သမီးလတ်လေး ပီလာရဲ့ ခံစားနေရတဲ့ရောဂါအခြေအနေနဲ့ပက်သက်ပြီး ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာတဲ့ ချမ်းချမ်း
ပရိတ်သတ်ကြီးရေ .. အဆိုတော် ချမ်းချမ်းကတော့ ဂီတ အနုပညာလောကမှာ ပရိတ်သတ်အားပေးမှုကို အခိုင်အမာရရှိ ပိုင်ဆိုင်ထားတဲ့ တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်.. ချမ်း ချမ်းဟာ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူရဲ့ မွေးရပ်မြေအီတလီ နိုင်ငံမှာ သမီးလေးတွေနဲ့အတူတူ နေထိုင်လျက်ရှိတာပဲဖြစ်ပါ တယ်.. ဒီကနေ့မှာတော့ ချမ်းချမ်းက သူမရဲ့သမီးလတ်လေး ပီ လာရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သတင်းကောင်းလေးကို ပြောပြလာပါတယ်..
ချမ်းချမ်းက “God Hears My Prayers. God is everything ” ဒီနေ့ဘုရားသခင်ဆီ ဆုတောင်းတစ်ခုထပ်ပြည့် ခဲ့ပြီ သမီးလေးပီလာဟာ ရောဂါ(၃)မျိုးလောက်ခံစားနေရတာ အရေပြားယားတတ်တဲ့ ရောဂါ သတ္တုပစည်းတွေနဲ့ မတည့် တဲ့ရောဂါ သူ့ခမျာပလပ်စတစ်တို့ ကြွေပစည်းတို့နဲ့ပဲ တို့ထိလို့ရ ပေမယ့် အမြဲပြုံးပျော်နေတဲ့ အမေ့သမီးလေး နောက်တစ်မျိုး က အရေပြားမှာ အသားပိုတို့အဖုလေးတွေ လက်မောင်း အောက်မှာ ပေါက်လာတာအဲ့ဒါကိုဖျောက်ပစ်ပို့က လေဆာနဲ့ ကင်ဒါမှမဟုတ် လှီးထုတ်ပစ်ရမယ်.. သမီးလေးဟာ တ အားငယ်သေးတယ်သူဒီနာကျင်မှုကို မခံနိုင်လောက်ဘူးရယ် .. ကျမစပြီးဘုရားဆီဆုတောင်းတယ် .. သမီးလေးခံစားနေရတဲ့ အရေပြားကက ရောဂါတွေ ကျမဆီပြောင်းပြီးပေးဖို့ သမီး လေးဆေးလိမ်းရုံနဲ့ရောဂါ သက်သာဖို့ဆုတောင်းတယ်…
ကျမနေ့တိုင်းမျက်ရည်ကျရတယ် သမီးလေးကို ဆေးလိမ်းပေး တိုင်းသမီးလေးကတော့ အမြဲပြုံးပျော်နေတာပဲ ဒီနေ့ ဘုရားသခင် ကျမဆုတောင်းတွေကိုသူကြားတယ်.. သမီးလေး လက်မောင်းအောက်က အသားပိုအဖုလေးတွေ အလုံး(၂၀)လောက်ဟာ ဆေးလိမ်းပေးတဲ့ ၃လ အတွင်းသိ သိသာသာချပ်ပြီး မရှိသလောက်ပျောက်သွားတယ်.. ” ဆိုပြီး ပြောပြလာခဲ့ပါတယ်နော်
ရေးသားသူ –Let Pan News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။