သတိထားစရာ ဝမ်းကိုက်ပိုးရောဂါအကြောင်း

Health Knowledge
သတိထားစရာ ဝမ်းကိုက်ပိုးရောဂါအကြောင်း

ကာလဝမ်းရောဂါ ဖြစ်နေတယ်။ တော်တော်များတယ်။ အစက ဒီသတင်းတွေ မတက်ခင် လွန်ခဲ့တဲ့တပတ်လောက်ထဲက လူတော်တော်များများ ဝမ်းပျက်၊ ဝမ်းလျောတာကို ကိုဗစ်ကြောင့်လို့ ထင်နေတာ။

ဝမ်းကိုက်ပိုးက ကြောက်ရတယ်နော်။ ပေါ့လို့ မရဘူး။ အဲ့ပိုးက အသည်းထဲရောက်ရင် အသည်းရောင်တယ်။ ကျောက်ကပ်ထဲ ရောက်ရင် ကျောက်ကပ်ထိတယ်။ နောက်ဆုံးဦးနှောက်ထဲရောက်ရင် လူသေပါတယ်နော်။ တခြားရောဂါတွေကြောင့် ကိုယ်တွင်းအင်္ဂါ နာထားတဲ့သူတွေက ပိုဆိုးတာပေါ့။ ဝမ်းပျက်၊ ဝမ်းလျော၊ ဝမ်းကိုက်၊ အထက်လှန် အောက်ရှော အစရှိသဖြင့် အမျိုးမျိုး ခေါ်ကြသလို ရောဂါလက္ခနာတွေကလဲ တခုနဲ့ တခု ဆင်တူနေတာတွေပါ။

ဝမ်းနူးစာ၊ ယင်နာစာ မစားမိအောင် အစားအသောက် ဂရုစိုက်ပါ။ ဝမ်းဗိုက် အအေးမမိအောင် သတိထားပါ။ ထမင်းကျန်၊ ဟင်းကျန်များကို နွှေးစားပါ။ သောက်ရေ ဂရုစိုက်ပါ။ အထူးသဖြင့် ရေကြီး၊ ရေလျှံတဲ့ ဒေသတွေမှာ ပိုဂရုစိုက်ပါ။ ရေကြီး၊ ရေလျှံပြီးလို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်နေချိန်တွေမှာ ဝမ်းရောဂါက နောက်က လိုက်ပါတယ်။

ဝမ်းရောဂါကြောင့် ဓာတ်ဆားသောက်တဲ့အခါ သီးစုံဓာတ်ဆား မသောက်ရဘဲ BPI ထုတ် ဓာတ်ဆားအဖြူထုတ် အရသာ မပါတာကို သောက်ရပါတယ်။ ဓာတ်ဆားဖျော်ထားတဲ့ ရေကို ၂၄နာရီအတွင်း ကုန်အောင် မသောက်နိုင်ရင် ဆက်မသောက်ပါနဲ့။ နောက်တထုတ် ဖျော်သောက်ပါ။ အစားမစားခင်တိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးပါ။

ဆရာဝန် ညွှန်ကြားထားတဲ့ပိုးသတ်ဆေးများကို သူ့အညွန်းအတိုင်း ဆေးပတ်လည်အောင် သောက်ပြီး ပိုးကို သတ်ပါ။ တချို့လူတွေမှာ ပြန်ကောင်းသွားပေမဲ့ ပိုးမသေဘဲ ကျန်တတ်ပါတယ်။ ကိုယ်အားနည်းတဲ့အခါမှာ ပြန်ဖြစ်တတ်ပါတယ်။ ဆေးပတ်မလည်တဲ့အခါ ပိုးက ဆေးယဥ်တာမျိုး ဖြစ်တတ်ပါတယ်။

အခုမိုးတွင်းကာလမှာ ရာသီပေါ်တုတ်ကွေး အပျော့၊ အပြင်းတွေအပြင် ကိုဗစ်မျိုးကွဲများနှင့်အတူ ဝမ်းရောဂါနဲ့ သွေးလွန်တုတ်ကွေးကို အထူးဂရုစိုက်ကြပါလို့ သတိပေးရင်းနဲ့ mask ပြန်တတ်ကြဖို့လဲ တိုက်တွန်းပါရစေ။

ကိုယ်ရဲ့ အသိပညာ၊ ဗဟုသုတနဲ့ အတွေ့အကြုံအရ ရေးလိုက်ပါတယ်။ ဆရာဝန် မဟုတ်တဲ့အတွက် လိုအပ်ချက်များ ရှိခဲ့ရင်လဲ နားလည်ပေးကြပါခင်ဗျာ။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်တကွ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ကပ်၃ပါးကို ကျော်လွှားနိုင်ပြီး လူ့အကျိုးပြုနိုင်ကြပါစေ။

#crd_to_owner

ရေးသားသူ – Crrd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...