ကုန်း၊ ရေနှစ်ထွေသွား ကနူးလှေစက်ဘီး ကိုယ်တိုင်တည်ဆောက်ပြီး စကော့တလန်နိုင်ငံကို ဖြတ်သန်းခရီးနှင်မယ့် ဗြိတိန်နိုင်ငံသား

ကုန်း၊ ရေနှစ်ထွေသွား ကနူးလှေစက်ဘီး ကိုယ်တိုင်တည်ဆောက်ပြီး စကော့တလန်နိုင်ငံကို ဖြတ်သန်းခရီးနှင်မယ့် ဗြိတိန်နိုင်ငံသား

International News
ကုန်း၊ ရေနှစ်ထွေသွား ကနူးလှေစက်ဘီး ကိုယ်တိုင်တည်ဆောက်ပြီး စကော့တလန်နိုင်ငံကို ဖြတ်သန်းခရီးနှင်မယ့် ဗြိတိန်နိုင်ငံသား

ဗြိတိန်နိုင်ငံသားတစ်ဦးဟာ ကုန်း၊ ရေ နှစ်ထွေသွားနိုင်တဲ့ ကနူးလှေစက်ဘီးကို ကိုယ်တိုင် တည်ဆောက်ပြီး စကော့တလန်နိုင်ငံကို ဖြတ်သန်းကာ ခရီးနှင်ဖို့ စီစဉ်လျက်ရှိပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိတဲ့ ဘန်ကီလ်နာဟာ Pedal Paddle ( ခြေနင်းလှော်တက်) လို့ အမည်ပေးထားတဲ့ ကနူးလှေစက်ဘီးကို တီထွင်ပြီး မိုင် ၁၅၀ ကျော် ရှည်လျားတဲ့ ကုန်း၊ ရေ ခရီးကို ဖြတ်သန်းသွားလာမှာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးငယ်တွေအတွက် ခြေတု၊ လက်တုတွေ ပံ့ပိုးပေးနေတဲ့ A Leg To Stand On ပရဟိတအဖွဲ့အစည်းအတွက် ရန်ပုံငွေ ပေါင် ၂၅၀၀ ပေးအပ်နိုင်ရေးကို ရည်ရွယ်ပြီး ဘန်ကီလ်နာက ဒီခရီးကို စီစဉ်ခဲ့တာပါ။

သူကိုယ်တိုင် တည်ဆောက်ထားတဲ့ ကနူးလှေကို အသုံးပြုပြီး သိမ်းမြစ်ကို စုန်ဆင်းခဲ့ဖူးတဲ့ ဘန်ကီလ်နာဟာ အဲဒီခရီးစဉ်အပြီး ရက်အတော်ကြာအောင် လမ်းမလျှောက်နိုင်ခဲ့ပါဘူး။ ဒီနောက်မှာတော့ ဘန်ကီလ်နာက ပရဟိတအဖွဲ့အစည်းအတွက် ရန်ပုံငွေခရီးစဉ် စီစဉ်ဖို့ အကြံရခဲ့တာ ဖြစ်ပါတယ်။

စကော့တလန်ကုန်းမြင့်ဒေသ အနောက်ပိုင်းမှာရှိတဲ့ ဖို့တ်ဝီလျံမြို့ကနေ ခရီးစဉ် စတင်မှာဖြစ်ပြီး ကယ်လီဒိုးနီးယားတူးမြောင်းတစ်လျှောက် လှော်ခတ်ကာ အီဗာနက်စ်မြို့ဆီ သွားမှာပါ။ အဲဒီနောက် Great Glen Way လမ်းတစ်လျှောက် ကုန်းလမ်းခရီးနှင်မှာ ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...