ဒုတိယမြောက်ကလေးကို ပိုင်ဆိုင်ရတော့မယ့် ကိုရီးယားမင်းသားချောဆောင်ဂျွန်ကီ
တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမင်းသားချော ဆောင်ဂျွန်ကီနဲ့ ဇနီးဖြစ်သူ ကေတီ လူးဝစ် ဆောင်ဒါစ်တို့ဟာ ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒီသတင်းထွက်ရှိလာခဲ့ပြီးတဲ့နောက်မှာ ဆောင်ဂျွန်ကီရဲ့အေဂျင်စီ HighZium Studio က အတည်ပြုပေးခဲ့ပါတယ်။
“ဆောင်ဂျွန်ကီက ကလေးနှစ်ယောက်ဖခင်ဖြစ်လာတော့မှာပါ။ မွေးဖွားမယ့်ရက်ကတော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာဖြစ်လို့ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ခက်ခဲပါတယ်”လို့ အေဂျင်စီက ထုတ်ပြန်ခဲ့တာပါ။
ဂျွန်ကီနဲ့ကေတီတို့ဟာ သူတို့ရဲ့သားဦးလေးကို ၂၀၂၃ ခုနှစ် ဇွန်လမှာ ပိုင်ဆိုင်ခဲ့ရတာပါ။ သူတို့နှစ်ဦးဟာ အဲ့ဒီနှစ် ဇန်နဝါရီလမှာ လက်ထပ်မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကို အခုနှစ် ဇွန်လက ဆိုးလ်မြို့မှာ သူတို့သားလေးရဲ့ကလေးတွန်းလှည်းနဲ့အတူ တွေ့မြင်ခဲ့ရပါတယ်။ သူတို့ဟာ လူအများမျက်စိကျတဲ့ စုံတွဲဖြစ်ပေမဲ့ အဲ့ဒီအချိန်တုန်းက လူမှုကွန်ယက်အသုံးပြုသူတွေ အာရုံစိုက်ဖြစ်ခဲ့တာက ကလေးတွန်းလှည်းရဲ့တန်ဖိုးကိုပါ။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။