အိမ်တောင်လူမိုက်ဗူးမစိုက်နဲ့” ဟူသည့်အဓိပ္ပါယ်

Health Knowledge
အိမ်တောင်လူမိုက်ဗူးမစိုက်နဲ့” ဟူသည့်အဓိပ္ပါယ်

“အိမ်တောင်လူမိုက် ဗူးမစိုက်နဲ့”ဆိုတဲ့ စကားပုံရဲ့ အဓိပ္ပာယ်လေးကို လေ့လာမိ၍ ဝေမျှ ပေးပါရစေ ။

ဗူးပင်ကို အိမ်ဝင်းများအတွင်း မိုးအခါ စိုက်ပျိုးတတ်ကြပါသည် ။ ဆောင်းအခါတော့ ကိုင်းထဲက ဗူးပေါ့ ။

မိုးတွင်း လေတိုက်ခတ်ရာအရပ်မှာ တောင်လေ ၊အနောက်တောင်လေများ တိုက်ခတ်ပါသည် ။

ဗူးပင်သည် နေ့အခါ နိုက်ထရိုဂျင်ကို ရှူသွင်းပြီး
အောက်စီဂျင်ကို ထုတ်ပါသည် ။

ညအခါတွင်မတော့ အောက်စီဂျင်ကိုရှူသွင်းပြီး
ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ပါ…သတဲ့ ။

ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆိပ်ဓာတ် ဖြစ်ပေသည် ။

ထို့ကြောင့် အိမ်တောင်ဘက်တွင် ဗူးပင်စိုက်မိလျှင် ညအခါ ဗူးပင်မှလာသောလေသည် “လေဆိုး” အဆိပ်ဓာတ်ပါဘဲ ။

ကြာသောအခါ ကျန်းမာရေးထိခိုက် ရောဂါမျိုးစုံ
ဝင်နိုင်ပါ…သတဲ့ ။

ဒီအကြောင်းကြောင့်ပင် မိမိအိမ်တွင် ဗူးပင်စိုက်ပျိုးပါက နေအိမ်၏ တောင်ဘက်အရပ်တွင် ဗူးပင်မစိုက်သင့်ကြောင်းကို “အိမ်တောင်လူမိုက် ဗူးမစိုက်နှင့်” ဟူသော စာချိုးဖြင့် ရှေးပညာရှိများက ဆုံးမခဲ့ပါကြောင်း လေ့လာသိရှိရပါသည် ။

ရေးသားသူ –သာထက်ဇော် ( မကွေး )

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...