” ဗိုက်ပူခြင်းအတွက် ကင်ပွန်းချဉ်”

Health Knowledge
” ဗိုက်ပူခြင်းအတွက် ကင်ပွန်းချဉ်”

လူအများစုရဲ့အထင်က ဗိုက်ပူတာဟာ ဝမ်းဗိုက် မှာအဆီတွေ စုပါများပြီး အဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့ပဲ ထင်နေကြပါတယ်။ အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။

လူတွေ သတိမထားမိကြသေးတဲ့ အကြောင်းတစ်ခု ရှိနေပါသေးတယ်။ အဲဒါကေတာ့ အူမကြီးတွေ ကြီးမားတုတ်ခိုင်လွန်း နေလို့ ဗိုက်ပူထွက်နေကြရခြင်း ပဲဖြစ်ပါတယ်။ အထူးသဖြင့် အသက်ကြီးလာလို့ ဗိုက်ပူထွက် လာကြရသူတွေဟာ အဲဒီအူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့ ဖြစ်ရတာ များပါတယ်။

အူမကြီးတွေ ဘာကြောင့် ကြီးမား တုတ်ခိုင်လာကြရတာလဲ။ဖြစ်စဉ်ကတော့ အနှစ်နှစ်အလလ အစားအစာတွေကို စားလာခဲ့ရာကေန ဖြစ်လာရတာပါပဲ။ အစာစားလိုက်တဲ့ အခါမွာ အစာဟောင်းတွေဟာ အူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။ အဲဒီ အစာဟောင်းတွေဟာ ရှေ့ကိုမြန်မြန်တိုးပြီး မစင်အဖြစ် ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။

သို့သော်လဲ လူက ရေသောက်နည်းခြင်း အမျှင်စာ စားတာနည်းခြင်း လှုပ်ရှားမှု နည်းခြင်းတွေကြောင့် အစာဟောင်းတွေဟာရှေ့ကို မြန်မြန် မတိုးနိုင်ကြဘူး။ အဲဒီ့အခါမွာ အူမကြီး အတွင်းနံရံတွေမှာ မစင်တွေကချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်။ ဒီဖြစ်စဉ်မျိုးက အမြဲတန်းဖြစ်လာရာက ကြာတော့ အူမကြီးတွေ အလုံးတုတ်တုတ်လာပြီး ဗိုက်ကြီးက ပူထွက်လာတော့ တာပေါ့။ ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင် သံကောင်တွေ အများကြီးရှိတဲ့ ကလေးတွေ ဗိုက်ပူနေတဲ့ ပုံစံမျိုးပါပဲ။

အမေရိကန်နိုင်ငံက ဗိုက်အလွန်ပူတဲ့ လူတစ်ယောက်သေသွားလို့ သူ့အလောင်းကို ခွဲစိတ်ကြည့်ကြပါတယ်။ဗိုက်ကို ခွဲလိုက်ရာမှာ သူ့ရဲ့အူမကြီးတွေဟာ အလွန်ကိုကြီးမား တုတ်ခိုင်နေတာကို တွေ့ကြပါတယ် အဲဒီအူမကြီးကို ခွဲလိုက်ရာမှာတော့ ကြောက်စရာကောင်းလောက်အောင် နံစော်နေတဲ့ မစင်ချိုးတွေ ကပ်နေတာကို တွေ့ရတယ်လို့ဆိုပါတယ်။အနှစ်နှစ်အလလက စုအောင်းလာတဲ့ မစင်ချိုးတွေကြောင့် အူမကြီးတွေ တုတ်ခိုင်ကြီးမားပြီး ဗိုက်ပူထွက်လာခြင်းဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အူအရှည်ဟာ ၂၆ ပေကနေ ပေ ၃ဝ လောက်အထိ ရှည်ပါတယ်။ အဲ့လောက်ရှည်တဲ့ အူတွေတုတ်ခိုင်ကြီးမားနေတော့ ဝမ်းဗိုက်ကလည်း ပူထွက်လာတော့တာပေါ့။

အူမကြီးတွေမှာမစင်ချိုးတွေ များနေခြင်းဟာ လူကိုရောဂါများစေပြီး အသက်လည်း တိုတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ အဲဒီမစင်ချိုးတွေကနေ ထြက္လာတဲ့ အဆိပ်အတောက်တွေဟာ အူနံရံတွေကနေ ဝင်ပြီးတစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိပြီး ရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ မစင်ချိုးတွေကို ဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။ မစင်ချိုးတွေကို ဘယ္လို ရှင်းလင်း ဖယ်ရှားပစ်ရမလဲ။

နိုင်ငံခြားမှာတော့ဝမ်းချူတဲ့ စက်တွေနဲ့ စအိုကေန ဆေးရည်သွင်းပြီး ဖယ်ရှားကြပါတယ်။ ၇ကြိမ်လောက် ဝမ်းချူလိုက်ပြီးနောက်မှာ မစင်ချိုးတွေ ရှင်းသွားပြီး ဗိုက်လည်းချပ် နေလို့ထိုင်လို့လည်း ကောင်းသွားကြတယ်လို့ ဆိုပါတယ်။ကျနော်တို့ တိုင်းပြည်မှာတော့ အဲ့ဒီ့လောက် ခေတ်မမှီသေးဘူး ဒါကြောင့်မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲလုပ်ကြတာပေါ့။

မြန်မာတွေ အလွန်နှစ်သက်တဲ့ ဟင်းအမယ်တွေရှိပါတယ်။ အဲဒီ့ထဲမွာ ထမင်းကို အလွန်မြိန်စေတတ်တဲ့ ကင်ပွန်းချည်ကို မကြိုက်သူ မရှိသလောက်ပါပဲ။
ကြော်ချက်အဖြစ်၄င်း ဟင်းချိုအဖြစ်၄င်းချက်စားကြပါတယ်။ကင်ပွန်းသီးကိုလည်းတရော်နဲ့ တွဲပြီးခေါင်းလျှော်ကြပါတယ်။

ကင်ပွန်းပင်ဟာ ဆပ်ပြာကဲ့သို့ဆေးကြောပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ်အရသာရှိအောင် ခပ်ပျစ်ပျစ်ချက်ပြီး
နေ့လယ် ထမင်းစားချိန်မှာ ထမင်းနဲ့အတူစားရပါးရစားပါသောက်ပါ။
တစ်ပန်းကန်လုံး ကုန်အောင်သောက်ပစ်လိုက်ပေါ့။

အဲဒီကင်ပွန်းချဉ်က အူမကြီးထဲရောက်ရင်မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။
ရှေ့ကဆပ်ပြာနဲ့ နှူးထားပြီးရင် နောက်က တံမြက်စည်းနဲ့လှဲပြီး သန့်ရှင်းရေး လုပ်ပေးရပါတယ်။ ဒါကြောင့်ညနေဘက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့ ဂေါရခါးညွန့်လို အရွက်အညွန့်တွေ ဗိုက်ဝတဲ့ အထိ ကြော်စားပေးပါ။ ညအိပ်ယာမဝင်ခင် ပန်းသီးတစ်လုံးစားပြီး အိပ်လိုက်ပါ။

အူတွေ လှိုင်းထအောင်ညနေဘက်မှာ လမ်းလျှောက်ထွက်ပေးပြီးရေများများသောက်ဖို့လည်း လိုပါတယ်။
အဲနောက်နေ့ မနက် မှာတော့တကွီကွီတစီစီနဲ့ E ပါပြီး အူမကြီးထဲကမစင်ချိုးတွေ အကျိအချွဲတွေအရိအရွဲတွေထွက်ကျလာလိမ့်မယ်။
ဝမ်းခိုင်တဲ့ သူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။
တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးရင်
၁ နှစ်လောက်အကြာမှာသိသိသာသာ ဗိုက်ချပ်ပါတယ်။နေလို့လည်း ကောင်းသွားလိမ့်မယ်။

အသက်ကြီးလာလို့ ဗိုက်ပူလာပြီး
အစားလျှော့ပေမဲ့ ဗိုက် မချပ်သူများ ဒီနည်းကို စမ်းကြည့်နိုင်ပါတယ်။ ဗိုက်လေးချပ်မှလည်း ကြည့်ကောင်းတာ မဟုတ်လား …။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...