နောက်ထပ်သမီးလေးတစ်ယောက် ရရှိတော့မှာဖြစ်လို့ပျော်ရွှင်နေတဲ့ အဆိုတော်L လွန်းဝါတို့မိသားစု

Celebrity Local News
နောက်ထပ်သမီးလေးတစ်ယောက် ရရှိတော့မှာဖြစ်လို့ပျော်ရွှင်နေတဲ့ အဆိုတော်L လွန်းဝါတို့မိသားစု

အသံချိုချို အေးအေးလေးနဲ့ တေးသီချင်းများကို သီဆိုလေ့ရှိ ပြီး “အချစ်မျက်ဝန်း” သီချင်းပိုင်ရှင် တေးသံရှင် Lလွန်းဝါက ပရိသတ်တွေရှေ့ကနေ ခဏတာ ပျောက်နေပြီး၂ နှစ် နီးပါး လောက် အကြာမှာ ပြန်လည် ထွက်ပေါ်လာခဲ့ပြီး ယခုအချိန်မှာ တော့ သူဟာ တယောက်တည်း အေးအေးချမ်းချမ်း ဘဝကို ဖြတ်သန်း နေတယ်လို့ ပြောပါတယ်။

Lလွန်းဝါဟာ ဒီကနေ့မှာတော့ သူတို့ရဲ့ ဒုတိယမြောက်သမီးလေး ရဲ့ Welcoming Party ပွဲကို မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကျင်းပခဲ့တဲ့ အမှတ်တရလေးကို မျှေ၀လာပါတယ်.. L လွန်းဝါက “welcoming party for baby Lilian Lazum သမီးလေး Lilian ရဲ့ Baby Shower အမြဲတမ်းအကွက်ကျ ကျ စီစဉ်ဆောင်ရွက်ပေးတဲ့ ချစ်ရတဲ့ ကျနော့်ရဲ့ LA မိသားစု အန်ကယ် အန်တီ ZinMaw မမီးကြီး မမီးငယ် ကိုတိုးငယ် တို့နဲ့ LA က ချစ်အကိုအစ်မ မိတ်ဆွေသူငယ်ချင်းများ အရမ်း ကျေးဇူးတင်ပါတယ်.. သမီးလေးရယ် သားလေးရယ်အတွက် ကျနော်တို့ မိသားစုအတွက် ဆုတောင်းကောင်းချီးပေးသော BCC LA မှဆရာထွေးဒင်ညွန့်နဲ့ ချစ်ရတဲ့ ဆရာမမွှေးအချိန်ပေး ပြီး လာပေးကြသော ရပ်နီးရပ်ေ၀းမှ ညီအစ်ကိုမောင်နှမများ LA ကချစ်သူငယ်ချင်းတွေလည်း ကျေးဇူးတင်ပါတယ်နော် အရမ်းပျော်စရာကောင်းပါတယ်.. ဆိုပြီး ပြောလာတာပဲ ဖြစ်ပါ
တယ်…

Lလွန်းဝါတို့ ဇနီးမောင်နှံကတော့ အခုဆိုရင် ပထမဦးဆုံးသား လေးအပြင် နောက်ထပ်သမီးလေးတစ်ယောက်ကိုပါ ထပ်မံရရှိ ရမယ်လို့ ဆိုပါတယ်.. Lလွန်းဝါတို့ ဇနီးမောင်နှံကတော့ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပြီးပြည့်စုံသွားပြီဖြစ်ပါတယ်..

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...