သွေးတိုးကျစေရုံသာမက ဆီးချို ပါထိန်းပေးတဲ့ စောင်းလျားသီး
၁။ အူမကြီး ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း
စောင်းလျားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက ကင်ဆာရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဆေးသိပ္ပံလေ့လာမှုတွေအရ စောင်းလျားသီးမှာပါတဲ့ အမျှင်ဓာတ်က အစာအိမ်အူလမ်းကြောင်းက အဆိပ်အတောက်တွေကို နည်းပါးစေကာ ကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
၂။အရောင်ကျစေခြင်း
စောင်းလျားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေနဲ့Flavonoids တွေကြောင့်ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ အထူးသဖြင့်အရေပြား ရောင်ရမ်းလူနာတွေ စားသင့်ပါတယ်။ ဒါ့အပြင် စောင်းလျားသီးမှာ ဗီတာမင်စီ များစွာပါတာမို့ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်။
၃။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
စောင်းလျားသီးမှာ ပိုတက်စီယမ်ဓာတ်ပါတာမို့ သွေးတိုးကို ထိန်းညှီကာ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။
၄။နို့တိုက်မိခင်တွေ စားသင့် စောင်းလျားသီးစားတဲ့ နို့တိုက်မိခင်တွေမှာ နို့ပိုထွက်ဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။
၅။အလေးချိန်ကျစေခြင်း
စောင်းလျားသီးမှာ ကယ်လိုရီ၊ ကာဗွန်ဟိုက်ဒြိတ် နည်းပါးပြီး အမျှင်နဲ့ အာဟာရဓာတ်များစွာပါဝင်တာမို့ ခန္ဓာကိုယ်ရဲ့ အစာခြေချက်မှုကို အားပေးကာ ဝိတ်ကျစေနိုင်ပါတယ်။
၆။ကိုယ်ခံအား ကောင်းစေခြင်း
စောင်းလျားသီးမှာ ဗီတာမင်စီပါဝင်မှုများတာမို့ ပုံမှန်စားရင် ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ အလွယ်တကူဝင်လို့ မရတော့ပါဘူး။
၇။ သွေးပေါင်ထိန်းညှီပေးခြင်း
စောင်းလျားသီးမှာပါတဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ် ဓာတ်တွေက နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးတ.ာတွေကို ကာကွယ်ပေးပါတယ်။
၈။ အစာကြေ၊ဝမ်းမှန်စေခြင်း
စောင်းလျားသီးမှာ အမျှင်ဓာတ်များစွာပါတာမို့ ပုံမှန်စားရင် လေပွခြင်း၊ ဝမ်းချုပ်ခြင်းမှာကင်းဝေးစေမှာပါ။
၉။ဆီးချိုကို ထိန်းညှီပေးခြင်း
စောင်းလျားသီးမှာ အမျှင်ဓာတ်နဲ့ တခြား ဓာတ်တွေ များစွာပါတာမို့ ဆီးချိုသမားတွေ ဆီးချို တက်နေရင် နေ့စဉ် တလုံး ပုံမှန် စားသင့်ပါတယ်။
၁၀။ အဆီဓာတ်ကို ချပေးခြင်း
စောင်းလျားသီး ပုံမှန်စားရင်ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အဆီ LDLကို ချပေးပြီး ကောင်းတဲ့ အဆီ HDLကို တက်စေပါတယ်။ အသည်းအဆီဖုံးရောဂါကို လျော့ပါးစေတယ်လို့ ကြွက်တွေနဲ့ လေ့လာထားမှုအရ သိရပါတယ်။
၁၁။ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း စောင်းလျားသီးက ဆီးသွားများစေပါတယ်။ ခန္ဓာကိုယ်ထဲ ပိုနေတဲ့ ဆိုဒီယမ်ဓာတ်တွေကို ဆီးထဲ ပါကာ သန့်စင်ပေးနိုင်ပါတယ်။
၁၂။လည်ချောင်းနာခြင်းကို သက်သာစေခြင်း
စောင်းလျားသီးမှာ အရောင်ကျစေတဲ့ အာနိသင်ရှိတာမို့ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ တံတွေးပိုမိုထွက်စေကာ မကောင်းတဲ့ ပိုးမွှားတွေကို နည်းပါးစေပါတယ်။
၁၃။အိပ်ရေးဝစေခြင်း စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ကြွယ်၀စွာပါ၀င်ပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
၁၄။မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း ဗီတာမင်အေ ကြွယ်၀စွာပါ၀င်လို့ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ဆေးဖက်အဖြစ်အသုံးပြုပုံ
စောင်းလျားသီးမှ ဖျော်ရည် (သို့မဟုတ်) စောင်းလျားသီးမှည့်ကို ငါးပြေမနှင့် ချက်စားက ကျောက်ကပ် ကျောက်တည်ခြင်း၊ ဆီးအိမ်နှင့် သည်းခြေ အိတ်တို့တွင် ကျောက်တည်ခြင်း တို့ကို သက်သာ ပျောက်ကင်း စေပါသည်။
စောင်းလျားသီးကို စားပေးခြင်းဖြင့် ဆီးရောဂါ၊ ဝမ်းရောဂါ၊ သည်းခြေ၊ ကျောက်ကပ် စတဲ့ရောဂါများကို ကာကွယ်ပေးပါတယ်။
ဆီးချိုရောဂါရှိသူများ စောင်းလျားသီးအစိမ်းကို ငါးပြေမ သို့မဟုတ် အခြားငါးများနဲ့ ဓါတ်စာအဖြစ် မကြာခဏ ချက်စားပါ။ ရောဂါကို ထိန်းပေးနိုင်ပါတယ်။
အသီးမှည့်ကို စားပေးခြင်းဖြင့် ဝမ်းချုပ် ရောဂါ၊ ရေငတ် ရောဂါ ပျောက်ကင်းစေသည်။
စောင်းလျားသီးမှည့်ကို သကြားနှင့် စားပါက အော့အန်ခြင်း၊ အစာမကြေခြင်းကို ပျောက်ကင်းစေသည်။
စောင်းလျားသီးမှည့် ရှာလပတ်ရည် သောက်ပေးပါက အဖျားကို ပျောက်စေသည်။
စောင်းလျားသီးကို အခြား ဟင်းလျာများနှင့် ချက်၍ စားပါက နှုတ်ကို မြိန်စေသည်။
အတွင်း လိပ်ခေါင်း ရောဂါ အတွက် စောင်းလျားသီးမှည့်ကို ဓာတ်စာအဖြစ် စားပေးရသည်။
စောင်းလျားသီးကို ချဉ်ရည်ဟင်း ချက်စား ပေးပါက ဆီးနှင့်ဝမ်း ကို မှန်စေသည်။
နှုတ်မမြိန်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ အစာမကြေခြင်း ဖြစ်လျှင် စောင်းလျားသီး အစိမ်းကို ပါးပါးလှီး၍ ငါးနှင့် ချက်စားခြင်းဖြင့် ပျောက်နိုင်သည်။
ရင်ဘတ်နာ၊ လေနာ၊ မီးယပ် ဝမ်းပျက်၊ အသံပျက် ရောဂါများအတွက် စောင်းလျားသီးမှည့် ၂၀ လုံး၊ သကြား ၅ ကျပ်သား၊ ပျားရည် ၁၂ ကျပ်ခွဲသား၊ စမုန်စပါး၊ စမုန်နီ၊ စမုန်ဖြူ၊ စမြိတ်မှုန့် ၂ ပဲစီ ထည့်၍ မွှေပြီး ၁၀ ရက်ခန့် ထားပါ။ ထို့နောက် ည၊ နံနက် ဆေးရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျ သောက်ပေးခြင်းဖြင့် အဆိုပါ ရောဂါများကို သက်သာ ပျောက်ကင်း စေနိုင်ပါသည်။
စောင်းလျားသီး
အရှေ့တောင်အာရှ နိုင်ငံအနှံပေါက်ရောက်သည်။ အစား စားချင်စိတ်ကို ဖြစ်ပေါ်စေ –
သည် ကျန်းမာရေးအတွက် အထာက်အကူပြုသော အသီးဖြစ်သည်။
စောင်းလျားသီးတွင် သံဓာတ် , ဗီတာမင်အေ , ဗီတာမင် စီ , အများအပြားပါဝင်ပြီး
အဆီ ဓာတ် လုံးဝ မပါဝင်ပါ။
သတိပြုရန်အချက်
တွဲဖက်မစားရ
– စောင်းလျားသီးနဲ့ တွဲဖက်မစားသင့်သော အစာ – ငုံသား / နို့ရည် / ရှောက်သီး
ဆေးဖက်ဝင်ခြင်း
၁) ကိုယ်အလေးချိန် ထိန်းပေးနိုင်ခြင်း
အရသာမှာ ချို ချဉ်. ချိုချဉ် ဖြစ်ပြီး ကယ်လိုရီ ၃၃ နဲ့ အဆီ 0.48 ဂရမ်ထက် မပိုပါ –
ကိုယ်အလေးချိန် ထိန်းပေး လိုသူတွေအတွက် အဆင်ပြေသည်။
၂ ) – ရေကျောက်ကို သက်သာစေခြင်း
ကလေးတွေမှာ ဖြစ်တတ်တဲ့ ရေကျောက်နဲ့ ဝက်သက် နာတိုအတွက် စောင်းလျားရွက်နဲ့အမြစ်ကို ပြုတ်ပြီး ရလာသည့်အနှစ်ရည်ကို လိမ်းပေးလျှင် သက်သာစေသည်။
၃ ) – အရေပြား ကျန်းမာစေခြင်း
စောင်းလျားရွက်က အရေပြားယားယံခြင်း စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းကို သပ်သာစေပြီး
သွေးထွက်တာကို ရပ်တန့်စေပါသည်။
၄ ) – ဝမ်းမှန်စေခြင်း
အမျှင် ပါဝင်မူမြင့်မားတဲ့ စောင်းလျားသီးအမှည့်မှာ အစာချေစနစ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
စောင်းလျားသီးကို ချဉ်ရည်ဟင်း ချက်စားပါက ဆီး ဝမ်းကို မှန်စေသသည်။ အတွင်းလိပ်ခေါင်းအတွက် စောင်းလျားသီးမှည့်ကို ဓာတ်စာအဖြစ် စားပေးရသည်။
၅ ) – သွေးလှည့်ပတ်မူကို ကောင်းစေခြင်း
စောင်းလျားသီးမှာ ပိုတက်စီယမ်ဓာတ် မြင့်မားစွာ ပါဝင်ခြင်းကြောင့် ကြွက်တက်ခြင်း
မဖြစ်စေသလို ကြွက်သား တစ်သျူးတွေထဲမှာ သွေးလှည့်ပတ်ခြင်းကို ကောင်းစေသည်။
၆ ) – အူလမ်းကြောင်း ကျန်းမာစေခြင်း
စောင်းလျားသီးမှာ Tannin တန်နင် မြင့်မားစွာ ပါဝင်တာကြောင့် ဝမ်းလျောတာကို ကုသပေးနိုင်သလို အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ရှင်းလင်းပေးပါသည်။
၇ ) – လည်ချောင်းနာခြင်း အရက်နာကျခြင်း
ရင်အေးစေသည့်အစာအဖြစ် တရုတ်လူမျိုးတွေက ယုံကြည်ထားပြီး လည်ချောင်းနာနဲ့
အရက်နာကျခြင်းအတွက် သက်သာစေတယ်ဟု သတ်မှတ်ထားသည်။
၈ ) – နှလုံးသွေးကြော ကျန်းမာစေခြင်း
စောင်းလျားသီးမှာ အစွမ်းထက် အင်တီအောက်စီဒင့်တစ်မျိုးဖြစ်တဲ့ ပိုလီဖီနှော ပါဝင်မူ
များတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောင်ရမ်းမူများကို လျော့ကျစေပါတယ်။
၉ ) – ကိုယ်ဝန်ဆောင်သည်များ စိတ်ချစွာစားလို့ရခြင်း
ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သဖြင့်ကိုယ်ဝန်ဆောင်သည်များ ကျန်းမာရေးကို အထောက်အကူပြုသည် – ကြွက်တက်ခြင်းကို ကာကွယ်ပေးသည် – ဟော်မုန်းများကို ထိန်းညှိပေးပြီး စိတ်ဖိစီးခြင်းကို လျော့ကျစေသည်။
၁၀ ) – ခေါင်းကိုက် ဖျားနာခြင်း
‘စောင်းလျားသီးအမှည့်ကို ဖျော်ရည်လုပ်သောက်ခြင်းဖြင့် ခေါင်းကိုက် , ဖျားနာ, တုတ်ကွေး. သွေးတိုး ချောင်းဆိုးခြင်းကို သက်သာစေပါသည်။
၁၁ ) – မိခင်နို့ အထွက်များခြင်း
နို့တိုက်မိခင်တွေ စောင်းလျားသီးမှည့်စားခြင်းဖြင့် နို့ထွက်နူန်း များစေသည်ဟု ယူဆ
ကြသည်။
၁၂) – အစာမကြေ ခြင်း
စောင်းလျားသီးအမှည့်ကို သကြားနဲ့ စားပါက အစာမကြေ အော့အန်ခြင်း ပျောက်ကင်း
စေသည်။
၁၃ ) – ကျောက်ကပ်ကျောက်တည်ခြင်း
စောင်းလျားသီးကို ငါးပြေမနဲ့ ချက်စားပါက ကျောက်ကပ် , ဆီးအိမ် နှင့် သည်းခြေ တို့
တွင် ကျောက်တည်ခြင်းကို ပျောက်ကင်းစေသည်။
၁၄ ) – ခံတွင်းပျက်ခြင်း
စောင်းလျားသီး အစိမ်းကို ငါးနဲ့ချက်စားခြင်းဖြင့် အစာမကြေ နူတ်မမြိန်ခြင်း အစားအသောက်ပျက်ခြင်း တို့ကို ပျောက်ကင်းစေသည်။
၁၅ ) – ဆီးချိုရောဂါ သက်သာစေခြင်း
စောင်းလျားသီး အစိမ်း အချဉ်သီးနှင့် မိမိကြိုက်ရာငါး တမျိုးမျိုးနဲ့ ချက်စားခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။
၁၆ ) – မျက်လုံးကျန်းမာရေး
ဗီတာမင်အေ ပါဝင်သဖြင့် မျက်လုံးရောဂါ ကူးစက်မူများ ကာကွယ်ပေးပြီး မျက်စိ ကျန်းမာရေးကို အထောက်အကူပြုသည်။
#crd
ရေးသားသူ –#crd
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။