သုက်ကို ပွားစေသော ဓာတ်စာများ …

သုက်ကို ပွားစေသော ဓာတ်စာများ …

Health Knowledge
သုက်ကို ပွားစေသော ဓာတ်စာများ ……

(၁) ကန်စွန်းရွက်၊
(၂) ကြက်သွန်ဖြူ၊
(၃) ခိုသား၊
(၄)ငါးကျည်း(ငါးကျီး)၊
(၅) နံ့သာပုဌက်ပျောသီး(မှည့်မှည့်)၊
(၆) စာကလေး၊
(၇) ပိန္နဲသီးအမှည့်၊
(၈) ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး၊
(၉) ပဒတ်သား၊
(၁ဝ) ဗူးသီး၊
(၁၁) ဖရဲသီး၊
(၁၂) ရစ်ငှက်သား၊
(၁၃) ဝမ်းဘဲသား၊
(၁၄) သမင်သား၊
(၁၅) ထောပတ်သီး၊
(၁၆) ကြက်သွန်နီ၊
(၁၇) ကြာစေ့၊
(၁၈) ရုံးပတီသီး၊
(၁၉) အုန်းသီး၊
(၂ဝ) ထန်းမြစ်(ထန်းပင်မြစ်)၊
(၂၁) လက်ပံပွင့် စသည်တို့ ဖြစ်ပါတယ်။

ပန်းသေး၊ ပန်းညှိုးခြင်းအတွက် ဆေးမြီးတိုများ ……

(၁) ဒန့်သလွန်မြစ်နဲ့ ပရံနဝါတို့ကို အမှုန့်ပြု၍ အုန်းနို့၊ ပျားရည်တို့ ဖြင့်ရောချက်ပြီး နံနက်-ည တစ်ဇွန်းစီသောက်ပါ။ (ကာမခွန်အား တိုးပွား စေပါတယ်)။

(၂) သုက်အားနည်းသူများ ခွေးလှေးယားစေ့၊ ဆူးလေစေ့၊ သကြားတို့ကို ဆတူရော အမှုန့်ဖြစ်အောင် ထောင်းပြီး နေ့စဉ် ၆-ပဲ သားခန့်စားပြီး နောက် နွားနို့ပူပူသောက်ပါ။

(၃) ခွေးလှေးယားသီးနု(အစိမ်း)ကို အရိပ်ထဲမှာ ခြောက်အောင် လှန်းပြီး နွားနို့ ၂၅-ကျပ်သားနဲ့ ရောကျို၍ နေ့စဉ် တစ်ဇွန်းကျ မှီဝဲသောက်သုံးပါ။ (သုက်ရည်ယိုခြင်းနဲ့ ကာမကြော အားပြော့သူများကို ကောင်းကျိုးပြုပါတယ်)။

(၄) ညဉ့်အိပ်မက်၍ သုက်လွှတ်ရောဂါရှိသူများ၊ သုက်မြန်သူများ၊ သုက်ဓာတ်အားနည်းသူများအဖို့ ခွေးလှေးယားစေ့ တစ်ကျပ်သား၊ မိကျောင်းကွမ်းဖတ် တစ်ကျပ်သား၊ သကြား နှစ်ကျပ်သား ရောကာ အမှုန့်ပြု၍ နေ့စဉ် ခြောက်ပဲသားခန့်ကို နွားနို့ပူပူဖြင့် သောက်ပါ။

(၅) ခွေးလှေးယားပင်မြစ် နှစ်ပဲသားခန့်ကို ဖြတ်ယူ၍ ရေစင်စင် ဆေးပြီး ဖို-မ ဆက်ဆံနေစဉ် ထိုအပင်မြစ်ကို ပါးစပ်ထဲ ထည့်ငုံထားခြင်းဖြင့် သုက်လွှတ်ခြင်းကို ကြာကြာ ထိန်းထားနိုင်ပါတယ်။

(၆) ဂျုံမှုန့်ကို ခွေးလှေးယားစေ့နဲ့ ရောချက်၍ အေးအောင် ထားပြီးနောက် ထောပတ်ရောသောက်ပါ။ ပြီးရင် နွားနို့ပူပူ သောက်ပေးခြင်းဖြင့် ကာမ အားတိုးစေပါတယ်။

(၇) မြင်းခွာရွက် လေးကျပ်သား၊ ငရုပ်ကောင်း တစ်ကျပ်သားကို အမှုန့်ပြု၍ ပျားရည်ဖြင့် နံနက်/ည ခြောက်လတိတိ စားပေးခြင်းဖြင့် ခွန်အားဗလကြီး၍ လူပျိုအရွယ်ကဲ့သို့ စွမ်းဆောင်နိုင်ပါတယ်။ (သို့) မြင်းခွာရွက်ကို အရည်ညှစ်၍ ပျားရည်၊ သကြားတို့နှင့် သောက်ပေးခြင်းက ခွန်အားတိုးပွားစေပြီး အမောအပန်းခံနိုင်ပါတယ်။

(၈) ပန်းသေပန်းညှိုး ရောဂါရှိသူများ ငါးဖရိုးကို မီးကင်ပြီး ကြိတ်မှန်ရွက်ဖြင့် အသုပ်သုပ်စားပါ။

(၉) ကျွဲခေါင်းသီးကို မှုန့်ညက်နေအောင် ပြု ပြီး နွားနို့ဖြင့် စိမ်သောက်ပေးခြင်းဖြင့် သုက်ခမ်းရောဂါပျောက်ကင်းပြီး သုက်ဓာတ် ပွားလာစေပါတယ်။

(၁ဝ) ငရန့်ပတူပင် အမြစ်ကို ပြစ်ပြစ်သွေး၊ နှမ်းဆီနဲ့ ရောပြီး တကိုယ်လုံး လူးပေးခြင်းဖြင့် အားကုန်ခန်းခြင်းကို မဖြစ်စေတော့ပါဘူး။

(၁၁) ကာမသတ္တိလျာ့နည်းသူများ ကျည်းနီသီးအဆန်ကို ဘူးသီးအနှစ်ဖြင့် ရောကြိတ်ပြီး လိင်တံမှာ လိမ်းကျံပေးခြင်းဖြင့် ကြီးထွားတောင့်တင်းခိုင်မာလာစေပါတယ်။

(၁၂) ပန်းသေရောဂါအတွက် ကျည်းနီသီးအဆန်ကို ပေါက်ပန်းဖြူ သတ္တုရည်ဖြင့် တွဲဖက်သောက်ပါ။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...