အိပ်နေစဉ်ဟောက်ခြင်းကို သက်သာစေဖို့ ဆောင်ရန်၊ရှောင်ရန်များ

Health Knowledge
အိပ်နေစဉ်ဟောက်ခြင်းကို သက်သာစေဖို့ ဆောင်ရန်၊ရှောင်ရန်များ

အိပ်နေရင်းဟောက်ခြင်းကို တားဆီးပေးနိုင်တဲ့ နည်းလမ်းလေးတွေကတော့…

၁။ ကိုယ်အလေးချိန် လျှော့ပါ
=================

အိပ်နေရင်း ဟောက်ခြင်းဟာ ကိုယ်အလေးချိန် များပြားတဲ့သူတွေများလည်း အဖြစ်များပါတယ်။ဝိတ်ချလိုက်မယ် ဆိုရင် လည်ချောင်းထဲက တစ်ရှူး တွေ နည်းပါးလာနိုင်ပြီး အိပ်နေရင်း ဟောက်ခြင်း ကိုပါ လျော့ကျစေနိုင်ပါတယ်။

၂။ ဘေးတစောင်း အိပ်ပါ
===============

ပက်လက်လှန် အိပ်မယ်ဆိုရင် လျှာကို လည်ချောင်း ရဲ့နောက်လလက်ကို ရောက်စေတဲ့အတွက် လည်ချောင်း ထဲကိုဝင်တဲ့ လေလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပါတယ်။
ဘေးတစောင်းအိပ်မယ်ဆိုရင်တော့ လေလမ်းကြောင်းကို ချောချောရှူရှူဖြစ်စေပြီး အိပ်နေရင်းဟောက်ခြင်းကိုလည်း လျော့ကျစေပါတယ်။

၃။ ခေါင်းအုံး ထူထူသုံးပါ
===============

ခေါင်းအုံး ထူထူသုံးခြင်းဖြင့် ခေါင်းကို အိပ်ယာခင်းနဲ့ အနည်းဆုံး (၄) လက်မလောက် အကွာမှာ ရှိစေပြီး လည်ချောင်း တွင်း လေလမ်းကြောင်းကို ပွင့်စေသောကြောင့် အိပ်နေရင်း ဟောက်ခြင်းကိုလည်း လျော့ပါးစေပါတယ်။

၄။ အလာ့ဂျစ်ထတတ်ရင် ဆေးဝါး ကုသမှုခံယူပါ
=============================

အလာ့ဂျစ် ထခြင်းတွေက နှာခေါင်း ကတဆင့် အသက်ရှူခြင်းကို လျော့ကျစေတဲ့အတွက် ပါးစပ်ကနေတဆင့်ပဲ အသက်ရှူလို့ရပါတယ်။ဒါဟာ ခင်ဗျား အတွက် အိပ်နေရင်းဟောက်ခြင်းဖြစ်နိုင်ခြေကို ပိုမို များပြားစေပါတယ်။ တကယ်လို့ အလာ့ဂျစ်ထတတ်တယ်ဆိုရင် ဆရာဝန် နဲ့သေချာပြသပြီး
ကုသမှုခံယူပါ။

၅။ မအိပ်ခင် အရက်သောက်ခြင်း ကို ရှောင်ကြဉ်ပါ
=============================

အိပ်ယာ မဝင်ခင် အနည်းဆုံး (၂) နာရီလောက်အလိုမှာ အရက် မသောက်မိအောင် ရှောင်ကြဉ်ပါ။
အရက် ဟာ လည်ချောင်း ကြွက်သား တွေကို လျော့တိ လျော့ရဲဖြစ်စေတဲ့အတွက် အိပ်ပျော်နေရင်း ဟောက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

၆။ ဆေးလိပ် ဖြတ်ပါ
=============

ဆေးလိပ် သောက်ခြင်း ဟာလည်း အိပ်နေစဥ်ဟောက်ခြင်း ကို ပိုမိုဆိုးရွားစေတဲ့ အလေ့အထတစ်ခုပါပဲ။
ဒါကြောင့် အိပ်နေရင်း ဟောက်ခြင်း ကို ကုစားနိုင်ဖို့အတွက် ဆေးလိပ် သောက်ခြင်း ကို ရပ်တန့်လိုက်ပါ။

ဟောက်ခြင်းကို သက်သာစေသည့် သဘာဝနည်းလမ်းများ
*********************************************

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သင်္ဘောဒန့်သလွန်
===========================

ကြက်သွန်ဖြူ၊ကြက်သွန်နီနဲ့သင်္ဘောဒန့်သလွန်ကဲ့သို့အစားအစာတွေက နှာခေါင်းခြောက်ခြင်းကို ကာကွယ်ပေးပြီး ပြည့်ကျပ်မှုကို လျော့ချပေးပါတယ်။ဒီအစားအစာတွေက အာသီးရောင်ခြင်းကို လျော့ချပေးပြီး ဟောက်ခြင်းကို
ကာကွယ်ပေးပါတယ်။ အိပ်ယာမဝင်ခင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သဘောၤဒန့်သလွန်တို့ကို ဝါးစားနိုင်သလို ထမင်းထဲ ထည့်စားနိုင်ပါတယ်။

နာနတ်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး
======================

ဟောက်တာကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးနည်းလမ်းက အိပ်စက်ခြင်းကို ဂရုစိုက်ဖို့ပါပဲ။ ခန္ဓာကိုယ်ကထုတ်လွှတ်တဲ့melatoninပမာဏကို တိုးလာအောင်လုပ်ရမှာဖြစ်ပါတယ်။ Melatoninက ကျွနု်ပ်တို့ကို အိပ်ပျော်အောင် လုပ်ပေးတဲ့ဟော်မုန်းဓာတ်ဖြစ်ပြီး ဒါကို ပြုလုပ်ဖို့ထိရောက်တဲ့နည်းက melatoninမမာဏများတဲ့အစားအစာကို စားပေးဖို့ပါပဲ။ နာနတ်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီးတို့က melatoninပမာဏပါဝင်မှုများပြီး ဟောက်ခြင်ကို ရပ်တန့်စေဖို့ ဒီအသီးတွေကို စားပေးလို့ရပါတယ်။

ပဲနို့ရည်
=====

နို့ထွက်ပစ္စည်းတွေကလဲ ဟောက်ခြင်းကို ဖြစ်စေနိုင်တာကို သိမယ်ဆိုရင် အံ့သြသွားမယ်ထင်ပါတယ်။ နွားနို့ရဲ့ပရိုတိန်းဓာတ်တချို့က ပြင်းထန်တဲ့ အာလဂျစ်ကို ဖြစ်စေနိုင်ပြီး နှာခေါင်းကို ပိတ်စေတဲ့အတွက် ဟောက်သံတိုးလာစေပါတယ်။ ဒါကြောင့်ဟောက်ခြင်းကို ပြေလျော့စေဖို့နွားနို့ချည်းမသောက်ဘဲ ပဲနို့နဲ့ရောသောက်ပေးရမှာဖြစ်ပါတယ်။
_____________________________________

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...