ချစ်သူသက်တမ်း ၂နှစ်နဲ့၅လပြည့်မှာ ချစ်သူနဲ့အတူနေဖို့ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်ယူခဲ့တယ်ဆိုတဲ့ အဆိုတော်ပိုးမီ
Myanmar Idol Season(2) မှာ ပါဝင်ယှဉ်ပြိုင်သီဆိုခဲ့တဲ့ “ပိုး မီ” ကိုတော့ ပရိတ်သတ်ကြီးအားလုံး မှတ်မိကြဦးမယ်နော် .. ပိုးမီဟာပြိုင်ပွဲမှာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် သူမဝါ သနပါတဲ့ အနုပညာလှုပ်ရှားမှုတွေကို တစိုက်မတ်မတ်လုပ်ကိုင် လျက်ရှိတာပဲဖြစ်ပါတယ်.. ပိုးမီ ဟာအချစ်ရေးနဲ့ပတ်သက်ပြီး ပွင့်လင်းစွာချပြနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်နော် ..
ဒီတစ်ခါမှာတော့ ပိုးမီက သူမရဲ့ချစ်သူလေးနဲ့အတူတူ အနာဂတ်အိမ် တစ်လုံးကို ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်.. ပိုးမီက “Happiest Anniversary” မှတ်မှတ်ရရ ဒိတ်လှလှပေါ့ ချစ်သူရေ (၂)နှစ် နဲ့ (၅)လပြည့်တဲ့နေ့လေးမှာ အတူတူကြိုးစ ပြီး အမြဲလိုချင်ခဲ့တဲ့ အိမ်မက်ထဲကအိမ်လေးကို အကောင်အထည်စပြီးဖော်နိုင်ခဲ့ပြီ စိတ်ကူးလေးတွေ ရုပ်လုံးပေါ်လာပြီပေါ့ .. အရမ်းပျော်တယ်အိမ်လေးလိုချင်တဲ့ ကိုယ့်အိမ်မက်လေးကို အတူတူကြိုးစားပါရမီဖြည့်ပေးလို့ ကျေးဇူးတင်ပါတယ် .. ဆိုပြီးပြောလာပါတယ်..
ပိုးမီနဲ့သူမရဲ့ချစ်သူကောင်မလေးကတော့ တစ်ယောက်နဲ့ တစ် ယောက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရင်း သူတို့သွားချင် တဲ့ ပန်းတိုင်ကိုအရောက်လှမ်းနေတာဖြစ်လို့ ချစ်သူတိုင်း အတွက် အားကျအတုယူစရာပါပဲနော် ..
ရေးသားသူ –Let Pan News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။