ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးပွဲမှာ thayဆုံးခဲ့သူဟာ မိသားစုကို ကာကွယ်ရင်း ကျည်ဆန်ထိမှန်ခဲ့ခြင်း ဖြစ်

International News
ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးပွဲမှာ thayဆုံးခဲ့သူဟာ မိသားစုကို ကာကွယ်ရင်း ကျည်ဆန်ထိမှန်ခဲ့ခြင်း ဖြစ်

ဒေါ်နယ်ထရမ့်ရဲ့ ညာဘက်နားရွက် ထိမှန်ခဲ့တဲ့ thayနတ်ပစ်ခတ်မှုမှာ အသက်ဆုံးရှုံးခဲ့သူဟာ မိသားစုကို ကာကွယ်ပေးရင်း ကျည်ဆန်ထိမှန်ခဲ့တာဖြစ်တယ်လို့ ပင်ဆယ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့စ်ရှာပီရိုက ပြောပါတယ်။ အသက် ၅၀ အရွယ် မီးသတ်တပ်ဖွဲ့ဝင် ကိုရေးဟာ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး စုဝေးပွဲကို အားပေးနေရင်း သေနတ်သံတွေ ထွက်ပေါ်လာချိန်မှာ မိသားစုကို လူသားဒိုင်းအဖြစ် ကာကွယ်ပေးရင်း ကျည်ဆန်ထိမှန် သေဆုံးခဲ့တာပါ။

” ဒေါ်နယ့်ထရမ့်ရဲ့ ပင်ဆယ်ဗေးနီးယား မဲဆွယ်စည်းရုံးပွဲက ကျွန်မအစ်ကိုရဲ့ အသက်ကို နုတ်ယူသွားခဲ့တယ်။ လူတစ်ယောက်ကို မုန်းတဲ့အမုန်းကြောင့် ကျွန်မတို့ရဲ့ အချစ်ရဆုံးသူ အသက်ဆုံးရှုံးခဲ့ရတယ်”လို့ ကွယ်လွန်သူရဲ့ ညီမက ဆိုပါတယ်။

ကိုရေးဟာ ဘက်ဖလိုမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ရဲ့ အကြီးအကဲဟောင်းတစ်ဦး ဖြစ်တယ်လို့ ပစ်တ်ဘတ်ပို့စ်သတင်းစာက ဖော်ပြပါတယ်။ ကိုရေးဟာ အိမ်ထောင်ရှိပြီး သားသမီးနှစ်ဦး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...