“ရေနံသာခင်ခင်ကြီးမှာ”ဝါရင့်သရုပ်ဆောင်တွေကိုချီးကျူးပြီး MRTV -4အဖွဲ့တွေကိုဝေဖန်လာတဲ့ ထူးမွန်

Celebrity Local News
“ရေနံသာခင်ခင်ကြီးမှာ”ဝါရင့်သရုပ်ဆောင်တွေကိုချီးကျူးပြီး MRTV -4အဖွဲ့တွေကိုဝေဖန်လာတဲ့ ထူးမွန်

ရုပ်သံဇာတ်လမ်းတွဲတွေများစွာကိုရိုက်လာတဲ့MRtV 4ရုပ်သံလိုင်းက နာမည်ကြီးဝတ္ထုတွေကိုလည်း ဇာတ်လမ်းတွဲအဖြစ်အသက်သွင်းခဲ့တာအားလုံးအသိပါပဲ။အခုလည်းရေနံ့သာခင်ခင်ကြီးလို နာမည်ကြီးဝတ္ထုတစ်ခုကို ဇာတ်လမ်းတွဲအဖြစ်ပုံဖော်ခဲ့ပါတယ်။ဝတ္ထုတွေကို ဇာတ်လမ်းတွဲအဖြစ်ပုံဖော်တဲ့အခါမှာ ဝတ္ထုကိုမမီနိုင်တာနဲ့ ၊ပျက်စီးသွားနိုင်တာ (၂)မျိုးပဲရှိပါတယ်။ဒီထဲမှာ ရေနံသာခင်ခင်ကြီးဇာတ်လမ်းတွဲကရော ဘယ်ထဲမှာပါဝင်ခဲ့လဲ။

MRTV 4ကရေနံ့သာခင်ခင်ကြီးပိုစတာကိုမြင်တာနဲ့ပရိတ်သတ်တွေအတော်လေးမျှော်လင့်ထားခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲကMRTV 4ဇာတ်လမ်းတွဲဖြစ်တာကြောင့် MRTV 4ကသရုပ်ဆောင်အငယ်တွေပါဝင်ထားကြသလို မြန်မာ့ရုပ်ရှင်လောကကဝါရင့်သရုပ်ဆောင်တွေများစွာကိုလည်းသုံးထားပါသေးတယ်။ဒီထဲမှာ မင်းသမီးကြီးစိုးမြတ်သူဇာ ၊စိုးမြတ်နန္ဒာ၊ထူးမွန်လိုဝါရင့်အမျိုးသမီးသရုပ်ဆောင်တွေပါဝင်ထားပြီး အမျိုးသားသရုပ်ဆောင်တွေအနေနဲ့ ရဲအောင် ၊ခန့်စည်သူတို့ပါဝင်ထားပါတယ်။ထူးမွန်အနေနဲ့ဝတ္ထုအဖြစ်ပေါက်ပြီးသားဇာတ်တစ်ခုကို ဇာတ်ကားပြန်ရိုက်ရတဲ့အခါမှာ ကြောက်စိတ်တော့ရှိခဲ့ပါတယ်။

သို့ပေမယ့်လည်းဝတ္ထုဘယ်လောက်ပဲနာမည်ကြီးထားပေမယ့် သူ့အနေနဲ့ဒီဝတ္ထုကိုမဖတ်ပါဘူး။ထူးမွန်သရုပ်ဆောင်ခဲ့ရတဲ့ ဒေါ်သူဇာဆိုတဲ့ဇာတ်ကောင်ကိုတောင် ဝတ္ထုမှာရေးထားတဲ့ဒေါ်သူဇာရဲ့ပုံစံကိုမေ့ထားပြီး ဒေါ်သူဇာသပ်သပ်ဖြစ်အောင်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒီထဲမှာ ဒေါ်သူဇာအဖြစ်ထူးမွန်က အထည်ကြီးပျက်မိသားစုကအိမ်ရှင်မတစ်ယောက်အဖြစ်သရုပ်ဆောင်ထားရပါတယ်။တစ်ယောက်တစ်မျိုးစီဆိုးကြတဲ့လင်နဲ့သားကြား ဗျာများနေရတာကြောင့် ထူးမွန်ရဲ့ဇာတ်ရုပ်ကစိတ်ပင်ပန်းမှုတွေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

ထူးမွန်ကဒီဇာတ်လမ်းတွဲအပေါ်မှာ သူ့ရဲ့အမြင်တွေကိုပြောတဲ့အခါ စိုးမြတ်သူဇာ နဲ့ ခန့်စည်သူတို့လိုဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ အိုက်တင်နဲ့အပြင်အဆင်ကိုတော့ တခုတ်တရချီးကျူးလာပြီး MRTV 4သရုပ်ဆောင်တွေရဲ့လိုအပ်ချက်တွေကိုထောက်ပြလာခဲ့ပါတယ်။ထူးမွန်ကစိုးမြတ်သူဇာတို့ စိုးမြတ်နန္ဒာတို့ကအစ အဝတ်အစားကိုတိကျတိပပြင်ဆင်ထားပေမယ့် ဒီဘက်အဖွဲ့ကတော့အဝတ်အစားကိုဇာတ်ပေါ်မူတည်ပြီးဘာလို့မပြင်ဆင်ကြတာလဲ ဆိုပြီးအားမလိုအားမရပြောလာပါတယ်။

MRTV 4ကသရုပ်ဆောင်အငယ်တွေရဲ့ဝတ်စားဆင်ယင်မှုကဒီဘက်ခေတ်ပုံစံ ရင်စေ့ ခါးတင်တွေဖြစ်နေတာကြောင့် သူတို့တွေဇာတ်ကိုနားမလည်တာလား မဖတ်တာလား။ဒါမှမဟုတ်အဲ့ဒီဇာတ်အပေါ်မှာ တန်ဖိုးမထားတားဆိုပြီး မေးခွန်းပြန်ထုတ်နေပါတယ်။ဒီဇာတ်အတွက် အဝတ်အစားပိုင်းနဲ့မိတ်ကပ်ကို MRTV 4ဘက်ကပဲ တာဝန်ယူပေးထားပေမယ့် မိတ်ကပ်အဖွေးသားနဲ့ လိမ်းခြယ်မှုတွေက သဘာဝမကျဘူးလိူ့ဆိုပါတယ်။

ထူးမွန်အနေနဲ့တော့ ဝတ်စားဆင်ယင်ပုံကအစ အရင်ခေတ်ရဲ့ဝတ်စားပုံတွေသေချာလေ့လာပြီးဝတ်ဆင်ခဲ့ပါတယ်။ဒါ့အပြင် သူ့ရဲ့သရုပ်ဆောင်ချက်တွေကိုသဘောကျပြီး ဒေါ်သူဇာနေရာမှာခံစားစီးမျောပေးခဲ့တဲ့ပရိတ်သတ်တွေအများကြီးရခဲ့တယ်ဆိုပါတယ်။အဲ့အတွက်လည်း ထူးမွန်ကအတော်လေးဝမ်းသာအားရကျေနပ်နေပါတယ်။ဒါ့အပြင် ဒီဇာတ်လမ်းတွဲမှာ သူ့အနေနဲ့အငယ်တွေကိုလမ်းညွှန်သင်ပြပေးခဲ့တာတွေလည်းအများကြီးရှိခဲ့ပါတယ်။

MRTV 4 သရုပ်ဆောင်အငယ်တွေကို လိုအပ်တာတွေထောက်ပြပေးခဲ့ပေမယ့်ထူးမွန်က
ဟန်ထူးစျာန်ကိုလည်း တိတိပပ မောင်မောင်ဦးမဖြစ်ခဲ့ဘူးလို့အားမနာတမ်းထုတ်ပြောလာပါတယ်။ဒါပေမယ့်လည်း မောင်မောင်ဦးရဲ့အသက်ကြီးတဲ့နေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ခန့်စည်သူကိုတော့ မဝေဖန်ရဲပါဘူး။
ထူးမွန်ကဒီလိုတွေပြောနေပေမယ့် ရေနံသာခင်ခင်ကြီးမှာပရိတ်သတ်တွေကတော့ ဟန်ထူးစျာန်နဲ့ဝေလာရီတို့လိုအငယ်တွေနဲ့သရုပ်ဆောင်ထားတာကိုပဲကြည့်ချင်နေကြပါတယ်။ဟန်ထူးစျာန်တို့ဝေလာရီတို့နေရာမှာပြောင်းသွားတဲ့ ခန့်စည်သူတို့ စိုးမြတ်သူဇာတို့ကိုတောင်အစားထိုးပြီးမကြည့်ချင်ကြပါဘူး။

ထူးမွန်က ဝါရင့်သရုပ်ဆောင်ကြီးတွေကိုတော့ လိုလိုလားလားချီးကျူးလာပေမယ့် MRTV-4ဘက်က သရုပ်ဆောင်ကလေးတွေရဲ့လိုအပ်ချက်တွေကိုတော့ အားမနာတမ်းဝေဖန်ထောက်ပြလာခဲ့ပါတယ်။

ဒီလိုဘက်လိုက်တဲ့ပြောစကားတွေကြောင့်သရုပ်ဆောင်ထူးမွန်ကအတော်လေးဝေဖန်ခံခဲ့ရပါသေးတယ်။ထူးမွန်ကအမေခန်းအတူတူသရုပ်ဆောင်ရတဲ့ ဇာတ်ပို့သရုပ်ဆောင်အချင်းချင်းကိုတောင် တူလို့လား တန်လို့လားဆိုတဲ့စကားအသုံးအနှုန်းတွေသုံးပြီး ရိုင်းစိုင်းစွာတုံ့ပြန်ခဲ့ဖူးပါတယ်။ထုးမွန်ကကိုယ်နဲ့တန်းတူတွေဆိုရင်တောင် နှိမ့်ချပြီး ကိုယ့်ထက်မြင့်တဲ့သူတွေကိုတော့ဖားယားတယ်ဆိုတဲ့ဝေဖန်ချက်တွေကိုလည်း လက်ရှိမှာရနေပါတယ်။ပရိတ်သတ်ကြီးကရော”ရေနသာခင်ခင်ကြီးမှာ “ဝါရင့်သရုပ်ဆောင်တွေရဲ့အခန်းတွေကို ပိုကျေနပ်လား ။

ရေးသားသူ – One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...