အနုပညာလောကကို ကျောခိုင်းခဲ့ပေမယ့် အခုအချိန်အထိ ပရိတ်သတ်တွေရဲ့ရင်ထဲမှာ နေရာယူထားတဲ့ နဝရတ်ရဲ့ ဘဝအကြောင်း

Celebrity Local News
အနုပညာလောကကို ကျောခိုင်းခဲ့ပေမယ့် အခုအချိန်အထိ ပရိတ်သတ်တွေရဲ့ရင်ထဲမှာ နေရာယူထားတဲ့ နဝရတ်ရဲ့ ဘဝအကြောင်း


အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အနုပညာလောကကနေ ရပ်နားသွားခဲ့တဲ့ မင်းသမီးချောနဝရတ်အကြောင်းလေးကို တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။နဝရတ်ကိုတော့ စက်တင်ဘာလ ၆ရက်နေ့ ၁၉၇၇ခုနှစ်မှာ ရန်ကုန်မြို့မှာမွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။ငယ်နာမည်စံပယ်ကိုကို ဖြစ်ပြီး ဖခင် ဦးကိုကိုနဲ့မိခင် ဒေါ်အေးမြစိမ်း(ရုပ်ရှင်သရုပ်ဆောင်)တို့ကမွေးဖွားခဲ့တဲ့ သမီးရတနာလေးလည်းဖြစ်ပါတယ်။နဝရတ်ကတော့ ရုပ်ရှင်သရုပ်ဆောင် ပြည့်ဖူးခိုင်၊မုန်းတို့နဲ့လည်း ‌ညီအမတော်စပ်ပါတယ်။

နဝရတ်လို့ပြောလိုက်တာနဲ့ ခပ်ဟော့ဟော့ ဖက်ရှင်တွေနဲ့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်လတ်ဆိုတာကို လူတိုင်းက သိပြီးဖြစ်မှာပါ။နဝရတ်အောင်မြင်ခဲ့တဲ့ ၂၀၀၀ခုနှစ်‌ေနာက်ပိုင်းတွေမှာ Fashion နဲ့ပတ်သက်ရင်တော်ရုံလူအမြင်မရှိသလို ၊ခပ်ဟော့ဟောစတိုင်တွေက လူတိုင်းမဝတ်တတ်သေးတဲ့အချိန်ပါ။နဝရတ်ကတော့ အဲ့ဒီလိုအချိန်မျိုးမှာ Stylist ဌားပြီး Fashion အလန်းစားတွေနဲ့ ပရိတ်သတ်တွေက တင်ဆက်ဖျော်ဖြေခဲ့သူလည်းဖြစ်ပါတယ်။

နဝရတ်ကတော့ Fashion design နဲ့လည်း ပရိတ်သတ်‌ေတွကြားမှာ ရေပန်းစားခဲ့သလို သူမရဲ့ သရုပ်ဆောင်ချက်တွေကလည်း ပရိတ်သတ်တ္ကို ဆွဲဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။နဝရတ်ကိုတော့ ပရိတ်သတ်တွေက ဦးကျော်ဟိန်းတင်မြှောက်တဲ့မင်းသမီးတစ်လတ်အဖြစ် အသိအမှတ်ပြုအားပေးခဲ့ကြပါတယ်။နဝရတ်ကတော့ ဦးကျော်ဟိန်းရဲ့ သင်ကြားမှုနဲ့ သဘာဝမင်းသမီးတစ်လတ်အနေနဲ့ ကြိုးစားသရုပ်
ဆောင်ရင်း ပရိတ်သတ်တွေရဲ့ လက်ခံအားပေးခြင်းကိုရရှိထားတာလည်းဖြစ်ပါတယ်။

နဝရတ်က အနုပညာလောကထဲကို ၂၀၀၀ခုနှစ်မှာ စတင်ဝင်ရောက်လာခဲ့တာပါ။နဝရတ်ကတော့ ပညာရေးကို စိတ်မဝင်စားခဲ့ရာကနေ အနုပညာလောကထဲကို ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။နဝရတ်ရဲ့ ငယ်ဘဝကတော့ ဖခင် အမှုထမ်းတဲ့ နေရာစုံမှာ ပြောင်းရွှေ့နေထိုင်ခဲ့ရသလို ကျောင်းပေါင်းစုံကိုလည်း ပြောင်းရွှေ့တတ်ရောက်ခဲ့ရပါတယ်။ကျောက်တံတား အ.မ.က ၆နဲ့ မင်္ဂလာတောင်ညွှန့်ကျောင်းတို့မှာ တတ်ရောက်ခဲ့ဖူးပါတယ်။

ကျောင်းပညာရေးမှာ စိတ်မဝင်စားတဲ့ နဝရတ်ကိုတော့ မိခင်ဖြစ်သူက ကျောင်းထုတ်လိုက်ပြီး နိုင်ငံခြားကို ပို့ဖို့ စီစဉ်ခဲ့ပေမယ့် နိုင်ငံခြားမသွားချင်တဲ့ နဝရတ်ကတော့ ရုပ်ရှင်ရိုက်ကူးမယ့်ဘက်ကို ရွေးချယ်လိုက်ပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။နဝရတ်က ၂၀၀၀ခုနှစ်မှာ မိခင်ဖြစ်သူရဲ့ တိုက်တွန်းနှိုး‌ေဆာ်ချက်ကြောင့် ဦးကျော်ဟိန်းနဲ့ ရုပ်ရှင်စတင်ရိုက်ကူးလာခဲ့ပါတယ်။ရုပ်ရှင်စတင်ရိုက်ကူးချိန်မှာ စံပယ်ကိုကိုဆိုတဲ့ နာမည်အစား ဝေပုလ္လဆရာတော်ကြီးပေးလိုက်တဲ့ နဝရတ်ဆိုတဲ့ နာမည်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာလည်းဖြစ်ပါတယ်။

သူမရဲ့ အပိုအလိုမရှိ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ဦးကျော်ဟိန်းတင်မြှောက်တဲ့ သဘာဝမင်းသမီးတစ်လတ်အနေနဲ့ နာမည်ကျော်ကြားပြီးအောင်မြင်လို့လာပါတယ်။နဝရတ်ကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ပိုင်နိုင်စွာ ရိုက်ကူးထားနိုင်ပေမယ့် အခုအချိန်အထိ အကယ်ဒမီဆုနဲ့ လွဲချော်‌ေနတုန်းပါဘဲ။နဝရတ်ဟာ ယခင်အနုပညာအလုပ်ကို လုပ်ကိုင်နေစဉ်က သရုပ်ဆောင်အလုပ်တင်မကဘဲ ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ တည်ထောင်ပြီး နာမည်ကြီး ဇာတ်ကားများကို ထုတ်လုပ်ရိုက်ကူးခဲ့သူတစ်ယောက်ပါ။

သူမကိုယ်တိုင်ပါဝင်ထားတဲ့ “တိမ်မင်းသမီး၏ ဒဏ္ဍာရီရုပ်ရှင်ဇာတ်ကား” မှာတော့ ပရိသတ်တွေက သူမကို ထုတ်လုပ်သူဆုနဲ့ သရုပ်ဆောင် ထူးချွန်ဆုများ ရရှိမယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း အကယ်ဒမီနဲ့လွဲချော်ခဲ့တာ‌ေကြာင့် အနုပညာလောကကို စိတ်နာခဲ့ရပြီး အနုပညာအလုပ်တွေနားခဲ့ကာ အေးချမ်းတဲ့ ဘဝလေးမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရင်း ခွေးလေးတွေနဲ့အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေထိုင်နေတာလည်း တွေ့ရပါတယ်။

နဝရတ်ကတော့အမေဖြစ်သူဆုံးပါးသွားတဲ့ နောက်ပိုင်းမှာ အနုပညာလောကကိုကျောခိုင်းခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ကာ သူမချစ်တဲ့ ‌ေခွးလေးတွေနဲ့ အတူဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့ပါတယ်။နဝရတ်ကတော့ အခုအချိန်မှာ သူမဝါသနာပါရာ Pet shop ကို ရန်ကုန်မြို့မှာ Mandalay pet shopဆိုတဲ့ နာမည်နဲ့ ဖွင့်ခဲ့ပါတယ်။သူမက အနုပညာကို စိတ်နာခဲ့ပြီး အနုပညာအလုပ်မလုပ်ခဲ့ပေမယ့် သူမရဲ့ ပရိတ်သတ်တွေနဲ့ တွေ့ရအောင် ပွဲလေးတွေကို တတ်ရောက်ပေးလေ့ရှိပါတယ်။

သူမအနုပညာတွေရပ်နားထားပေမယ့်ဒါရိုက်တာတွေ ၊ပရိုကျူဆာတွေက အနုပညာအလုပ် ပြန်လုပ်ဖို့အတွက် ပြင်ဦးလွင်အထိ လာခေါ်ကြပေမယ့် သူမက အနုပညာလုပ်ဖို့ စိတ်ကူးမရှိတော့တာကြောင့် ရှောင်နေခဲ့တာလည်းဖြစ်ပါတယ်။နဝရတ်ကတော့ အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် ပရိတ်သတ်တွေနဲ့ တွေ့ရအောင် ပွဲလေးတွေကို တတ်ဖြစ်မှာလည်းဖြစ်ပါတယ်။သူမက အရင်ကအနုပညာအလုပ်ကို စိတ်နှစ်ပြီး ကြိုးစားလုပ်ကိုင်ခဲ့ပြီး ပရိတ်သတ်တွေအားပေးခဲ့ပေမယ့်လည်း ရသင့်ရထိုက်တဲ့ အကယ်ဒမီဆုမရခဲ့တာကြောင့် စိတ်နာကာ ယနေ့ထိတိုင် အနုပညာအလုပ်ကို စွန့်လွတ်လိုက်တာလည်းဖြစ်ပါတယ်။

ရေးသားသူ – One daily channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...