ကျောင်းသားကျောင်းသူတွေအတွက် ငွေသားသိန်း(၄၀)တန်ဖိုးရှိတဲ့ ဗလာစာအုပ်တွေလှူဒါန်းဖြစ်ခဲ့တဲ့ ခိုင်နှင်းဝေ

Celebrity Local News
ကျောင်းသားကျောင်းသူတွေအတွက် ငွေသားသိန်း(၄၀)တန်ဖိုးရှိတဲ့ ဗလာစာအုပ်တွေလှူဒါန်းဖြစ်ခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ပရဟိ တအလုပ်တွေကိုလုပ်ကိုင်ရင်း
အနုပညာအလုပ်တွေကိုပါ လုပ်ကိုင်နေတဲ့ ပရဟိတမင်းသမီးတစ်လက်ပဲဖြစ်ပါ တယ်။ ခိုင်နှင်းဝေက လက်ရှိမှာလည်း ရင်သွေးလေး များဂေဟာကို ဦးစီးတည်ထောင်ထားသလို အခြားသောပရဟိတအလုပ်တွေကိုလည်းလုပ်ကိုင် နေတာပဲဖြစ်ပါတယ်။အခြေခံပြည်သူလူတန်း စားတွေရဲ့ လိုအပ်တာမှန်သမျှကို ကူညီဆောင်ရွက်ပေး နေတဲ့ ခိုင်နှင်းဝေက မိဘမဲ့ကလေးတွေကိုလည်း မိခင်ရင်းသဖွယ် စောင့် ရှောက်ပေးနေသူပါ ။

အခုတစ်ခါမှာလည်း လိုအပ်တဲ့ကလေးတွေအတွက် သိန်း(၄၀)ကျော်တန်ဖိုးရှိတဲ့ပစ္စည်းတွေလှူခဲ့တဲ့အကြောင်းကိုပြောပြလာတာပဲဖြစ်ပါတယ်။ “ငွေကျပ် သိန်း (၄၀) ဝန်းကျင်ခန့် တန်ဘိုးရှိ ဗလာစာအုပ် ဒါဇင် (၅၀၀) ၊မုန့် နှင့် အအေး တို့ကို ခုနှစ်ရက် သားသမီး စုပေါင်း အလှူ အဖြစ် ကာလ ဒါန လှူဒါန်းဖြစ်ပါတယ်…အားလုံးပဲ ပီတိ ကုသိုလ်လေးများ ထပ်တူ ထပ်မျှ ရရှိ ပြီး သာဓု သာဓု ခေါ်ဆို နိုင်ကြပါစေရှင်”… ဆိုပြီးသူမရဲ့လူမှုကွန်ယက်မှာ တင်ထားတာပဲဖြစ်ပါတယ်

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...