ကမ္ဘာလုံးဆိုင်ရာ နည်းပညာချို့ယွင်းမှုကြောင့် လေကြောင်းလိုင်း၊ ဘဏ်စနစ်နဲ့ ရထားလိုင်းများ ရပ်တန့်သွား

International News Tech
ကမ္ဘာလုံးဆိုင်ရာ နည်းပညာချို့ယွင်းမှုကြောင့် လေကြောင်းလိုင်း၊ ဘဏ်စနစ်နဲ့ ရထားလိုင်းများ ရပ်တန့်သွား

ကမ္ဘာလုံးဆိုင်ရာ နည်းပညာချို့ယွင်းပြတ်တောက်မှုကြောင့် လေကြောင်းလိုင်း၊ ဘဏ်လုပ်ငန်းနဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးများ လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားကာ သက်ရောက်မှုကြီးမားခဲ့တယ်လို့ သိရပါတယ်။ ယင်းနည်းပညာချို့ယွင်းပြတ်တောက်မှုကို ကြုံတွေ့ရတဲ့နိုင်ငံများထဲတွင် အမေရိကန်အပါအဝင် အိန္ဒိယ၊ စင်ကာပူ၊ ဩစတြေးလျနဲ့ ဥရောပနိုင်ငံတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

Microsoft Windows နဲ့ချိတ်ဆက်ထားတဲ့ ကွန်ပျူတာအများအပြားဟာ အပြာရောင် Screens ပေါ်လာပြီး Microsoft outage ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ နည်းပညာချို့ယွင်းမှုကြောင့် ဆက်သွယ်ရေးကုမ္ပဏီများ၊ ရုပ်သံနဲ့ ရေဒီယိုထုတ်လွှင့်မှုများ၊ ဈေးဝယ်စင်တာများ၊ ရထားလိုင်းများ၊ လေကြောင်းလိုင်းနဲ့ ဘဏ်လုပ်ငန်းများပါ ရပ်တန့်သွားခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပညာချို့ယွင်းပြတ်တောက်မှုကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်းက လေယာဉ်ကွင်းတွေမှာ လေယာဉ်အစီးရေများစွာဟာ တစ်နာရီကျော်ကြာ ရပ်တန့်ထားရပြီး လေကြောင်းခရီးစဉ် ၂၀၀ ကျော် နှောင့်နှေးမှု ဖြစ်ပွားခဲ့ရပါတယ်။

ယခုနည်းပညာ ပြတ်တောက်မှုနဲ့ပတ်သက်ပြီး ချို့ယွင်းမှုပြဿနာကို ပြန်လည်ရှာဖွေလုပ်ဆောင်နေတယ်လို့ Microsoft 365 က လူမှုကွန်ရက် X (Twitter) မှာ ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့အပိုင်းကဏ္ဍတွေကိုလည်း ပြန်လည်ပြင်ဆင်နိုင်ခဲ့တယ်လို့လည်း Microsoft ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။

ရေးသားသူ –Crd-Burma VJ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...