ချစ်ဇနီးလေးရဲ့မွေးနေ့မှာ မိသားစုနဲ့အတူ အလှူအတန်းတွေပြုလုပ်ခဲ့တဲ့ နေတိုးတို့မိသားစုလေး

Celebrity Local News
ချစ်ဇနီးလေးရဲ့မွေးနေ့မှာ မိသားစုနဲ့အတူ အလှူအတန်းတွေပြုလုပ်ခဲ့တဲ့ နေတိုးတို့မိသားစုလေး

နိုင်ငံကျော်မင်းသားချော နေတိုးကတော့ အနုပညာလောကမှာ ဆယ်စုနှစ်နှစ်ခုတိုင်အောင် အောင်မြင်မှုများစွာရရှိ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်..နေတိုးဟာအခုဆိုရင်ဇနီးမယား သားသမီးနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး ကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်..

ချစ်ဇနီးလေး “သဲဆုမြတ်ရွှေ” ရဲ့မွေးနေ့လေးမှာ ကုသိုလ် ကောင်းမှုတွေပြလုပ်ရင်း ဖြတ်သန်းခဲ့ကြောင်းကို “ဒီနှစ်သဲသဲရဲ့ မွေးနေ့လေးမှာ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်တွင် ဆပ်ကပ်လှူဒါန်းခြင်း.. ဆေးပဒေသာပင်နေ့ဆွမ်းနဝကမ္မအလှူ နှင့် ကျောင်းဆောက်လုပ်ရန်အတွက် လှူဒါန်းမှုအလှူပြီးမြောက်ခဲ့ပါ တယ်ရှင့် .. ပြသမျှကုသိုလ်ကောင်းမှုအစုစုတို့ကို (၇)ရက်သား သမီးများအားလုံး ထပ်တူရရှိကြပါစေ .. ဆိုပြီး ဇနီးဖြစ်သူက လူမှုကွန်ယက်မှာ ပြောပြလာတာကိုတွေ့ရပါတယ်..

နေတိုးကတော့ ချစ်ဇနီးလေးရဲ့မွေးနေ့မှာ ကောင်းမှုကုသိုလ် တွေများစွာပြုလုပ်ရင်း ပါရမီဖြည့်ပေးခဲ့တာပဲ ဖြစ်ပါတယ် နော်.. နေတိုးတို့မိသားစုလေး ထာဝရပျော်ရွှင်စွာဖြတ်သန်းနိုင် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်..

ရေးသားသူ –Let Pan NEws

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...