အမေရိကန်နိုင်ငံမှာ အိပ်ခန်း(၃)ခန်းပါအိမ်တစ်လုံးအား ဘုန်းကြီးကျောင်းသို့ လှူဒါန်းခဲ့တဲ့ စမိုင်းလ်

Celebrity Local News
အမေရိကန်နိုင်ငံမှာ အိပ်ခန်း(၃)ခန်းပါအိမ်တစ်လုံးအား ဘုန်းကြီးကျောင်းသို့ လှူဒါန်းခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာလောကကို ဝင်ရောက်ခဲ့ပြီးပြီးချင်းမှာပဲ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ရင်း သူမရဲ့ တမူထူးခြားတဲ့ ကာရိုက်တာ အကျင့်လေးကြောင့် ပရိသတ်တွေ သတိထားမိပြီး အားပေးခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာနယ်ပယ်ကနေထွက်ခွာသွားပြီး ခင်ပွန်းဖြစ်သူနဲ့အတူ နိုင်ငံခြားမှာအခြေချနေထိုင်ဖို့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် စမိုင်းလ်တို့က အမေရိကန်နိုင်ငံမှာ တန်ဖိုးကြီးစံအိမ်ကြီးတစ်ခုကို ဝယ်ယူထားပြီး ကျိကျိတက်ချမ်းသာတဲ့ အခြေအနေကို ရောက်ရှိနေတဲ့ သူဌေးမကြီးတယောက်ဖြစ်လို့နေပါပြီ။သူတို့ဟာငယ်စဉ်ဘဝကရုန်းကန်ရကြောင်းကို အမြဲပြောပြ လေ့ရှိတာပါ။ သူမနဲ့သူမခင်ပွန်းတို့ရဲ့ငယ်စဉ်ကတည်းက တူတူကြိုးစားမှုတွေကြောင့်ယခုလိုအောင်မြင်နေတဲ့သူတွေဖြစ်လာတာပါ။

အခုတစ်ခါမှာတော့သူမရဲ့ အသက်(၄၀)ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလာတာပဲဖြစ်ပါတယ်။

“ကျမရဲ့အသက်၄၀ပြည့်မွေးနေ့အထိမ်းအမှတ်
အမေရိကန်နိုင်ငံတွင် ဗုဒ္ဒဘာသာ သာသနာထွန်းကားရေး တရားထိုင် ပုတီးစိတ်အဓိဌာန်တရားကျင့်စဉ်များပြုလုပ်နိုင်ရန်အတွက် “ ရွှေပြည့်ချမ်းသာသစ်တံခါးကျောင်း “ အား California USA တွင်လှူဒါန်းခဲ့ပါသည်။
ဤကဲ့သို့ အမေရိကန်နိုင်ငံတွင်ကျောင်းတစ်ကျောင်းလုံးအပြင် ရာသက်ပန် ရေ မီး Gas Internet ဖိုးသုံးစွဲခလစဉ်အလှူတွေပါ လှူဒါန်းရသောအကျိုးအားကြောင့် ဖြစ်လေရာဘဝဆက်တိုင်း စိတ်ရှိတိုင်းလှူဒါန်းနိုင်တဲ့သူဖြစ်ရပါစေဘုရား “ဆိုပြီး သူမနဲ့အတူ ပီတိဖြစ်စေရန်ဝေမျှပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...