အသည်းကိုသန့်ရှင်းစေမယ့် စူပါအစားအစာ (၆) မျိုး

Health Knowledge
အသည်းကိုသန့်ရှင်းစေမယ့် စူပါအစားအစာ (၆) မျိုး

ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေဟာ နေ့စဉ်
နည်းပေါင်းစုံနဲ့ ဝင်ရောက်နေကြတယ်။ တစ်နေ့တည်းနဲ့
အများကြီးလည်း ဖြစ်ချင်ဖြစ်နေတယ်။

ဒီလိုအဆိပ်အတောက်တွေကို သန့်စင်ပေးရတဲ့ လုပ်ငန်းကို
အဓိကလုပ်တာကတော့ အသည်းပါ။ ဒါကြောင့်မို့လို့
အသည်းကို ကျန်းမာအောင်၊ သန့်ရှင်းနေအောင် ဂရုတစိုက်
နေထိုင်စားသောက်ဖို့ အရေးကြီးတယ်လေ။

အသည်းကို သန့်ရှင်းစေမယ့် အစားအသောက်တွေကို
ဖော်ပြလိုက်ပါတယ်။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ sulfur ၊ selenium နဲ့ allicin တို့ကြောင့်
အသည်းကို ကောင်းကျိုးပေးပါတယ်။ အသည်းကို
ကျန်းမာသန့်ရှင်းစေပါတယ်။ အသည်းအတွက် အကောင်းဆုံး
အစားအစာလို့တောင် ပြောလို့ရမယ်။

၂။ ဂရိတ်ဖရုသီး

ဂရိတ်ဖရုသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များပြားစွာ
ပါဝင်နေပါတယ်။ ဒါကြောင့်မို့လို့ ဂရိတ်ဖရုသီးကို စားသုံးပေးရင်
အသည်းကို သဘာဝနည်းနဲ့ သန့်ရှင်းပေးရာရောက်ပါတယ်။
ဂရိတ်ဖရုသီးကို အရည်ညှစ်ပြီး တစ်ဖန်ခွက်လောက် သောက်ရုံနဲ့
သိသာပါတယ်။ အဆိပ်အတောက်တွေကို ဖယ်ရှားမယ့် အင်ဇိုင်းတွေ
အသည်းကနေထုတ်လွှတ်မှု ပိုများလာပါတယ်။

၃။ လက်ဖက်စိမ်း

Green Tea (လက်ဖက်စိမ်း)မှာ catechin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး
ပါဝင်ပါတယ်။ ယင်းဒြပ်ပေါင်းက အသည်းကို အားဖြည့်ပေးပြီး
သန့်ရှင်းစေပါတယ်။

၄။ အစိမ်းရောင်ဟင်းသီးဟင်းရွက်

အထူးသဖြင့် အစိမ်းရောင် ဟင်းရွက်တွေက အသည်းအတွက်တော့
သူငယ်ချင်းကောင်းတွေပေါ့။ စိမ်းရောင်ခြယ်ပစ္စည်း (chlorophylls)
တွေ ကြွယ်ဝစွာ ပါဝင်တယ်လေ။ ကလိုရိုဖီးလ်တွေဟာ သွေးကြောထဲက
အဆိပ်တွေကို စုပ်ယူဖို့အတွက် အထောက်အကူကောင်းဖြစ်စေပါတယ်။
စားထားတဲ့ အစားအသောက်ကြောင့် ကိုယ်တွင်းကိုရောက်လာတဲ့
အဆိပ်တွေကိုလည်း ဓာတ်ပြယ်စေတယ်။

၅။ ထောပတ်သီး

အလှအပအတွက် နာမည်ကျော်တဲ့ ထောပတ်သီးက အသည်းအတွက်
ကောင်းတယ်ဆိုတာ သိပါသလား။ ထောပတ်သီးစားပါ။ Glutathione
ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်လို့ အသည်းကို သန့်ရှင်းစေပါတယ်။
ဘေးဥပါဒ်ဖြစ်စေတဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါသတဲ့။

၆။ ပန်းသီး

အသည်းအတွက် ကောင်းကျိုးဖြစ်စေမယ့် နောက်ထပ် သစ်သီးတစ်မျိုး
ကိုညွှန်းရရင်တော့ ပန်းသီးပါ။ ပန်းသီးမှာ ပါဝင်တဲ့ pectin ဆိုတဲ့

ဓာတုပစ္စည်းတစ်မျိုးက အစာခြေလမ်းကြောင်း၊ အသည်းနဲ့ ခန္ဓာကိုယ်ရဲ့
အခြားအစိတ်အပိုင်းအပိုင်းတွေကိုပါ သန့်ရှင်းစေပါတယ်။

ရေးသားသူ – Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...