တနေ့တည်းမှာပဲ အကြီးမားဆုံးဝမ်းနည်းစရာဖြစ်ရပ်နှစ်ခုကို ဝမ်းနည်းစွာ ရင်ဖွင့်ပြောပြလာတဲ့ နိုင်းဝမ်း

Celebrity Local News
တနေ့တည်းမှာပဲ အကြီးမားဆုံးဝမ်းနည်းစရာဖြစ်ရပ်နှစ်ခုကို ဝမ်းနည်းစွာ ရင်ဖွင့်ပြောပြလာတဲ့ နိုင်းဝမ်း

ပရိတ်သတ်ကြီးရေ .. အဆိုတော် နိုင်းဝမ်းကတော့ “အရောင်မ ဆိုးနဲ့” “စလုံးကချစ်သူ” စတဲ့သီချင်းတွေနဲ့ ပရိတ်သတ် အားပေးမှုကို ရရှိပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပြီး .. ဂီတအနုပညာ လောကမှာအောင်မြင်မှုရရှိခဲ့သူပဲဖြစ်ပါတယ်… ဒိုင်းဝမ်းဟာ လတ်တလောမှာတော့ သူ့အတွက်ပထမဦးဆုံးရရှိမယ့် သမီး လေးအတွက် စိတ်လှုပ်ရှားရင်ခုန်နေတာဖြစ်ပြီး ကံကြမ္မာ ရဲ့ မျက်နှာသာမပေးမှုကြောင့် သမီးလေးကို ရုတ်တရက်ဆုံးရှုံး သွားခဲ့ရပြီ ဖြစ်ပါတယ်..

နိုင်းဝမ်းက “ကျွန်တော်တို့ လင်မယားအများကြီးမျှော်လင့်ချက်တွေထားခဲ့ပြီး .. အရမ်းချစ်ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ သမီးဦး ရတနာလေး ကိုယ်ဝန်(၉)လကျော်ခဲ့ပြီးမှ ခွဲစိတ်မွေးဖွားဖို့ရက်မ တိုင်ခင်(၂)ပတ်ပဲလိုတော့လို့ အစစအရာရာဂရုစိုက်နေထိုင်ရင်း နဲ့ စောင့်နေကြတဲ့ကြားကမှ ဒီနေ့ညပိုင်းမှာ လုံးဝမမျှော်လင့် ထားခဲ့ပဲ အချင်းလည်ပင်းကိုပတ်သွားခဲ့ပြီး သိသိချင်းဆေးရုံမှာ ချက်ချင်းခွဲထုတ်မွေးခဲ့ပေမယ့် သမီးလေးရဲ့ အသက်ကိုမမှီ လိုက်နိုင်ခဲ့ပါခင်ဗျာ

မိခင်ရဲ့ ကျန်းမာရေးကတော့ အခုအဆင်ပြေပါပြီ . ဒီရက်ပိုင်းမှ မိန်းမရဲ့ အမေကလဲ သွေးဖြူဥကင်ဆာရောဂါ စတင်ဖြစ်နေ မှန်းသိလိုက်ရတာကြောင့် အခုလိုကျွန်တော့မိန်းမမှာလဲ များစွာ စိတ်ထိခိုက်နေပါတယ်.. ကျွန်တော်တို့တွေ ပြောမပြတတ် လောက်အောင်ခံစားနေရတဲ့အတွက် အားလုံးနဲ့ အဆက်အသွယ် မလုပ်ချင်တာ နားလည်ပေးကြပါခင်ဗျာ .. ” ဆိုပြီး ဝမ်းနည်း ကြေကွဲစွာနဲ့ ပြောပြလာပါတယ်နော် ..

ရေးသားသူ- Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...