီးရဲ့ ဖြစ်တည်မှုက လက်ခံပေးနိုင်တာကြောင့် သိသိရက်နဲ့ လက်ထပ်ခဲ့ပြီး အရာအားလုံးအဆင်ပြေတဲ့အကြောင်းပြောလာခဲ့ပါတယ်။

မြတ်သူသူ

မင်းသမီး မြတ်သူသူကတော့ Mrtv-4က ထုတ်လွှင့်တဲ့ထာဝရမန္တလေးဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေရှေ့ကိုရောက်ရှိလာသူလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ဝိညာဉ်ရှိုက်သံ၊ဝင်္ကပါစံအိမ်၊ရတနာထဲကရတနာ၊ပျားရည်အိုင်စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ရင်း ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ မင်းသမီးတစ်လတ်ဖြစ်လာခဲ့ပါတယ်။မြတ်သူသူကတော့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုမြင့်တတ်ခဲ့သူလည်းဖြစ်ပါတယ်။မြတ်သူသူအနေနဲ့ လူပျိုတစ်ယောက်နဲ့ လက်ထပ်ခဲ့တာမဟုတ်ဘဲ တစ်ခုလပ်သူဌေးတစ်ယောက်နဲ့ လက်ထပ်ယူခဲ့ပြန်ပါတယ်။မြတ်သူသူကတော့ တစ်ခုလပ်သူဌေးကြီးနဲ့ လက်ထပ်ခဲ့တဲ့ အပေါ်မှာ‌ပရိတ်သတ်တွေရဲ့ဝေဖန်မှုပြင်းထန်ခဲ့ပေမယ့် သူမကတော့ ယောင်္ကျားလုပ်စာကို ထိုင်မစားဘဲ ကိုယ်တိုင် Livesale တွေရောင်းပြီးငွေရှာကာ အခုအချိန်မှာတော့ ရွှေဆိုင်ပိုင်ရှင်တောင်ဖြစ်လို့နေပြီလည်းဖြစ်ပါတယ်။

ခေးဆက်သွင်

ပရိတ်သတ်အားပေးချစ်ခင်မှုကိုလည်းရရှိထားသလို လုပ်ဖော်ကိုင်ဖက်တွေရဲ့ အချစ်ကိုပါရရှိထားတဲ့ ခေးဆက်သွင်ကလည်း တစ်ခြားမင်းသမီးတွေနည်းတူဘဲ တစ်ခုလပ်သူဌေးသားကိုရွေးချယ်ခဲ့သူတစ်ယောက်ပါဘဲ။ရုပ်ရည်လည်းချောမောသလို သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်လတ်ဖြစ်တဲ့ ခေးဆက်သွင်ကတော့ အားပေးတဲ့ပရိတ်သတ်တွေများစွာရှိသလို ဘေးနားမှာလည်း လူပျိုအမျိုးသားတွေ ဝိုင်းဝိုင်းလည်နေပေမယ့် မုန့်တိုက်ပိုင်ရှင်တစ်ခုလပ်နဲ့ လက်ထပ်သွားခဲ့တာကြောင့် ပရိတ်သတ်တွေအံ့အားသင့်ခဲ့ရပါတယ်။‌ေဝဖန်မှု‌ေတွရှိခဲ့‌ေပမယ့်လည်း ခေးဆက်သွင်ကတော့ ချစ်သူကို ငွေမက်လို့ယူတာမဟုတ်ဘဲ အကုန်ကြွေလို့လက်ထပ်ခဲ့တဲ့ အကြောင်းကိုပြောပြလို့လာခဲ့ပါတယ်။လက်ရှိမှာတော့ ခေးဆက်သွင်တစ်ယောက် သားလေးမွေးပြီး သာယာတဲ့ မိသားစုဘဝလေးကိုပုိင်ဆုိင်နေခဲ့ပြီလည်းဖြစ်ပါတယ်။

ရေးသားသူ – One Daily channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...