မိခင်ဖြစ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ မင်းသားကြီးနစ်ကိုလက်စ် ကေ့ချ်ရဲ့သား အဖမ်းခံခဲ့ရ

မိခင်ဖြစ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ မင်းသားကြီးနစ်ကိုလက်စ် ကေ့ချ်ရဲ့သား အဖမ်းခံခဲ့ရ

Celebrity International News
မိခင်ဖြစ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ မင်းသားကြီးနစ်ကိုလက်စ် ကေ့ချ်ရဲ့သား အဖမ်းခံခဲ့ရ

Ghost Rider မင်းသားအဖြစ် လူအများသိကြတဲ့ မင်းသားကြီး နစ်ကိုလက်စ် ကေ့ချ်ရဲ့သားဖြစ်သူ ဝက်စ်တန်ဟာ စိတ်ကျန်းမာရေးမတည်မငြိမ်ဖြစ်နေစဉ်အတွင်း သူ့ရဲ့မိခင်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။ မိခင်ဖြစ်သူ မင်းသမီး ခရစ္စတီးနား ဖုလ်တန်ရဲ့မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာတွေတွေ့ရှိခဲ့ပြီးနောက် ရက်သတ္တပတ်အကြာမှာ သေစေတတ်တဲ့လက်နက်နဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက် ဇူလိုင်လ ၁၀ ရက်နေ့က ဝက်စ်တန်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ လော့စ်အိန်ဂျလိစ်ရဲဌာနက အတည်ပြုပေးခဲ့ပါတယ်။

အဲ့ဒီနေ့မှာပဲ အာမခံကြေး အမေရိကန်ဒေါ်လာ ၁၅၀၀၀ နဲ့ပြန်လွတ်လာခဲ့ပါတယ်။ သူ့ကို အာမခံနဲ့ထုတ်ပေးခဲ့တဲ့သူက ဖခင်ဖြစ်သူ နစ်ကိုလက်စ် ကေ့ချ်လို့ ယူဆရကြောင်း The Sun သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ဝက်စ်ဆန်နဲ့မိခင်ဖြစ်သူကြား ခိုက်ရန်ဖြစ်ပွားမှုက ဧပြီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ခရစ္စတီးနားအတွက် လူနာတင်ယာဉ် ခေါ်ခဲ့ပေမဲ့ ဆေးရုံသွားဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ရဲတွေ ရောက်သွားတဲ့အချိန်မှာ ဝက်စ်တန် ပျောက်နေခဲ့တာပါ။ ခိုက်ရန်မဖြစ်ပွားခင် ဝက်စ်ဆန်နဲ့သူ စကားများခဲ့ခြင်းမရှိဘူးလို့ ခရစ္စတီးနားက ဆိုထားပါတယ်။

ခရစ္စတီးနားနဲ့ နစ်ကိုလက်စ်တို့ဟာ ၁၉၈၈ ခုနှစ်မှာ တွဲခဲ့ကြပြီး ၁၉၉၀ ခုနှစ်မှာ ဝက်စ်တန်ကို မွေးဖွားခဲ့တာပါ။ သူတို့စုံတွဲ လက်ထပ်ခဲ့ခြင်းမရှိခဲ့ပေမဲ့ သားဖြစ်သူကိုမွေးဖွားပြီး ၁ နှစ်အတွင်းမှာ လမ်းခွဲလိုက်ကြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...