ထိုင်းဟိုတယ်ခန်းထဲမှ နိုင်ငံခြားသား ၆ ယောက် thayဆုံးမှုမှာ ဆိုင်ယာနိုက်အဆိပ် တွေ့ရှိ

International News
ထိုင်းဟိုတယ်ခန်းထဲမှ နိုင်ငံခြားသား ၆ ယောက် thayဆုံးမှုမှာ ဆိုင်ယာနိုက်အဆိပ် တွေ့ရှိ

ဘန်ကောက်မြို့ရဲ့ နာမည်ကြီးဟိုတယ်အခန်းတစ်ခုထဲမှာ နိုင်ငံခြားသား ၆ ယောက် thayဆုံးနေတဲ့ ဖြစ်ရပ်က ထိုင်းနိုင်ငံကို တုန်လှုပ်သွားစေခဲ့ပြီး ထိုင်းခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်လို့ လျင်မြန်စွာ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့ နှောင်းပိုင်းက Grand Hyatt Erawan ဟိုတယ်မှာ ဗီယက်နမ်လူမျိုး ၆ ယောက် (၂ ဦးမှာ အမေရိကန်နိုင်ငံသားဖြစ်) သေဆုံးနေတာ တွေ့ရှိခဲ့ပြီး အဲဒီအခန်းထဲက လက်ဖက်ရည်အိုးနဲ့ ခွက်တွေထဲမှာ ဆိုင်ယာနိုက်အဆိပ်ကို တွေ့ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ လူသတ်တရားခံလည်း သေဆုံးသွားဖွယ်ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကို မေးမြန်းချက်အရ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ အကြွေးကိစ္စကြောင့် ပဋိပက္ခ ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

” လက်ဖက်ရည်ပန်းကန်တွေထဲမှာ ဆိုင်ယာနိုက်အဆိပ်တွေ့တယ်။ ပန်းကန် ၆ လုံးစလုံးမှာတွေ့ရတာပါ။ ဟိုတယ်ဝန်ထမ်းက ရေနွေးအိုးနဲ့ နို့၊ လက်ဖက်ရည်ကြမ်းအိုးတွေ လာချပေးပြီးချိန်မှာ တစ်ယောက်က အဆိပ်ခပ်လိုက်တာပါ”လို့ ထိုင်းရဲမှူး ထရီရွန်ဖီဝမ်က ပြောပါတယ်။

အမေရိကန်နိုင်ငံ စုံစမ်းစစ်ဆေးရေးဗျူရိုက ဒီကိစ္စကို စစ်ဆေးဖို့ ရဲတပ်ဖွဲ့ဝင်တွေ စေလွှတ်ထားပြီး ဘန်ကောက်မြို့မှာရှိတဲ့ ဗီယက်နမ်သံရုံးကလည်း ဒီကိစ္စအတွက် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဗီယက်နမ်အစိုးရက ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလနောက်ပိုင်း ကျရိပ်ပြနေတဲ့ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ ခရီးသွားလုပ်ငန်းကို အဓိကထား ရင်းနှီးမြှုပ်နှံထားတဲ့ ထိုင်းနိုင်ငံအတွက် ဒီဖြစ်ရပ်က ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကို ခရီးသွား ၂၈ သန်း လာရောက်ခဲ့ပြီး ဒီနှစ်မှာတော့ နိုင်ငံခြားသားခရီးသွား ၃၅ သန်းအထိ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...