AI အသုံးပြုမှုနဲ့ အသက် ၂၇ နှစ်အရွယ်ပုံစံ ဂျက်ကီချမ်းကို မြင်တွေ့ရမယ့် The Myth နောက်ဆက်တွဲဇာတ်ကားအသစ်

AI အသုံးပြုမှုနဲ့ အသက် ၂၇ နှစ်အရွယ်ပုံစံ ဂျက်ကီချမ်းကို မြင်တွေ့ရမယ့် The Myth နောက်ဆက်တွဲဇာတ်ကားအသစ်

Celebrity International News
AI အသုံးပြုမှုနဲ့ အသက် ၂၇ နှစ်အရွယ်ပုံစံ ဂျက်ကီချမ်းကို မြင်တွေ့ရမယ့် The Myth နောက်ဆက်တွဲဇာတ်ကားအသစ်

၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားရဲ့နောက်ဆက်တွဲဇာတ်ကားဖြစ်တဲ့ “A Legend” ဇာတ်ကားမှာ အသက် ၇၀ အရွယ် ဂျက်ကီချမ်းကို အသက် ၂၇ နှစ်အရွယ်ငယ်ရွယ်တဲ့အသွင်အပြင်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ AI နည်းပညာနဲ့ ဂျက်ကီချမ်းကို အသက် ၂၇ နှစ်အရွယ်ဖြစ်အောင်လုပ်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့နမူနာကို ဇွန်လအစောပိုင်းမှာ ထွက်ရှိခဲ့တာပါ။ AI နည်းပညာကြောင့် ဂျက်ကီချမ်း ငယ်ရွယ်နေတဲ့အပေါ် ကြည့်ရှုသူတွေက သဘောကျခြင်းမရှိဘဲ အမျိုးမျိုးပြောဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လက ပေကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဂျက်ကီချမ်းက သူ့ရဲ့လက်ရှိအသွင်အပြင်နဲ့ ကျေနပ်ပြီး အိုမင်းမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို ပျော်ရွှင်စွာ လက်ခံထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ငယ်ရွယ်တဲ့နှစ်ကို ပြန်မသွားနိုင်လို့ AI အသုံးပြုထားတာက စိတ်ဝင်စားစရာကောင်းပါတယ်လို့ သူက ဆိုပါတယ်။ “ကျွန်တော် ငယ်ရွယ်ခဲ့တဲ့နှစ်တွေဆီ ပြန်မသွားနိုင်လို့ AI အကူအညီပါတဲ့ ဇာတ်ကားနဲ့ ကျွန်တော်တို့ ပြန်သွားလို့ရတော့ ဒါကလည်း စိတ်ဝင်စားစရာပါပဲ”တဲ့။

A Legend ဇာတ်ကားမှာ ဂျက်ကီချမ်းဟာ ရှေးဟောင်းသုတေသနပညာရှင်ပရော်ဖက်ဆာဖန်အဖြစ် ပါဝင်ထားပြီး သူ့လက်ထောက်နဲ့အတူ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ရှေးဟောင်းကျောက်စိမ်းအရုပ်ကို ထိမိပြီး အနောက်ဟန်မင်းဆက် (ဘီစီ ၂၀၂ – အေဒီ ၂၅) ဆီ ပြန်ရောက်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ထုတ်လုပ်ရေးကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ပြီး ဇူလိုင်လ ၁၂ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...