ဘာဘီရုပ်လေးလိုချစ်စရာကောင်းအောင် ပြင်ဆင်ထားတဲ့ပုံရိပ်လေးတွေဝေမျှပေးလာတဲ့ သရုပ်ဆောင် မေမီကို

Celebrity Local News
ဘာဘီရုပ်လေးလိုချစ်စရာကောင်းအောင် ပြင်ဆင်ထားတဲ့ပုံရိပ်လေးတွေဝေမျှပေးလာတဲ့ သရုပ်ဆောင် မေမီကို

ချစ်စရာကောင်းသလို သရုပ်ဆောင်လည်းကောင်းတာမို့ ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ မေမီလေးကတော့ ချစ်သူလေးနဲ့ အချစ်ရေးမှာ အဆင်ပြေနေလို့ လူတိုင်းကအားကျနေရတဲ့ မင်းသမီးလေးဖြစ်ပါတယ်။ ချစ်စရာအပြုံလေးတွေနဲ့ မြင်သူတိုင်းကိုစွဲဆောင်နိုင်သူလေး ဖြစ်နေတဲ့မေမီကိုကတော့ အရမ်းကိုအချစ်ခံနေရသူလေး ဖြစ်ပါတယ်.. သူ မကသူငယ်ချင်းတွေနဲ့လည်းနွဲ့ဆိုးဆိုးတတ်သူလေး ဖြစ်နေတယ်လို လည်းသူငယ်ချင်းဖြစ်သူနဲ့အင်တာဗျူးမှာဖြေသွားပါသေးတယ်။

လတ်တလောမှာ ရုပ်သံဇာတ်လမ်းတွဲတွေ ကိုလည်း များစွာရိုက်ကူးနေခဲ့ရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာပါ ပါဝင်သရုပ်ဆောင်နေတဲ့အထိကို အောင်မြင်မှုတွေရရှိ နေခဲ့ပြီပဲဖြစ်ပါတယ်။ ကြော်ငြာဓာတ်ပုံအလှပုံတွေကိုလည်း မကြာခဏဆိုသလိုရိုက်ကူးနေရပြီး ပရိသတ်တွေအတွက် သူ့ ရဲ့ပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ မျှဝေဖော်ပြပေးနေခဲ့ပါတယ်။

ယခုအခါမှာလည်း သူမက ဘာဘီရုပ်လေးလိုပြင်ဆင်ထားတဲ့ပုံလေးတွေကို ပရိသတ်ကိုဝေမျှပေးလာတာပဲဖြစ်ပါတယ်။ မေမီကိုကို ကိုချစ်တဲ့ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

ရေးသားသူ –Let pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...