သူငယ်ချင်းလိုပဲ နေကြတော့မယ် ဆိုတဲ့ထိုင်း နာမည်ကြီး သရုပ်ဆောင် စုံတွဲဖြစ်တဲ့ နိုင်း နဲ့ ဘိုင်ဖန်

Celebrity International News
သူငယ်ချင်းလိုပဲ နေကြတော့မယ် ဆိုတဲ့ထိုင်း နာမည်ကြီး သရုပ်ဆောင် စုံတွဲဖြစ်တဲ့ နိုင်း နဲ့ ဘိုင်ဖန်

ထိုင်း နာမည်ကြီး သရုပ်ဆောင် စုံတွဲဖြစ်တဲ့ Nine Naphat Siangsomboon နဲ့ Baifern Pimchanok Luevisadpaibul ချစ်သူစုံတွဲဟာ ချစ်သူအဖြစ်မှရပ်ဆဲပြီး သူငယ်ချင်းအဖြစ် ဆက်ရှိနေမယ်လို့ နိုင်းရဲ့ မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဒီကနေ့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

‘ကျနော်တို့ သူငယ်ချင်းလိုပဲ နေကြတော့မှာပါ။ ကျနော်တို့ ရန်လည်းမဖြစ်ပါဘူး၊ တတိယလူလည်း မရှိပါဘူး၊ မဆိုင်တဲ့ အခြားသူတွေကို မဝေဖန်ကြပါနဲ့၊ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိပါတယ်၊ သူနဲ့အတူ လှပတဲ့ အချိန်တွေကိုဖြတ်သန်းခဲ့ပါတယ်၊ ဘိုင်ဖန်က ကျနော့် နှလုံးသားထဲမှာ အကောင်းဆုံး အမျိုးသမီးအဖြစ် ရှိနေပါတယ် ‘ လို့ ဖြေကြားခဲ့ပါတယ်…

အင်တာဗျူး ဖြေအပြီးမှာ နိုင်း ဟာ မိဒီယာတွေရှေ့မှာ ငိုပြီး ထွက်သွားခဲ့တယ်လို့ သိရပါတယ်…

.

နိုင်း နဲ့ ဘိုင်ဖန် ဟာ နာမည်ကျော် ထိုင်းဇာတ်ကားတစ်ခုဖြစ်တဲ့ FRIEND ZONE ဇာတ်ကားကို အတူရိုက်ကူးခဲ့ကြပြီး မြန်မာနိုင်ငံ ရွှေတိဂုံဘုရားမှာလည်း ဇာတ်ဝင်ခန်း လာရောက်ရိုက်ကူးခဲ့ပါသေးတယ်။

FRIEND ZONE ကနေ လာခဲ့တဲ့ ချစ်သူနှစ်ဦးဟာ FRIEND ZONE ကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်…

ရေးသားသူ –ideainbangkok

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...