သူမရဲ့နောက်ထပ်တိုးလာမဲ့ မိသားစုဝင်လေးအကြောင်းကိုပြောပြလာတဲ့ သရုပ်ဆောင်ဘေဘီမောင်

Celebrity Local News
သူမရဲ့နောက်ထပ်တိုးလာမဲ့ မိသားစုဝင်လေးအကြောင်းကိုပြောပြလာတဲ့ သရုပ်ဆောင်ဘေဘီမောင်

ပရိတ်သတ်ကြီးရေ .. မင်းသမီး ဘေဘီမောင်ကတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်.. ဘေဘီမောင် ဟာ နောက်ပိုင်း မှာတော့ စီးပွားရေးအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိကာ အနုပညာအလုပ်တွေနဲ့ အနည်းငယ် အလှမ်းေ၀းနေတာပဲဖြစ် ပါတယ်..

ဘေဘီမောင်ကတော့ အဆိုတော် သားဂန်းနဲ့ လက်ထပ်ပြီး ချစ်စရာကောင်းတဲ့ ယွန်းဘီလီယံမောင် ဆိုတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်နော်… ဘေဘီမောင်က လက်ရှိ အချိန်မှာ ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ထားရပြီ ဖြစ်ကြောင်း “ဗိုက်ကြီးနာစွဲနေလို့ နေလို့မကောင်းဘူးဖြစ်နေ တာ အလုပ်တွေထလုပ်တော့ ဘယ်ပျောက်သွားလဲမသိ နာတွေ စိတ်ပြင်းပြရင်မရဘူး .. ကျမအကုန်လုပ်နိုင်ရမယ် နောက်(၃)ရက်လောက်ဆို ဆိုင်ဖွင့်ပြီ ” ဆိုပြီး သူမရဲ့ ဆိုင်လေး ဖွင့်မယ့်အကြောင်းနဲ့အတူတူ ကိုယ်ဝန်ရှိနေတဲ့ အကြောင်းကိုပါ ပရိတ်သတ်တွေကို ပြောပြလာတာပဲဖြစ်ပါတယ်..

ရင်သွေးကိုတော့ သားလေးရရှိပါစေလို့ဘေဘီမောင်နဲ့ သားဂန်းကတော့ အခုဆိုရင် ဒုတိယမြောက် သားလေးလိုချင်တယ်လို့ပြောထားတာမို့ ဆုတောင်းပေးလိုက်ပါတယ်နော်…

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...