Foreigner နဲ့ မျိုးစပ်ချင်ကြောင်းရိုးသားစွာဝန်ခံလာတဲ့ ယောင်္ကျားမလိုချင်သူသရုပ်ဆောင် ခင်သဇင်

Celebrity Local News
Foreigner နဲ့ မျိုးစပ်ချင်ကြောင်းရိုးသားစွာဝန်ခံလာတဲ့ ယောင်္ကျားမလိုချင်သူသရုပ်ဆောင် ခင်သဇင်

လေယာဉ်မယ်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ခင်သဇင်ရဲ့ အတွေး‌အခေါ်တွေကတော့ မြန်မာလူမျိုးတွေရဲ့ အတွေးအခေါ်တွေနဲ့ မတူဘဲ ရှေ့ကိုရောက်လွန်းပြီး တမူးထူးခြားလို့နေခဲ့ပါတယ်။အမြဲတမ်းလွတ်လွတ်လပ်လပ် နေထိုင်တတ်သလို ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး အခုအခါမှာလည်း သူဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို အားလုံးသိအောင်ပြောပြလို့လာခဲ့ပါပြီ။ခင်သဇင်ကတော့ Broken family ကလာတာဖြစ်ပေမယ့် တိုးတတ်မယ့်လမ်းကြောင်းကို အမြဲရှာ‌ဖွေနေသူလည်းဖြစ်ပါတယ်။

အရင်က လေယာဉ်မယ်တစ်ယောက်အနေနဲ့ အလုပ်အကိုင်ကောင်းခဲ့သလို နောက်ပိုင်းမှာ သူမရဲ့ ချောမောတဲ့ ရုပ်ရည်လေးကြောင့်ဘဲ သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။လေယာဉ်မယ်တစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ပေမယ့် မထင်မှတ်ထားဘဲ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့‌ေတွ့ရာကနေ အနုပညာ‌လမ်းကြောင်းပေါ်ကို ရောက်ဖို့ ဖြစ်လာခဲ့တာပါ။စိုင်းစိုင်းက သူ့ရဲ့ သီချင်းဖြစ်တဲ့ လေယာဉ်မယ်လေးလိုဘဲ ဆိုတဲ့ သီချင်းထဲမှာ သရုပ်ဆောင်ဖို့ လူရှာနေချိန် ခင်သဇင်ကိုတွေ့ခဲ့ပြီး သရုပ်ဆောင်ခိုင်းရာကနေ ခင်သဇင်တစ်ယောက်အနုပညာလောကထဲကို ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

ခင်သဇင်ကတော့ အခုအချိန်မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို ရုပ်ရည်လည်းချောမောပေမယ့် အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးတဲ့ အပျိုကြီးတစ်ယောက်အ ‌ေနနဲ့ ရပ်တည်နေဆဲပါဘဲ။ ချစ်သူတွေထည်လဲ ထားခဲ့ပေမယ့် အခုအချိန်ထိ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသလို ‌နောင်လည်း ပြုဖို့ အစီအစဉ်မရှိသူလည်းဖြစ်ပါတယ်။

ခင်သဇင်ကတော့ ချစ်သူတွေထားနေပေမယ့် အချစ်တစ်ခုနဲ့ အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ စိတ်ကူးမရှိသလို Confident လည်းမရှိတဲ့ သူပါ။Broken family ကနေ လာခဲ့တဲ့ သူမအတွက်ကတော့ အိမ်ထောင်တစ်ခုထူထောင်ဖို့ ခဲယဉ်းလို့နေပါတယ်။မိသားစုတစ်ခုမှာ သားသမီးရှိမှ သာယာပျော်ရွှင်ပြီး တည်မြဲမယ်ဆိုတာကိုလည်းလက်မခံသလို မိစုံဖစုံဖြစ်မှဆိုတဲ့ အရာတွေကိုလည်း လက်မခံနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူ့ရဲ့ ဘဝဒဏ်ရာတွေ၊ငယ်စဉ်ကဖြစ်ခဲ့ရတဲ့ ခံစားချက်တွေကြောင့်ဘဲ ဘယ်‌ေယာင်္ကျားကိုမှလည်းအယုံအကြည်မရှိသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုထိန်းသိမ်းနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မရှိတာကြောင့် အိမ်ထောင်မပြုတော့ဖို့ ဆုံးဖြတ်ခဲ့တာပါ။အခုအခါမှာလည်း ခင်သဇင်တစ်ယောက် ယောင်္ကျားယူဖို့စိတ်ကူးမရှိဘဲ ကလေးမွေးဖို့ကို စဉ်းစားလို့နေခဲ့ပါပြီ။ခင်သဇင်တစ်ယောက်ကတော့ တိုးတတ်နေတဲ့ ခေတ်ကြီးမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖို့အတွက် ပြင်ဆင်လို့နေပါပြီ။

ကောင်းတဲ့နေရာတွေမှာ တိုးတတ်အောင်လုပ်ဖို့မဟုတ်ဘဲကလေးတစ်ယောက်လူ့လောကထဲကို ရောက်အောင်ခေါ်ပြီး အဖမဲ့ဖြစ်အောင်လုပ်ဖို့ စဉ်းစားကြံစည်နေတာလည်းဖြစ်ပါတယ်။ခင်သဇင်ကတော့ အိမ်ထောင်မပြုချင်ပေမယ့် ကလေးမွေးပြီး Single mom တစ်ယောက်အနေနဲ့ နေထိုင်ချင်တဲ့ စိတ်ကူးရှိလို့နေပါတယ်။ကလေးတစ်ယောက်အမေအနေနဲ့ ဘဝကြီးကို ရှေ့ဆက်ကြည့်ချင်သလို ကလေးတစ်ယောက်တာဝန်ကို ယူကြည့်ဖို့ တွေးနေပြီလည်းဖြစ်ပါတယ်။

ခင်သဇင်အနေနဲ့ ကလေးယူမယ်ဆိုပြီး သူများတွေနဲ့ အဌားကိုယ်ဝန်ဆောင်ခိုင်းတာမ‌ျိုးမလုပ်ဘဲ သူကိုယ်တိုင်ဗိုက်အပူခံပြီး မွေးကြည့်ချင်နေခဲ့တာလည်းဖြစ်ပါတယ်။ကလေးယူရင်လည်း ပြီး ပြီးရောမယူဘဲ မြန်မာပြည်တွင်းဖြစ်ကို အားမပေးဘဲ နိုင်ငံခြားဖြစ်ကိုသာ အားပေးချင်နေခဲ့ပါတယ်။အမျိုးသားတစ်ယောက်ရဲ့ Spam နဲ့ သူကိုယ်ဝန်ဆောင်ရင် မျိုးရိုးကောင်းပြီး၊ဉာဏ်ကောင်းရုပ်ချောအောင် မြန်မာနိုင်ငံကလူရဲ့ Spam ကို မယူဘဲ Foreigner ရဲ့ Spam နဲ့မျိုးစပ်ချင်တဲ့ အကြောင်း ပြောပြလို့လာပါတယ်။

ခင်သဇင်ကတော့ အတွေးအခေါ်တွေဆန်းသစ်နေတာကြောင့် အဆဲခံရဖို့ မြင်‌ေနရပေမယ့် ပေါက်ကရတွေက ပြောလို့ကောင်းနေတုန်းပါဘဲ။သူမွေးလာမယ့် ကလေးလေးကို ဉာဏ်ကောင်းပြီး အရာအားလုံးထက်သာအောင် နိုင်ငံခြားသားရဲ့ Spam ကိုဈေးကြီးပေးဝယ်ပြီး မျိုးစပ်ဖို့ တွေးတောနေပြီလည်းဖြစ်ပါတယ်။သူ့ရဲ့ ဆန္ဒအရသာဆိုရင် အခုချက်ခြင်းထလုပ်ချင်ပေမယ့် မွေးလာမယ့်ကလေးစိတ်ဒဏ်ရာရနိုင်မလားဆိုတာသူ့ဘက်က စဉ်းစားနေသေးတာမို့ ကလေးယူဖို့ အချိန်ယူနေတာလည်းဖြစ်ပါတယ်။

ခင်သဇင်ကတော့ သူ့အနေနဲ့ ကိုယ်ဝန်ဆောင်နိုင်ဖို့ အချိန် ၈နှစ်လောက်ရသေးတာကြောင့် သေချာစဉ်းစားပြီးရင် နိုင်ငံခြားသားနဲ့ မျိုးစပ်
ပြီး Single mom ဘဝကို ခံယူတော့မှာလည်းဖြစ်ပါတယ်။သူမရဲ့ ခေတ်လွန်နေတဲ့ အကြံကြောင့် ဝေဖန်နေတဲ့ ပရိတ်သတ်တွေရှိနေသလို ပြည်တွင်းဖြစ်ကို အားမပေးလို့ ဆဲဆိုနေတဲ့ ပရိတ်သတ်တွေလည်းရှိလို့နေပါတယ်။

ရေးသားသူ – One daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...