ခံတွင်းပုတ်အနံ့

Health Knowledge
ခံတွင်းပုတ်အနံ့

ခံတွင်း ပုတ် အနံ့ သည် လူတယောက်အတွက် မိမိ
ကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည် .

ခံတွင်းအနံ့ မကောင်းသူများသည် လူအများ
ကြားတွင် စကားပြောဆိုရာတွင် မိမိ ၏ ပါးစပ်မှ အနံ့
ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို
မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။
ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌
တောရကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော
ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည် ။
ထိုရဟန်းသည် စကားပြောသောအခါတွင်
ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည်
ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍ စကားပြောသည်ဟု မိန့်ပါသည် ။
အဘယ်ကြောင့် ဖြစ်ပါသလဲ ဟုလျောက်သောအခါ အရင်က သူများအတင်း ပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာ အဖြစ် မိန့်ပါသည် ။
ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံ အား အနံ့ ရနေပါသည်
ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ တကာတဦးအားခေါ်ယူ၍ သံပုရာသီး နှစ်လုံး ယူခဲ့စေပါသည် ။

* ဖော်စပ်နည်းမှာ *
၁ = သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်
၂ = ပိုင်းထားသော သံပုရာသီးအား အရည်ညှစ်
ရပါမည် – ဖန်ခွက်တွင်ထည့်ထားပါ
၃ = အရည်ညှစ်ထားသော သံပုရာခွံအား ပြန်ဖောင်း
ကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည်
၄ = ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန်
မျက်နှာချင်းဆိုင် ဆက်စေပါသည်
၅ = ထိုနောက် ဆားသိပ်ထားသော သံပုရာ ခြမ်း
အား မီးကျီ ခဲ ရဲရဲ တွင် မီးဖုတ်ရပါမည်
၆ = သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့
နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာ
အအေး ခံထားပါ * မီးသွေးခဲကဲ့သို့ဖြစ်ပါသည်
၇ = ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက်
အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည်
၈ = အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အား
သံပုရာရေတွင် ရောမွှေ ၍ သမထားပါ

မနက်တကြိမ် နေ့လည်တကြိမ် ညနေတကြိမ်
လက္ဘရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့
ပါသည် တပတ်ကျော်လျင် အနံ့ ပျောက်မည်ဟု
လျောက်ခဲ့ပါသည်
နောက်၁၀ ရက်ခန့် ကျောင်းသို့ တခေါက်ပြန် ရောက်သောအခါ ပျော်ရွှင် ယုံကြည်စွာ စကားပြောဆိုနေသော ရဟန်းနှင့် ဆုံရပါတော့သည် ။

သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနှိုင်ပါသည်

Credit :
မြန်မာတိုင်းရင်းဆေး

ရေးသားသူ – Credit

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...