ဗီယက်နမ်ခေါင်းဆောင် ငုယင်ဖူချောင်း အသက် ၈ဝ မှာ ကွယ်လွန်

International News
ဗီယက်နမ်ခေါင်းဆောင် ငုယင်ဖူချောင်း အသက် ၈ဝ မှာ ကွယ်လွန်

ဗီယက်နမ်ရဲ့ သက်တမ်းရှည် ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင် ဖူချောင်း အချိန် အတော်ကြာ ဝေဒနာ ခံစားရပြီးနောက် အသက် ၈ဝ မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးခေတ်တခု အဆုံးသတ်တာပါ။

သူ့ကျန်းမာရေးကို ဂရုစိုက်ဖို့ ရာထူးက ဆင်းပြီး တာဝန်ကို ဗီယက်နမ်သမ္မတ တိုလမ်းဆီကို လွှဲပြောင်းပေလိုက်ပြီလို့ ဗီယက်နမ်အစိုးရက ကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ မစ္စတာချောင်း အနိစ္စရောက်ခဲ့တာပါ။

၂၀၁၁ မှာ ပါတီ အထွေထွေအတွင်းရေးမှူး တာဝန်ကို သူစယူပြီး တခါတရံ သမ္မတတာဝန်ပါ ပူးတွဲယူခဲ့ပါတယ်။ အဲဒီနောက် မစ္စတာချောင်း ဆယ်စုနှစ်တွေအတွင်း ဗီယက်နမ်မှာ အာဏာအရှိဆုံး ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ဗီယက်နမ် စီးပွားရေးကို တဟုန်ထိုး တက်လာအောင် သူ ကြီးကြပ်ခဲ့တဲ့အပြင် ခြစားမှု တိုက်ဖျက်ရေး စီမံချက်ကိုလည်း ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့ပါတယ်။

ဗီယက်နမ် ကွန်မြူနစ် ခေါင်းဆောင်ပိုင်း နိုင်ငံရေး မတည်မငြိမ် ဖြစ်နေချိန်မှာ မစ္စတာ ချောင်း ကွယ်လွန်ခဲ့ပါတယ်။ ဒီလပိုင်းအတွင်း ထိပ်တန်း ခေါင်းဆောင်သုံးယောက် အမှားအယွင်း လုပ်ခဲ့တယ် ဆိုတဲ့ တိတိကျကျ မဖော်ပြတဲ့ စွပ်စွဲမှုတွေနဲ့ ရာထူးက နုတ်ထွက်ခဲ့ကြပါတယ်။

ငုယင် ဖူချောင်း အသက်ကြီးပြီး ပြင်းပြင်းထန်ထန် နာမကျန်းလို့ ကွယ်လွန်တာလို့ ဗီယက်နမ် အစိုးရ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဗီယက်နမ်သမ္မတ တိုလမ်း မစ္စတာ ချောင်းရဲ့ တာဝန်ကို လွှဲပြောင်းယူ

vietnam

သူ ရာထူးက ဆင်းတဲ့နေ့မှာပဲ အစိုးရက မစ္စတာချောင်းကို ဗီယက်နမ်မှာ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ ရွှေကြယ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူ့မိန့်ခွန်းတွေ စုပေါင်းထုတ်တဲ့ စာအုပ်မိတ်ဆက်ပွဲအပါအဝင် အခမ်းအနား တော်တော်များများ မတက်နိုင်တော့တာကို တွေ့ရပါတယ်။

ဒီနှစ်ပိုင်းအတွင်း သူ လူမြင်ကွင်းကနေ အချိန်တော်တော်ကြာ ပျောက်နေခဲ့ပါတယ်။ ၂၀၁၉ မှာ သူလေဖြတ်သွားတယ်လို့ သတင်းထွက်ပါတယ်။

ဒီလိုပျောက်နေတဲ့အကြောင်းကိုတော့ ဗီယက်နမ်အစိုးရက ဘာမှ မထုတ်ပြန်ပါဘူး။ မစ္စတာချောင်းကတော့ သူ အသက်ကြီး ကျန်းမာရေးပြဿနာတွေ ရှိတယ်လို့ ကြုံတဲ့အခါ ပြောတတ်ပါတယ်။ ဒီလို ပါတီနဲ့ အစိုးရ ခေါင်းဆောင်ပိုင်းရဲ့ ကျန်းမာရေးအကြောင်းကို ထိမ်ချန်ထားတာဟာ ဗီယက်နမ်ကို တည်ငြိမ်တဲ့ တပါတီစနစ်အောက်မှာ ရှိနေကြောင်း ပုံဖော်တာလို့ လေ့လာသူတွေက ပြောပါတယ်။

၂၀၁၈ တုန်းက ဗီယက်နမ်မှာ ထိပ်တန်းခေါင်းဆောင်တွေရဲ့ ကျန်းမာရေးကို နိုင်ငံတော်လုံခြုံရေးအဖြစ် သတ်မှတ်တဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အစတည်းက ထိန်းချုပ်ထားပြီးဖြစ်တဲ့ ဒေသတွင်းမီဒီယာတွေအတွက် ပိုပြီး သတိထားစရာ ဖြစ်လာပါတယ်။ သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ ပြောနေကြတာကတော့ ကြာပါပြီ။

မစ္စတာချောင်းက လေးနက်ပြီး မပြီးပြတ်တဲ့ အမွေအနှစ်ကို ထားခဲ့ကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ၂၀၁၁ မှာ သူ အာဏာရပြီးနောက် ပါတီ အထွေထွေ အတွင်းရေးမှူးတာဝန်ကို ရှားရှားပါးပါး သက်တမ်းသုံးဆက်ထိ ထမ်းဆောင်ခဲ့ပါတယ်။ ဒီအချိန်အတွင်း သမ္မတတာဝန်ကိုလည်း ၂၀၁၈ ကနေ ၂၀၂၁ အတွင်း ထမ်းဆောင်ပါတယ်။

ဗီယက်နမ် စီးပွားရေးကို ဖွင့်ပေးဖို့ လိုကြောင်း သူမြင်ခဲ့ပါတယ်။သူ့လက်ထက်မှာ နိုင်ငံရဲ့ တဦးချင်းစုစုပေါင်း ထုတ်ကုန်တန်ဖိုးက နှစ်ဆကျော် တက်လာပြီး ဗီယက်နမ်နဲ့ အနောက်နိုင်ငံတွေ၊ အာရှနိုင်ငံတွေကြား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်တွေ ထိုးခဲ့ပါတယ်။

မစ္စတာချောင်းကို သူ့ရှေ့ကလူတွေထက် ပြင်ပကမ္ဘာနဲ့ ပိုထိစပ်တယ်လို့ ယူဆကြပါတယ်။ အမေရိကန် ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးတွေ တည်ဆောက်သလို မစ္စတာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့နဲ့လည်း သူနီးစပ်ပါတယ်။

ဗီယက်နမ်နဲ့ တရုတ်ကြား ဆက်ဆံရေး နီးစပ်လာခဲ့

vietnam

တချိန်တည်းမှာပဲ သူ့ရဲ့ ဆိုရှယ်လစ် အတွေးအခေါ်တွေကိုလည်း တင်းတင်းမာမာ ကိုင်စွဲခဲ့ပါတယ်။ မစ္စတာချောင်းက ကွန်မြူနစ်ဝါဒကို တကယ်ယုံသူဖြစ်တယ်၊ ဒါကြောင့် ဗီယက်နမ်နဲ့ တရုတ်ကြား ဆက်ဆံရေးက တအားနီးကပ်လာတာ ထင်တယ်လို့ ဝါရှင်တန်ဒီစီ အမျိုးသား စစ်ကောလိပ်က အရှေ့တောင်အာရှ ကျွမ်းကျင်သူ ပါမောက္ခ ဇက်ခရီ အမ် အဘူဇာက ပြောပါတယ်။

ပါတီက သန့်ရှင်းပြီး လျော်ကန်ရင် နောက် နှစ်တထောင်ထိ ရပ်တည်လို့ရကြောင်း သူ ယုံကြည်တယ်လို့လည်း စင်္ကာပူ အရှေ့တောင်အာရှ လေ့လာရေး သိပ္ပံက ဧည့်သုတေသီနဲ့ ဘီဘီစီ ဗီယက်နမ် ဌာန အယ်ဒီတာဟောင်း ဇန်ငုယင်က ပြောပါတယ်။

မစ္စတာချောင်းဟာ ဗီယက်နမ် တိုးတက်ဖွံ့ဖြိုးမှုနဲ့အတူ တွဲစပ်ပါလာတဲ့ ခြစားမှုကို တိုက်ဖျက်ရေးအတွက်လည်း ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။ အစိုးရအရာရှိ နှစ်သိန်းနီးပါးလောက်ကို ရာဇဝတ်မှုနဲ့ စွဲဆိုပြီး အရေးယူခဲ့တာပါ။

vietnam

တဘက်မှာလည်း နိုင်ငံတကာ ခြစားမှု အဆင့်မှာ ဗီယက်နမ်ရဲ့ အဆင့်ကလည်း မကောင်းလှပါဘူး။ ဒီလပိုင်းအတွင်း ဗီယက်နမ်မှာဒေါ်လာ ၄၄ ဘီလျံဖိုး ခြစားမှု အရှုပ်တော်ပုံကြီးတခုကြောင့် ရိုက်ခတ်မှုက ကြီးခဲ့ပါတယ်။

ခြစားမှုတိုက်ဖျက်ရေးကြောင့် လူထုဝန်ဆောင်မှုကဏ္ဍမှာ ဝန်ထမ်း မလုံလောက်မှုတွေ ဖြစ်ကုန်ပါတယ်။ကွန်မြူနစ်ပါတီထဲမှာလည်း မတည်ငြိမ်မှုတွေ ဖြစ်ပြီး ထိပ်ပိုင်းခေါင်းဆောင်တွေ ခြစားမှုနဲ့ ပါတီတွင်း တိုက်ပွဲတွေကြောင့် ဖယ်ရှားခံခဲ့ရပါတယ်။ ဒါကြောင့် ပါတီ ပေါ်လစ်ဗျူရို ခေါင်းဆောင်ပိုင်းမှာ ဆက်ခံမယ့်သူ နည်းနည်းပဲ ကျန်ခဲ့ပါတယ်။ သူ့နေရာကို ဆက်ခံဖို့ အရည်အချင်းနဲ့ ပြည့်စုံသူကလည်း လောလောဆယ်မှာ နှစ်ယောက်ပဲ ရှိပြီး သမ္မတ တိုလမ်းနဲ့ ဝန်ကြီးချုပ် ဖန်မင်းချင်တို့ ဖြစ်ပါတယ်။

သူ့ရာထူးသက်တမ်းအတွင်း လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ဆက်ပြီး တင်းကျပ် ထိန်းချုပ်ခဲ့ပါတယ်။ အစိုးရဆန့်ကျင်သူ၊ လှုပ်ရှားတက်ကြွသူနဲ့ ဘလော့ဂါ အများအပြားကို ထောင်ချခဲ့ပြီး စာနယ်ဇင်းနဲ့ အင်တာနက်ကို ထိန်းချုပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပါတယ်။

မစ္စတာချောင်း thayဆုံးမှုနဲ့ သူ့ကို ဘယ်သူ ဆက်ခံမလဲဆိုတဲ့ မေးခွန်းတွေက ဗီယက်နမ်ကို မရေမရာ အနေအထားတခုကို ရောက်စေပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...