ပရိသတ်တွေထင်နေသလို သာယာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ထားတယ်ဆိုတာမဟုတ်ဘူးဆိုတဲ့ အဆိုတော်ချမ်းချမ်း

Celebrity Local News
ပရိသတ်တွေထင်နေသလို သာယာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ထားတယ်ဆိုတာမဟုတ်ဘူးဆိုတဲ့ အဆိုတော်ချမ်းချမ်း

ချမ်းချမ်းကတော့မြန်မာနိုင်ငံရဲ့ ထိပ်တန်းအမျိုးသမီးအဆိုရှင်တွေထဲကတစ်ဦး အပါအဝင်လို့အသိမှတ်ပြုခံထားရသူပါ။ သူမကတော့ Melody Worldအဆိုပြိုင်ပွဲကနေပရိသတ် တွေရဲ့အားပေးမှုရရှိလာပြီးနောက် သူမရဲ့သီချင်း ဗီဒီယိုများစွာဟာ ပရိသတ် ပါးစပ်ဖျားမှာရေပန်းစားစေခဲ့သူပါ။

ယခုတစ်ခါမှာတော့ လူတွေထင်နေသလို သူမဘဝဟာအစစအရာရာအဆင်ပြေနေတာမဟုတ်ကြောင်းရင်ဖွင့်လာတာပဲဖြစ်ပါတယ်။” ဘဝဟာ တခါတရံ ကိုယ်ဖြစ်ချင်တာ လိုချင်တာ တွေ ဖြစ်မလာတတ်တာသဘာဝပါ
ကိုယိကပိုလိုချင် ဖြစ်ချင်လေလေ ပိုဆုံးရှူံးလေလေ ဖြစ်တတ်ပါတယ်

ကျမဘဝကို ကြည့်လိုက်ရင် ပြည့်စုံနေတယ်လို့ထင်ရတယ် တကယ်တော့တအားကို ပင်ပန်းတာပါ
အစစအရာရာကို စိတိရှည်ပေး အကောင်းမြင်စိတ်နဲ့ဖြတ်သန်းလို့သာ အခုလိုအေးချမ်းစွာတွေ့နေရတာ

ပေးဆပ်မှူတွေ အများကြီးပါ
လူတွေ မသိတဲ့မမြင်ရတဲ့ အရာတွေ ဖြတ်သန်းမှုတွေပေါ့

ချစ်တဲ့သမီး ၃ယောက်ရယ်
ကိုယ့်ကိုတန်ဖိုးထားတဲ့ အမျိုးသားရယ်
ကိုယ့်ကို ချစ်တဲ့မိသားစု ပတ်ဝန်းကျင်မှာရှင်သန်ရတဲ့ အတွက် ဘုရားကိုကျေးဇူးတင်တယ်

ဘာမှ မရှိတော့တဲ့ဘဝဟာ ပြည်စုံစေလိမ့်မယ်လို့တခါမှ မတွေးဖူးပါဘူး
ပစ္စည်းဥစ္စာအောင်မြင်မှူတွေ စွန့်လွှတ်ခဲ့ပီးနောက်မှာ အေးချမ်းပျော်ရွှင်စွာ အသက်ရှင်ရဖို့က အဓိကဆိုတာ ပိုပိုသိလာတယ်

ကိုယ်ရှင်သန်ခဲ့တဲ့နယ်ပယ်မှာ ကောင်းတာရော ဆိုးတာရော ကြုံတွေ့ဖူးတာကြောင့် ဘယ်သူ့ကိုမှ အထင်လဲ မကြီးသလို အထင်လဲ မသေးဘူး

တစ်ခုသေချာတာကတော့ လူအများလေးစားဖို့ချစ်ဖို့ကြိုးစားနေတဲ့ လူဟာ
ကိုယ့်ကိုယ်ကို ချစ်ဖို့မေ့နေတဲ့သူပဲ

ဘယ်သူ့ စိတ်ကျေနပ်မှုကိုမှ မမျော်လင့်ပါနဲ့
လူဆိုတာ သင်နဲ့တွေ့ရင် သင့်ကို အကောင်းပြောမယ်
နောက်ကွယ်ကျ အတင်းပြောမယ်

သင့်အပြင်နောက်တစ်ယောက်ကို တွေ့ရင် သင့်အတင်းပြောကြမယ်

လောက ကြီးက ရိုးသားတဲ့သူတွေကို ပင်ပန်းစေတယ်
ယုတ်မာတဲ့သူတွေကို နေရာပေးတယ်

ဒါကြောင့် ကျမ ဘယ်တော့မှ သူတပါးကြိုက်အောင်
မပြော
မနေ
မလုပ်ယူဖြစ်ဘူး
ကိုယ့်အရှိ အတိုင်းပဲနေတယ်
ကြိုက်ရင်လဲ ပေါင်းမကြိုက်ရင်လဲ ခွါသွား

အခုနောက်ပိုင်း အရင်လို အားမနာတော့ဘူး
နိုင်ငံရေးဟာလဲ သူ့ အတိုင်းအတာနဲ့သူ လုပ်ပေးနိုင်သလောက် ကူပေး လုပ်ပေးတယ်

မိသားစု ကို အချိန်မပေးနိုင်လောက်အောင် စိတိပင်ပန်းအောင် မနေတော့ဘူး

နေရာတော်တော်များများမှာ လူတစ်ယောက်စီကနေအလကား အစစအရာရာမျောိလင့်နေတဲ့ လူ့ဘောင် အဖွဲ့စည်းထဲ မသွားတော့ဘူး

လူတိုင်းသူ့တန်ဖိုးနဲ့သူပါ

လေးစားမှု မရှိရင် ဘယ်လောက်ပဲသဘောကောင်း
လူတွေဟာခေါင်းပေါ် ချီးတက်ပါကြပါတယ်
လုပ်လို့ရလို့ကျေးဇူးကန်းတတ်ပါတယ်

ဟန်ဆောင်မိတ်ဆွေတွေလဲ မပေါင်းဖြစ်တော့ဘူး

အဓိကကျတဲ့ရိုးသားပီးတကယ်လိုလားသူ ခင်မင်မှုကိုသာရှာတော့တယ်
ပေါ်ပင်မကြိုက်လို့ ဘာကိုမှ အကြီးတကျယ် ပုံချဲ့တာ မလုပ်ဘူး

အဲ့ဒါကြောင့်လဲ သူငယ်ချင်းမိတ်တွေ စစ်နည်းတယ်
ဒါကြောင့် ကျမ အေးချမ်းနေတာထင်ပါရဲ့

ဘာမှလဲ လိုချင် စိတ်မရှိ ဖြစ်ချင်စိတိမရှိလို့ အရာရာဟာ သူ့ဘာသာသူပုံပေါ်လာတယ် လို့ခံစားရတယ်

ပိုက်ဆံနဲ့ဖြေရှင်းလို့မရတဲ့ အရာတွေအများကြီးဆိုတာ သိလာတယ်

ဘယ်လောက်ပဲ အပင်ပန်းခံ ကြိုးစားကြိုးစား
လူဆိုတာ ဘယ်တော့မှ မတင်းတိမ် မကျေနပ်နိုင်ဘူး
အဲ့ဒါကြောင့် အခု စည်းကမ်းလေးနဲ့ပွဲတွေလက်ခံတယ်
အလုပ်တခုကို စည်းစနစ်နဲ့လုပ်နိုင်ဖို့ လူညီဖို့လိုတယ်

တို့မြန်မာလူမျိုးတွေဟာ တခုခုဖြစ်ပီဆို ရောချလေ့ရှိ
တယ်

အကြောင်းတခုခု ပြုပီး အရာအားလုံးလိုချင်ဖြစ်ချင်တတ်ကြတယ်
ရှက်စရာသိပ်ကောင်းတယ်
သူများက အဝါဆို နီလဲ လိုက်ဝါ ကြတယ်
ဘာလို့ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိသလဲ

ကိုယ့် သမိုင်းကိုယ်ရေးနေတာဆိုရင် ဘာကြောင့်သူတပါးအမြင် ဆုံးဖြတ်ချက်ကအရေးပါနေတာလဲ
သင်ဟာသင်ပါပဲ
ယုံကြည်ပါ

ဘယ်သူ့ အားပေးခြင်း အားကျခြင်းမှ မမျော်လင့်ပါနဲ့
မိသားစုတိုင်း အေးချမ်းပါစေ

သမီးတွေနဲ့အလုပ်ရှုပ်နေတဲ့မေမေ”ဆိုပြီး သူမခံစားနေရတာတွေကိုဝေမျှပြောပြလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...