ဂတ်စ်ဝင်ဖြည့်ရင်း ထီပေါက်လို့ သန်းကြွယ်သူဌေးဖြစ်သွားသူ

ဂတ်စ်ဝင်ဖြည့်ရင်း ထီပေါက်လို့ သန်းကြွယ်သူဌေးဖြစ်သွားသူ

International News
ဂတ်စ်ဝင်ဖြည့်ရင်း ထီပေါက်လို့ သန်းကြွယ်သူဌေးဖြစ်သွားသူ

အမေရိကန်နိုင်ငံ မစ်ချီဂန်ပြည်နယ်မှ အမျိုးသားတစ်ဦးဟာ သူ့ကားကို ဂတ်စ်ဝင်ဖြည့်ရင်း စတိုးဆိုင်ကနေ ခဲခြစ်ထီလက်မှတ် ကံစမ်းခဲ့ရာမှာ ဒေါ်လာ ၄ သန်းဆုကြီး ဆွတ်ခူးသွားခဲ့တာကြောင့် နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်သွားခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသားဟာ ဆုကြေးဒေါ်လာ ၄ သန်းပေးတဲ့ ခဲခြစ်ထီလက်မှတ် ၂ စောင် ဝယ်ရင်း ပထမတစ်စောင်ရဲ့ ဘားကုဒ်ကို ခဲခြစ်ပြီး Scan ဖတ်ကြည့်ချိန်မှာ ဆုကြေး ထုတ်ရန် လျှောက်ထားပါဆိုတဲ့ စာသားကို တွေ့လို့ Scanner ပျက်နေတယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ နောက်တစ်စောင်ကို Scan ဖတ်ကြည့်ချိန်မှာတော့ ပုံမှန်အတိုင်း ပေါ်လို့ သူလည်း ဇဝေဇဝါ ဖြစ်သွားခဲ့ပါတယ်။

အဲဒီနောက် ကားဂတ်စ်ဖြည့်နေတာကို သွားကြည့်ရင်း ထီလက်မှတ်ကို ခဲခြစ်ကြည့်ချိန်မှာ မြင်လိုက်ရတဲ့ ဆုကြေးပမာဏကြောင့် အလွန်အမင်း အံ့အားသင့် ပျော်ရွှင်သွားပြီး ကားထဲဝင်ကာ အော်ဟစ်အောင်ပွဲခံခဲ့တယ်လို့ သူက ဆိုပါတယ်။ သူက ထီဆုကြေးငွေနဲ့ မြေဝယ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ စီစဉ်နေပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...