အသက်၅၀လို့မထင်ရလောက်အောင်ကို ဒူးလောက်ရှည်တဲ့ ဆံပင်ရှည်ကြီးနဲ့အလှကြီးလှနေတဲ့ မြန်မာသံအဆိုတော် စိုးစန္ဒာထွန်း

Celebrity Local News
အသက်၅၀လို့မထင်ရလောက်အောင်ကို ဒူးလောက်ရှည်တဲ့ ဆံပင်ရှည်ကြီးနဲ့အလှကြီးလှနေတဲ့ မြန်မာသံအဆိုတော် စိုးစန္ဒာထွန်း

အရင်ခေတ်ကမြန်မာသံအဆိုတော်တွေအတော်များများက မြန်မာသံစဉ်တွေချစ်မြတ်နိုးကြသလို မြန်မာမှုနဲ့မြန်မာ့ရိုးရာကိုလည်းချစ်မြတ်နိုးကြသူတွေပါ။မြန်မာသံအဆိုတော် အတော်များများကမြန်မာဆန်ဆန်လေးတွေပဲဝတ်စားဆင်ယင်ပြီး ပရိတ်သတ်တွေကို အဆိုရော performance အပြည့်ပေးနိုင်ခဲ့ပါတယ်။ဒီထဲမှာ အားလုံးကတော့ အဆိုတော်စိုးစန္ဒာထွန်းကိုမှတ်မှတ်ရရရှိနေကြမယ်လို့ထင်ပါတယ်။

အုံထူထူဆံပင်ရှည်ရှည်ကို တစ်ပတ်လျှိုဆံထုံးလေးကိုထုံးချထားပြီး မြန်မာဝတ်စုံတွေပဲဝတ်ကာသီချင်းဆိုတတ်တဲ့အဆိုတော်စိုးစန္ဒာထွန်းကိုအတော်များများကသူမရဲ့အဆိုပိုင်းအပြင် မြန်မာဆန်တဲ့ပုံစေလေးကြောင့်သဘောကျခဲ့ရပါတယ်။ခေတ်တွေပြောင်းလို့ အနုပညာရှင်တွေရဲ့ဖက်ရှင်အဝတ်အစားတွေဘယ်လိုပြောင်းပြောင်း မပြောင်းလဲခဲ့တာကတော့ စိုးစန္ဒာထွန်းရဲ့ဖက်ရှင်တွေပါပဲ။

မြန်မာသံ သီချင်းတွေများစွာသီဆိုခဲ့ပြီး တစ်ကိုယ်တော်ခွေတွေများစွာထုတ်ခဲ့ရတဲ့အဆိုတော် စိုးစန္ဒာထွန်းက ပရိတ်သတ်တွေနဲ့ဝေးကွာနေတဲ့အချိန်တွေမှာရော အရင်တုန်းကနဲ့ မတူပဲဘာတွေပြောင်းလဲသွားပြီလဲ?

စိုးစန္ဒာထွန်းရဲ့ပြောင်းလဲသွားတဲ့အရာတစ်ခုကတော့ သူမရဲ့၁၅နှစ်အရွယ်ထဲကထားခဲ့တဲ့ဆံပင်တွေကအသက်(၅၀)အရွယ်မှာအတော်လေးရှည်နေပြီးကြည့်ကောင်းနေတာပါပဲ။အသံ၏ကောင်းခြင်းနဲ့ပြည့်စုံလို့အဆိုတော်ဖြစ်ခဲ့ရတဲ့စိုးစန္ဒာထွန်းက ဆံပင်၏ကောင်းခြင်းနဲ့ပါပြည့်စုံတဲ့အမျိုးသမီးတစ်ယောက်ပါ။

ဆံပင်ရှည်တွေကို(၃၅)နှစ်လုံးထိန်းသိမ်းထားခဲ့တဲ့ စိုးစန္ဒာထွန်းရဲ့စိတ်ရှည်သည်းခံမှုကလည်းအံ့မခန်းပါပဲ။စိုးစန္ဒာထွန်းအနေဲ့တော့ ဒီဆံပင်ရှည်ကြီးတွေကို ထိန်းသိမ်းရတာပင်ပန်းတာကြောင့်ညှပ်ပစ်ချင်ပေမယ့်လည်းဒီဆံပင်တွေက သူကိုယ်တိုင်ထက်ပရိတ်သတ်ကပိုမြတ်နိုးတဲ့အရာဖြစ်နေပါတယ်။ဒါ့ကြောင့်ပဲ ရာသီဥတုဒဏ်ကိုအံတုပြီး ဒီဆံပင်ရှည်ကြီးတွေကိုပရိတ်သတ်အတွက်ထိန်းသိမ်းပေးနေရပါတယ်။

ပရိတ်သတ်တွေက အဆိုတော်စိုးစန္ဒာထွန်းဆိုရင် ဆံပင်ရှည်နဲ့မြန်မာဆန်တဲ့မိန်းကလေးတစ်ဦးရယ်လို့တွဲမြင်ထားတာကြောင့်ပဲ ဆံပင်ရှည်က စိုးစန္ဒာထွန်းရဲ့trademark တစ်ခုလိုဖြစ်နေပါတယ်။အခုဆိုရင် စိုစစန္ဒာထွန်းရဲ့ဆံပင်တွေက ဒူးဆစ်အထိရောက်နေပြီး အတော်လေးကြည့်ကောင်းလို့နေပါတယ်။ဒါ့အပြင်တစ်ကိုယ်တည်းအပျိုကြီးဘဝနဲ့အရိုးထုတ်နေလို့ အပူအပင်ကင်းစွာရှိနေတဲ့ အဆိုတော်စိုးစန္ဒာထွန်းရဲ့ နုပျိုအရွယ်တင်မှုကလည်း ကံကောင်းမှူတစ်ခုလို့ဆိုရမှာပါပဲ။
အခုဆိုရင် အဆိုတော် စိုးစန္ဒာထွန်းကအသက်၅၀အရွယ်ကိုရောက်နေပေမယ့်အသက်၃၀ကျော်လေးလို့သာထင်ခံနေရပါတယ်။

ဒီလိုအထင်ခံရပေမယ့် စိုးစန္ဒာထွန်းရဲ့အချစ်ရေးကတော့ပြောင်းလဲမှုမရှိခဲ့ဘဲ အသက်(၅၀)ထိတောင်ရောက်လာခဲ့ပါပြီ ။အချစ်ရေးနဲ့ပတ်သတ်ရင် စိုးစန္ဒာထွန်းက “အစ်မရဲ့ဘဝမှာတော့ တမ်းတနေတာလည်းမရှိဘူး ။မှန်းဆနေတာလည်းမရှိဘူး”လို့ပြတ်ပြတ်သားသားပြောထားပါတယ်။

စိုးစန္ဒာထွန်းက မြန်မာသံစဉ်တွေအပြင်မေတ္တာပို့တေးသီချင်းတွေ ၊ ဗုဒ္ဓသီချင်းတွေများစွာကိုသီဆိုခဲ့သူပီပီ အခုအချိန်မှာလဲသူ့ရဲ့အချိန်အတော်များများကိုဘာသာရေးအလုပ်တွေနဲ့ကျော်ဖြတ်နေပါတယ်။ဒီလိုတွေကြောင့်သီလရှင်ဝတ်ချင်စိတ်ပါရှိနေတဲ့စိုးစန္ဒာထွန်းကသူမရဲ့ဆံပင်ရှည်ကြီးကြောင့် သီလရှင်မဝတ်နိုင်ပဲဖြစ်နေရပါတယ်။ပရိတ်သတ် ၁၀ယောက်မှာ ၅လောက်က သူမသီလရှင်ဝတ်မယ်ဆိုရင်ကန့်ကွက်ကြတာကလည်းဒီလိုလှပကောင်းမွန်တဲ့ဆံပင်ရှည်တွေကြောင့်ပါပဲ။ဒါကြောင့်လည်းစိုးစန္ဒာထွန်းက သီလရှင်ကို ရာသက်ပန်မဝတ်နိုင်သေးသ၍တော့ မဝတ်ပဲနေဦးမှာဖြစ်ပြီး ဆံပင်ရှည်တွေလည်းဒီတိုင်းထားဦးမယ်လို့ဆိုပါတယ်။

အဆိုတော်စိုးစန္ဒာထွန်းကိုပရိတ်သတ်တွေ မတွေ့ဖြစ်ကြပေမယ့်တခါတရံလည်း ပွဲတွေလိုက်ဆိုတတ်ပြီးနောက်ထပ်လည်းသီချင်းသစ်တွေ ရိုက်ကူးပြီးပရိတ်သတ်ကိုချပြသွားဦးမှာပါ။စိုးစန္ဒာထွန်းက အဆိုကောင်းအသံကောင်းသူတဲ့ မြန်မာသံအဆိုတော်စစ်စစ်ဖြစ်ပေမယ့် သူမရဲ့သီချင်းတွေကနေရာတိုင်းနဲ့မသင့်လျော်တာကြောင့်ပဲ သူမကိုပွဲတိုင်းလိူလိုမှာပရိတ်သတ်ကမတွေ့ကြရတာပါ။စိုးစန္ဒာထွန်းကတော့ မဟာဂီတလို သီချင်းကြီးအမျိုးအစားတွေကိုသီဆိုသွားဦးမှာဖြစ်ပြီး အနုပညာအလုပ်တွေလုပ်သွားဦးမှာပါ။သူမအတွက်တော့ ဂီတအလုပ်က ဝါသနာအရင်းခံတဲ့အလုပ်ဖြစ်တာကြောင့်ဝါသနာနဲ့ပဲခရီးဆက်နေဦးမှာပါ။

ဒီလိုမြန်မာသံအနုပညာကိုပဲတစိုက်မတ်မတ်လုပ်နေပုံကိုကြည့်ရတာနဲ့အဆိုတော်စိုးစန္ဒာထွန်းကမြန်မာသံစဉ်တွေကို ဘယ်လောက်မြတ်နိုးတန်ဖိုးထားလဲဆိုတာသိနိုင်ပါတယ်။သူတန်ဖိုးထားသလိူလည်း ပရိတ်သတ်တွေပ်မ့န်မသံဏဉ်တွေကို ချစ်ခင်တန်ဖိုးထားလာအောင်။ မြန်မာသံစဉ်နဲ့ပတ်သတ်လို့အပြစ်ပြောစရာမရှိအောင် လုပ်ပြနိုင်ခဲ့တာလည်းစိူးစန္ဒာထွန်းပါပဲ။အဆိုတော်စိုးစန္ဒာထွန်းက အဆိုပိုင်းနဲ့ရော အပြင်အဆင်နဲ့ပဲ သူ့ကြောင့်မြန်မာသံစဉ်တွေကိုအထိခိုက်မခံခဲ့ပါဘူး။

မြန်မာသံနဲ့ပတ်သတ်ရင်သူကိုယ်တိုင်က အသံရော performance ကိုပါ authentic ဖြစ်အောင်နေခဲ့တာကြောင့် အခုအချိန်အထိလည်းဂုဏ်သိက္ခာနဲ့အောင်မြင်မှုကိုထိန်းသိမ်းနိုင်နေတာပါ။ဒီလိုအရည်အချင်းရှိတဲ့ အဆိုတော်တစ်ယောက်က တချိန်ချိန်ကျရင်တော့ အနုပညာလောကကနေရာသက်ပန်ထွက်သွားနိုင်နေပါတယ်။ဒါ့ကြောင့်ရှိနေတဲ့အချိန်အတောအတွင်းမှာ သူမဖန်တီးချပြမယ့်အနုပညာတွေကိုအားလုံးက စောင့်မျှော်အားပေးသင့်ပါတယ်။

ရေးသားသူ –One Daily channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...