လူတောမတိုးဝံ့အောင်စိတ်ညစ်ရသောသမင်ဖြူရောဂါ ခရုသင်းရောဂါလက်တွေ့ပြောက်သောဆေးနည်း

Health Knowledge
လူတောမတိုးဝံ့အောင်စိတ်ညစ်ရသောသမင်ဖြူရောဂါ ခရုသင်းရောဂါလက်တွေ့ပြောက်သောဆေးနည်း

ဘဝကိုအကောင်းမြင်ဝါဒများဖြင့်
ရှင်သန်ရပ်တည်နေထိုင်ကြသော
မိတ်ဆွေများနှငိ့ခရုသင်းရောဂါ
သမင်ဖြူရောဂါအကြောင်းကို
ပြောပြဆွေးနွေးလိုပါတယ်ခင်ဗျာ

သမင်ဖြူရောဂါအကြောင်း
မဆွေးနွေးခင်မှာသမင်ဖြူးရောဂါကြောင့်
လူတောမတိုးဝင်နိုင်လောက်အောင်
စိတ်ဆင်းရဲနေရသော
သူငယ်ချင်းတစ်ယောက်အကြောင်းကို
စတင်ပြောပြပေးချင်ပါတယ်ခင်ဗျာ

ကျွန်တော့်သူငယ်ချင်းဟာအလယ်တန်းကျောင်းသားဘဝတွင်
ဘာရောဂါမှမရှိသော်လည်း
အထန်းထက်တန်းကျောင်းသားဘဝမှာ
ဘယ်ကနေဘယ်လိုဖြစ်လာမှန်းမသိဘဲ
သမင်ဖြူ အရေပြားရောဂါဖြစ်လာတာကို
တွေ့မြင်ရပါတယ်

သူအနေဖြင့်သမင်ဖြူရောဂါ
ဖြစ်ရတဲ့အကြောင်းဘယ်လိုဆိုတာ
အစရှာမရဘူးဖြစ်နေပေမဲ့
သူကိုယ်သူအစားမှားခြင်းကစတာဘဲလို့
သုံးသပ်ပြောဆိုတာကိုသိရှိရပါတယ်

သူငယ်ချင်းပြောပြတာကတော့
သူမှာအနာကလေးမပေါက်လိုက်နဲ့
ပျောက်တာနဲ့ သမင်ဖြူဖြစ်နေခဲ့တယ်
ခြေကလက်ကနေ အကွက်ကလေးတွေ
စဖြစ်လာပြီးမျက်နှာနှုတ်ခမ်းလေးတွေပါ
ကူးလာတယ်ဟုပြောပြရှာပါတယ်

ကျွန်တော့်သူငယ်ချင်းအနေဖြငိ့
သမင်ဖြူရောဂါပျောက်ချင်တဲ့အတွက်
ဆေးတွေစုံအောင်ကုသော်လည်း
ရောဂါကမပျောက်တဲ့အပြင်
ပိုပိုဆိုးလာတာကိုတွေ့ရှိနေရပါတယ်

သူငယ်ချင်းအနေဖြငိ့
ရောဂါပျောက်ချင်တဲ့အတွက်
ဆရာစုံဆေးစုံပြသသော်လည်း
ဘယ်ဆရာမှမတတ်နိုင်တဲ့အတွက်
အပြင်းထွက်ရင် အကွက်လေးတွေကို
သနပ်ခါးလူးပြိးမှထွက်လေ့ရှိပါတယ်

သူငယ်ချင်းအဖြစ်ကိုကြည့်ပြီး
ကျွန်တော်တို့သူငယ်ချင်းတစ်စုလုံး
စိတ်မကောင်းဖြစ်နေသော်လည်း
သူငယ်ချင်းကတော့စိတ်ဓာတ်မကျပဲ
အနာသိရင် ဆေးရှိပါတယ်ဆိုပြီး
သူ့ကိုယ်သူအားပေးဖြေသိပ်နေပါတယ်

ဒီလိုနဲ့ကျွန်တော်တို့သူငယ်ချင်းတွေဟာ
ဘဝကိုယ်စီ မိသားစုကိုယ်စီ
အလုပ်ကိုယိစီနဲ့ဆိုတော့
နှစ်တွေကြာလာတာနဲ့အမျှ
တစ်ယောက်နဲ့တစ်ယောက်
အရင်ကလိုသိပ်မတွေ့ဖြစ်ကြတော့ဘူးပေါ့

တစ်နေသမင်ဖြူရောဂါရှိတဲ့
သူငယ်ချင်းက ကျွန်တော့်ထံသို့
ဆရာကန်တော့ပွဲအတွက်
အလှူလာခံတော့
မမှတ်မိနိုင်လောက်အောင်
ပြောင်းလည်းနေတာကိုတွေ့မြင်ရပါတယ်

ကျွန်တော်လည်းတွေ့တွေ့ခြင်း
သူငယ်ချင်းရေးစိတ်တော့မဆိုးပါနဲ့
မင်းသမင်ဖြူရောဂါခရုသင်းရောဂါ
ဘာဆေးနဲ့ပြောက်တာလည်း
ပြောက်တာဘယ်လောက်ကြာပြီလည်း
သူငယ်ချင်းတွေနဲ့မတွေ့တာကြာတော့
မင့်အကြောင်းလည်းမကြားမိဘူးကွာလို့
ကျွန်တော်ကပြောတော့သူ ငယ်ချင်းက
သူသမင်ဖြူရောဂါပြောက်တာ
ဆယ်နှစ်လောက်ရှိပြီး
စကားမဆပ်လို့မပြောဖြစ်တာနေမယ်
သမင်ဖြူရောဂါပြောက်ဆေးပေးတာက
တောင်းတန်းသာသနာပြုဆရာတော်ကြီး
ဦးဥတ္တမသာရဖြစ်ကြောင်းပြောပြပါတယ်

ဆရာတော်ဘုရားကြီးပြောတဲ့
ခရုသင်ပြောက်ဆေး
သမင်ဖြူပြောက်ဆေးနည်းကတော့
ကန့်ချုပ်နီ ဆားပုတ်
ထမင်းရည်တို့ဖြင့်ကုသရမှာဖြစ်ပြီး
ပထမဦးဆုံးဝမ်းသန့်စေဖို့အတွက်
ထမင်းရည်ကိုဆားပုတ်ခဲထည့်ပြီး
နေ့စဉ်အစာမစားခင်မှာ
နံနက်တစ်ကြိမ်နေ့လည်တစ်ကြိမ်
သောက်ပေးရပါလိမ့်မယ်

အထူးသတိပေးလိုတာကတော့
ဆားပုတ်နဲ့ထမင်းရည်သောက်တဲ့နေ့တွေမှာ
အသားငါးရှောင်ရပါလိမ့်မယ်
အထူးသဖြင့်ပင်လယ်စာများနှင့်
ပုဇွန်ခြောက် ငါးခြောက်ငပိအပါအဝင်
တိရစ္ဆာန်ဝမ်းတွင်းသားများကို
အထူးရှောင်ရှာဖို့လိုအပ်ပြီး
ထိုရက်တွေမှာအသီးအရွက်တွေကိုသာ
များများစားပေးဖို့လိုအပ်ပါတယ်
ခရုသင်းဖြစ်နေတဲ့နေရာတွေကိုတော့
ကန်ချုပ်နီကိုသွေးပြီး
တစ်ရက်(၃)ကြိမ်လိမ်းပေးဖို့လိုအပ်ပါတယ်

ဆားပုတ်နဲ့ထမင်းရည်သောက်ကာ
ကန်ချုပ်နီလိမ်းတဲ့ရက်တွေမှာ
အသားငါးလုံးဝရှောင်ပြီး
အသီးအနှံတွေကိုဘဲအားပြုစားမယ်ဆိုရင်
တစ်ပါတ်လောက်ကြာတာနဲ့
အဖြူကွက်လေးတွေထဲသို့
အညိုစက်ကလေးတွေဝင်လာတာကို
အံ့သြလောက်အောင်တွေ့ရပါလိမ့်မယ်

ဒီလိုနဲ့( ၁၅ )ရက်လောက်ရှိတော့
ဖြူကွက်တွေလျော့နည်းသွားပြီ
တစ်လလောက်ကြာတော့
လုံးဝအရှင်းပျောက်ကင်းသွားတယ်ဟု
သူငယ်ချင်းကပြောပြပေးပါတယ်

တောင်တန်းသာသနာပြုဆရာတော်ကြီး
မိန့်တော်မူတဲ့ ခရုသင်း
သမင်ဖြူပျောက်ဆေးကတော့
ကန့်ချုပ်နီကိုခရုသင်းဖြစ်တဲ့နေရာကိုလိမ်း
ထမင်းရည်ထဲပူပူလေးထဲကို
ဆားပုတ်အနဲငယ်ထည့်သောက်
အသားတွေငါးတွေသာအထူးရှောင်ပါက
ခရုသင်းရောဂါ သမင်ဖြူရောဂါတွေ
လက်တွေ့ပြောက်ကင်းတာ
ကျွန်တော့်သူငယ်ချင်းအပါဝင်
လူတစ်ရာမကလက်တွေ့ရှိပါတယ်ဟု
ခရုသင်းသမင်ဖြူရောဂါရှိသူများကို
အကြံဥာဏ်များပေးလိုပါတယ်ခင်ဗျာ

ပြန်လည်မျှဝေသည်။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...