ဆယ်ကျော်သက်လို့ ထင်ရတဲ့ ၃၅ နှစ်သား

International News
ဆယ်ကျော်သက်လို့ ထင်ရတဲ့ ၃၅ နှစ်သား

မထင်ထားလောက်အောင် နုပျိုတဲ့ရုပ်ရည်ကြောင့် အွန်လိုင်းပေါ်မှာ ကျော်ကြားလာသူကတော့ အမေရိကန်နိုင်ငံသား ဘရန်ဒန်မိုင်လေမေပါပဲ။ မစ်ချီဂန်ပြည်နယ်မှာ နေထိုင်တဲ့ မိုင်လေမေဟာ အသက် ၃၅ နှစ်အရွယ် ရှိနေပေမဲ့ သူ့ကို စတွေ့ဖူးသူတွေကတော့ အသက် ၁၈၊ ၁၉ နှစ်လောက်ပဲ ရှိမယ်လို့ ထင်ကြမှာပါ။

အရွယ်နဲ့ မလိုက်တဲ့ ရုပ်ရည်ဟာ ဟော်မုန်းမညီမျှမှုနဲ့ သက်ဆိုင်လေ့ရှိပါတယ်။ TikTok ဗီဒီယိုတွေနဲ့ ကျော်ကြားလာတဲ့ မိုင်လေမေကတော့ အခုလို အရွယ်နဲ့မလိုက်အောင် နုပျိုနေတာဟာ နေပူထဲ လုံးဝမထွက်တာ၊ အရက်၊ ဆေးလိပ် မသောက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေပဲ စားတာ၊ တစ်နေ့ကို အနည်းဆုံး ၈ နာရီအိပ်စက်တာတွကြောင့် ဖြစ်မယ်လို့ ဆိုပါတယ်။

သူဟာ အသက် ၁၅ နှစ်အရွယ်ကစပြီး နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်ခဲ့ပြီး စားသောက်မှုပုံစံကိုလည်း ပြောင်းလဲခဲ့ပါတယ်။ အသီးအရွက်နဲ့ လက်ဖက်စိမ်း ပါဝင်တဲ့ စားစရာတွေ ပိုစားခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစပြီး သကြား၊ ဆန်နဲ့ ကာဘိုဟိုက်ဒရိတ် စားသုံးမှုကို ဖယ်ရှားခဲ့တာလို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...